Sunday, September 30, 2012

Program ဆိုတာဘာလဲ

       Program ဆိုတာအမိန့်တွေကို စုဝေးတာပါ။ Set of Instruction ပေါ့။ ရုတ်တရက်နားမလည်ရင်တော့ ဆက်လေ့လာကြည့်ပါ။
                           ဥပမာ ပြောပြမယ်။ အိမ်မှာဝိုင်းကူချက်ဖို့ အိမ်ဖော်တစ်ယောက်ကို ငှားလိုက်မယ်။ မနက်လင်းတော့ သူကကိုယ်ထက် အရင်နိုးပေမယ့် ဘာမှမလုပ်ထားဘဲထိုင်နေမယ်။ ကဲ ဒီလိုမဖြစ်ရအောင် မနက်မင်းအရင်ထ မီးမွှေး၊ ရေနွေးအိုးတည်ထားလိုက်လို့ပြောထားမယ်။ ကဲ ဟုတ်ပြီ မနက်လင်းတော့ မီးမွှေး၊ ရေနွေးအိုးတည်ပြီး တော့ သူဘာမှဆက်မလုပ်တော့ဘူး။ မီးတွေအားနေမယ်။ ကိုယ်ကလည်း မနိုးသေးဘူး။ ဒီလိုဆိုလည်း မဖြစ်ပြန်ဘူး။ ကဲဒီတော့ ဒီနေ့ကတည်းက ဘာလုပ်ရမယ်။ ဘာပြီးရင်ဘာလုပ်ပါ။ ဒါကို စာရွက်ထဲမှာရေးမယ်။ ပြီးတော့ မနက်ကျရင်  သူမြင်အောင် မြင်သာတဲ့နေရာမှာ ကပ်ထားပြီးမှအိပ်မယ်။ ဒါဆို မနက်ကျရင် စာရွက်ထဲကအတိုင်း သူလုပ်သွားလိမ့်မယ်။ ကိုယ့်ကို စောင့်စရာမလိုတော့ဘူး။ ဒီစာရွက်ထဲမှာ ဘာတွေပါသလဲဆိုတော့ ပထမဦးဆုံး မီးမွှေး။ ရေနွေးအိုးတည်ပါ။ ရေနွေးတည်ထားချိန်မှာ ထမင်းအိုးတည်ဖို့ ဆန်ဆေးထားပါ။ ရေနွေးအိုးဆူရင် ဓါတ်ဘူးထဲထည့်ပါ။ ပြီးရင် ထမင်းအိုးတည်ပါ။ ထမင်းအိုးတည်နေတုန်း ကောဖီဖျော်ပါ။ ပေါင်မုန့်ကို ယိုသုတ်ထားပါ။ ပြီးရင် အ၀တ်တွေလျှော်ဖို့ ရေစိမ်ထားပါ။
                                 တွေ့လား။ ဒီစာရွက်မှာ အမိန့်တွေပါတယ်။ ဒီအမိန့်တွေကလည်း ကစဥ့်ကလျားဖြစ်နေလို့မရဘူး။ သေချာစီစဉ်တကျဖြစ်ဖို့လိုတယ်။ ဒါဟာ အမိန့်တွေကို စုစည်းထားတဲ့ A Set of Instruction ဆိုတဲ့ Program ပါပဲ။ ပြန်လည်မျှဝေလိုက်ပါတယ်။

No comments:

Post a Comment