Sunday, September 16, 2012

ဝှက်ထားတဲ့အချစ်

နှလုံးသားက ပတ္တမြားမဟုတ်တော့
အရောင်လက်မနေဘူး
ဒါပေမဲ့…
စိန်လိုတော့အသည်းမာတယ်…။
မိုးတိမ်တွေလို လွယ်လွယ်နဲ့ မျက်ရည်မကျတတ်ဘူး
နွေရာသီမှာ…တောအုပ်တွေလို
လွယ်လွယ်နဲ့ ပူဆွေးသောကမရောက်တတ်ဘူး

အားနေယားနေ…တုန်နေချမ်းနေကွေးနေ
မြူတွေဆိုင်းနေတတ်တဲ့…ဆောင်းရာသီလို
ငါနုံနေအနေမြုံနေတာမဟုတ်ပါဘူး
ငါရင်ခုန်နေတာပါ…။
လူတကာမေးတယ်…
လူတကာငေးတယ်…
ဂုဏ်ပကာ…ရူပါရွေးတဲ့နင့်ကို
တစ်ခုပဲပြောချင်တယ်
“မျက်လုံးမှိတ်ပြီး ချစ်ကြည့်စမ်းပါ”
ထိပ်ထားရယ်။

No comments:

Post a Comment