Wednesday, September 26, 2012

ကြယ်ငါးပွင့်အဆင့် အင်္ဂလန်တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေး ပေးမည်

ကြယ်ငါးပွင့်အဆင့်ရှိ အင်္ဂလန်တက္ကသိုလ် University of Chester မှ မြန်မာကျောင်းသားများအတွက် ပညာသင်ထောက် ပံ့ကြေးပမာဏမြင့်မားစွာပေးအပ်မှုကို ပထမဦးဆုံးအကြိမ် ပြုလုပ်သွားမည်ဟု သိရသည်။
စီမံခန့်ခွဲမှုဆိုင်ရာ MBA ဘွဲ့အပါအဝင် ဘွဲ့ကြိုနှင့် နိုင်ငံတကာ ဖောင်ဒေးရှင်း အစီအစဉ်များအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှု IELTS 6.0  ရှိထားရမည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားသူများက တက္ကသိုလ်နှင့်သဘောတူထားသော ပညာရေးအတိုင်ပင်ခံများမှ တစ်ဆင့်ဖြင့်သာ ဆောင်ရွက်မှုကို လက်ခံပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အသိ အမှတ် ပြုထားသူ ပညာရေးအတိုင်ပင်ခံများ ရှိကြောင်း ၄င်းတက္ကသိုလ်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ပညာသင်ထောက်ပံ့ကြေး ဆိုင်ရာ အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ စိတ်ဝင်စားသူများအနေနှင့် အမှတ်(၂၇ဝ)၊ ဒဂုန်စင်တာ၂နှင့်ဓနလှိုင် တာဝါကြား၊ အခန်း(9A-1)ရှိ Crown Education  ၊ဖုန်း ဝ၉၇၃၂၇၃၂၇၇သို့ဆက်သွယ် လျှောက်ထားနိုင်သည်။

No comments:

Post a Comment