Saturday, September 22, 2012

ပိုလှတဲ့နေ့ရက်များသို့

Written by မိုးကြာညို

“ဒီနှစ်အတွက် မင်းရဲ့ရောင်းအားကို ၃၀% ထပ်မြှင့်နိုင်မလား? မြှင့်နိုင်အောင်လုပ်ပါ။ အဲဒီအတွက် ဘောနပ်စ် သီးသန့်လာမယ်လေ။” နှစ်ဆန်းပိုင်း ကာလအတွင်း ကျွန်မရဲ့သူဋ္ဌေးမ က အဲဒီစကားပြောလာလို့ တော်တော်လေးစိတ်ညစ်သွား မိပါသည်။ အဲဒါကျွန်မရဲ့အိပ်မက်မဟုတ်ဘူးလေ။ သူ့အိပ်မက်ပဲ။ ကျွန်မကိုဘာလို့အဲဒီလိုလာပြောရတာလဲ။ ကျွန်မရဲ့ အကျင့် ကိုသူသိပါသည်။ ကျွန်မက အကျိုးသင့်အကြောင်း သင့် မပြောသမျှ သူများခိုင်းတာလုပ်တတ်သူ မဟုတ်ဘူးဆိုတာ သူသေချာသိနေပါသည်။သူမဤကဲ့သို့ပြောသည့်အတွက် ကျွန်မ ခေါင်းထဲမှာ အရင်နှစ်ရဲ့ ရောင်းအားအခြေအနေ၊ လက်ရှိဈေးကွက်အခြေအနေတို့ကို  မလွှဲမရှောင်သာ တွက်ဆရမည်ဖြစ်သောကြောင့် စဉ်းစား စိတ်ကူးမှုများသည် ဦးနှောက် နောက်ပိုင်းရဲ့ လှုပ်ရှားမှုသာရှိတော့မည် ဖြစ်သည်။

No comments:

Post a Comment