Wednesday, September 26, 2012

မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် တစ်နှစ် တိုးစာသင်မည်

မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၏ စာသင်နှစ်ကို ယခု ပညာသင်နှစ် မှစကာ နောက်ထပ် ၁ နှစ် တိုးမြှင့်လိုက်သည်ဟု မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။ ယခင်က စာသင်နှစ် ၅ နှစ် သင်ကြားရပြီး တိရစ္ဆာန် ဆေးကု ဆရာဝန်ဘွဲ့ (B.V.Sc) ချီးမြှင့်သည့် မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ် မှာ ယခုပြင်ဆင် သတ်မှတ်လိုက် မှုကြောင့် ၆ နှစ် တက်ရောက် မှသာ ဘွဲ့ရရှိ တော့မည် ဖြစ်သည်။
B.V.Sc ဘွဲ့ရ ကျောင်းသား ဟောင်း အမျိုးသမီးတစ်ဦးက ”လိုအပ်ချက်အရ တိုးမြှင့် လိုက်တယ်လို့ ပဲမြင်ပါတယ်။ အားလုံးအတွက် ကောင်းစေချင်လို့ အဆင့်မြှင့် တင် တာမျိုး ပဲဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
တက္ကသိုလ် အသီးသီးတို့အား ပညာသင်နှစ် တိုးမြှင့်ရန် လျာထား ဆောင်ရွက်နေမှုများကို အစိုးရသစ် လက်ထက်တွင် လုပ်ဆောင်နေမှုများ ရှိနေရာ ယခု ပညာသင်နှစ် ၌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ကွန်ပျူတာ တက္ကသိုလ် ပြီးလျှင် ယခု မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ဒုတိယမြောက် ဖြစ်ကြောင်း သတင်း အချက်အလက် များအရ သိရသည်။
တက္ကသိုလ် ဝင်ခွင့် စိစစ်ရေး အဖွဲ့သို့ တိုက်ရိုက် မလျှောက်ထားရဘဲ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) သို့သာ လျှောက်ထားရ သည့်ထိုတက္ကသိုလ် မှာ နှစ်စဉ် ဇီဝဗေဒဘာသာ ကွဲဖြင့် အောင်မြင်သူ အမျိုးသား ဦးရေ ၁၂၁ ဦးနှင့် အမျိုးသမီး ဦးရေ ၈ဝ တို့ကို လက်ခံသင် ကြားပေးနေပြီး ဝင်ခွင့် အတွက် ဇီဝဗေဒနှင့် အင်္ဂလိပ်စာ နှစ်ဘာသာ တို့ရေးဖြေ ဖြေဆိုရကာ အောင်မြင်သူ အနေဖြင့် လူတွေ့နှုတ်ဖြေ ဆက်လက် ဖြေဆိုရကြောင်း တရားဝင် ထုတ်ပြန်သည့် သတင်းအချက် အလက် များအရ သိရသည်။
မင်းသုအောင်

No comments:

Post a Comment