Wednesday, September 26, 2012

မန္တလေးဗဟိုပြု ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေး

မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု အခြေခံမူကြမ်း ဆွေးနွေးခြင်း အခမ်းအနား အစီအစဉ်ကို ဇူလိုင် ၂ဝ ရက် နေ့လယ်ပိုင်း က မန္တလေးမြို့၊ ၆၄ လမ်း x၂၇- လမ်းထောင့် ရှိ Oriental House ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို လူငယ် ပြုစုပျိုးထောင်ရေး အဖွဲ့မှ ကြီးမှူး ကျင်းပခြင်း jဖစ်ပြီး မြန်မာပြည် ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားသည့် ပညာရှင်များ၊ ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ လုပ်ဆောင် နေသည့် အဖွဲ့အစည်း အချို့ မှ ပညာရှင်များ၊ မန္တလေးမြို့ နိုင်ငံရေး ပါတီ အချို့မှ တာဝန်ရှိသူများ၊ ဘာသာရပ် အလိုက် ပညာရှင်များ တက်ရောက်ခဲ့ ကြပြီး မြန်မာနိုင်ငံ မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာများ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာပြည် ပညာရေး ပြုပြင် ပြောင်းလဲမှု အခြေခံ အချက် ၅ ချက်ဖြစ်သည့် နံနက် တစ်ပိုင်း ကျောင်းတက်ခြင်း စနစ်၊ ညနေပိုင်း အချိန် အသက်မွေး ဝမ်းကျောင်း ပညာကို ကလေးများ ဗီဇ ဝါသနာပါရာ ရွေးချယ်ပြီး လွတ်လပ်စွာ သင်ယူခွင့် စနစ်၊ အလယ်တန်း ပညာ ၅ တန်းမှ စ၍ ကလေးများ ဗီဇ ဝါသနာ ပါရာ အသက်မွေး ဝမ်းကျောင်းပညာ ရွေးချယ် သင်ယူခြင်း စနစ်၊ အမှတ် အနည်းအများနှင့် ကလေးများကို အဆင့် သတ်မှတ်သည့် စာမေးပွဲ ပညာရေး စနစ် ပြု ပြင်ပြောင်းလဲ သင့်သည့် စနစ်၊ အခြား ကောင်းမွန်သော နည်းလမ်းများ စသည် များကို တက် ရောက်လာ သူများက အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု ဦးစီး ကော်မတီနှင့် ဘာသာရပ် အလိုက် ပညာရှင်များ အစုအဖွဲ့၊ အလုပ် အမှုဆောင် ကော်မတီ တို့ကို တက်ရောက်လာ သူများ က ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
ထိုကော်မတီများမှ ဆွေးနွေးပွဲ ၏ အဖြေရလဒ် များအား မန္တလေး တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ တစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ တင်သွင်း ရန်နည်းလမ်းများ ကြိုးစား သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment