Thursday, September 13, 2012

သီချင်း Edit လုပ်ချင်သူများအတွက်



ဂီတဟာလူတွေရဲ့စိတ်ကိုနူးညံ့စေတယ်ဆိုရင် ဂီတကိုဖန်တီးတဲ့လူတွေရဲ့နှလုံးသားက နူးညံ့မှုအရင်းခံနဲ့ဆိုတာကတော့ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ အဲလို နူးညံ့မှုတွေကို IT နည်းပညာနဲ့တွဲပြီးရင်ခုန်တတ်ကြတာကတော့ music Editing ကိုဝါသနာပါတဲ့သူတွေပါပဲ။
music ကို Edit တော့လုပ်ချင်တယ်။ ဒါပေမဲ့ software အမြင့်တွေကိုလဲမသုံးချင်ဘူးဆိုရင်တော့ Gold Wave Software ကို စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဒီ software က သီချင်းတစ်ပုဒ်ကိုဖွင့်ပြီးရင် ဘယ်အပိုင်းကို Edit လုပ်ချင်လဲ၊ ကိုယ် Edit လုပ်ချင်တဲ့အပိုင်းလေးကိုပဲselect လုပ်ပြီး Effect တွေထည့်ပေးနိုင်ပါတယ်။

KeyBoard ကနေတစ်ဆင့်လဲ Shortcut key တွေနဲ့သုံးနိုင်တာမို့ software အကြီးတွေလိုပဲ သုံးရတာ smart ကျစေမှာပါ။
မူရင်းသီချင်းထဲက အသံတွေကို Effect တွေထည့်ပေးနိုင်တဲ့အပြင် ကိုယ်တိုင်လဲ record လုပ်လို့ရပါသေးတယ်။

မူလသီချင်းအဆိုတော်ရဲ့အသံကို ဖျောက်ပေးနိုင်တဲ့
Vocal Remover လို effect လည်းပါတာမို့ ပြည့်စုံတဲ့ software တစ်ခုလို့ပြောချင်ပါတယ်။

ဒီ software လေးကို Gold Wave Inc. ကရေးဆွဲထားပြီး Window အားလုံးမှာသုံးလို့ အဆင်ပြေစေပါတယ်။

အသံလည်း Edit လုပ်ချင်တယ်၊ software အကြီးကြီးကိုလည်းမသုံးချင်ဘူးဆိုရင်တော့ Gold Wave softwarကိုDownload ဆွဲပြီး စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။


လူဗိုလ်မှကူးယူတင်ပြသည်။.....

Download Herehttp://www.goldwave.com/downloads/gwave557.exe

No comments:

Post a Comment