“တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။
ဒီမိုကရေစီကို ကာကွယ်ဖို့မဟုတ်၊ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံသော
မပြောင်းမလဲတည်မြဲနိုင်သော စနစ်မဟုတ်ပါ။” လို့ပြောဆိုကြတာတွေ ရှိပါတယ်။
တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင်
ချက်ချင်းတုံ့ပြန် ဖြေဆို လာနိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို
ကာကွယ်ဖို့ပဲဖြစ်တယ်” ဆိုတဲ့အဖြေဖြစ် နိုင်ပါတယ်။ ဒါပေမဲ့
ပြည့်စုံလုံလောက်မှုမရှိပါ။ အကြောင်းက အင်မတန်ယေဘူယျဆန်ပြီး
အဓိပ္ပါယ်ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့ အဓိပ္ပါယ်
ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပါ့မယ် ဆိုတဲ့
တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမဲကြီး
တိုက်ခိုက်နေရပါတယ်။
No comments:
Post a Comment