Sunday, September 16, 2012

လွမ်း

လွမ်း
ရင်ထဲရှိတဲ့
အလွမ်းတွေ ကို
ဖော်ကျူးရင်း
ကဗျာလေးတွေရေးဖွဲ့နေ
အတွေးများစွာ
ဝင်ရောက်ခဲ့
ရှုပ်ယှက် ခက်
စိတ်ကူးများထဲ
ငါဟာရူးမိုက်နေစဲ….
လျှောက်လို့လည်
အတွေးကမ္ဘာထဲ
ဟိုရောက်သည်ရောက်နဲ့

စိတ်တွေပုံမှန် မဟုတ်ခဲ့
နေ့တိုင်းလဲသတိရတယ်
နေ့တိုင်းလဲလွမ်းနေတယ်
မင်းကတော့ တစ်ခြားရင်ခွင်မှာပျော်နေ လျက်ပေါ့
ခွင့်လွှတ်သည်းခံမုတွေက
သစ္စာ မေတ္တာ  တွေ နဲ့
အလိုလိုဖြစ်ပေါ်လာတယ်
ငါ့အပေါ်မချစ်တဲ့မင်းကိုမှ
အချစ်ကြီးချစ်ခဲံ့မိတဲ့ အတွက်
ကိုယ့်ကိုကိုယ် တောင်နားမလည်ခဲ့
ခံစားချက်တွေ  အရမ်းများလာတော့
ဝေးဝေးကချစ်နေ လွမ်းနေ သတိရနေ ရင်း
မင်းလဲ လွတ်လပ်စွာ လျှောက်လှမ်း
ရင်း တစ်ပါးရင်ခွင်မှာ
ငါ့ကိုသတိလေးတောင်မရပါနဲ့
ချစ်ရသူ ရယ်……………………………

No comments:

Post a Comment