Wednesday, September 19, 2012

မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်(MCF) မှ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ITPEC စာမေးပွဲများမှ Fundamental IT Engineer Examination (FE) အကြောင်းဟောပြောပွဲကို ၂၀၁၂ ခုနှစ်သြဂုတ်လ (၁၁) ရက် စနေနေ့ နေ့လည် (၁း၃၀)နာရီတွင် ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ MICT Park , Conference Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် Programmer များ၊ Program Design ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ နှင့် IT ကျွမ်းကျင်မှုကိုအသိအမှတ်ပြုနိုင်ရန်၊ အတွက် ရည်ရွယ်၍စစ်ဆေးသည့်စာမေးပွဲဖြစ်သည်။
ITPEC (FE) စာမေးပွဲနှင့် ပတ်သက်သောအကြောင်းအရာများကို ဂျပန်နိုင်ငံ Information-technology Promotion Agency (IPA), IT HRD Headquarters မှ Vice President တစ်ဦးဖြစ်သMr. Kenji Ogawa မှ လာရောက်ရှင်းလင်း ဟောပြောမည်ဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များ၊ IT Company များမှ ဝန်ထမ်းများနှင့် စိတ်ဝင်စားသူ     မည်သူမဆို တက်ရောက်နိုင်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ကွန်ပျူတာပညာရှင်အသင်းများတွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပါမည်။

၂၀၁၂ ခုနှစ်သြဂုတ်လ ( ၈ ) ပုသိမ်မြို့
၂၀၁၂ ခုနှစ်သြဂုတ်လ ( ၉ ) မန္တလေးမြို့
၂၀၁၂ ခုနှစ်သြဂုတ်လ (၁၀ ) မုံရွာမြို့

အသေးစိတ်အချက်အလက်များ သိရှိလိုပါက လှိုင်မြို့နယ် ၊MICT Park ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အဆောင်(၁)၊ဖုန်း-၆၅၂၃၀၇ နှင့်  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်သင်း၊ အဆောင်(၄)၊အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment