Thursday, September 27, 2012

ချစ်သူတို့၏ ခွန်အား

ချစ်သူ့လက်သာ ဆုပ်ကိုင်ထားရပါစေ
ဘဝရဲ့ ဒုက္ခဆိုတာ
အရမ်းချိုတဲ့ ဧဒင်ဥယျာဉ်ထွက်
သစ်သီးတစ်လုံးပါ၊
အဲဒီသစ်သီးထဲမှာ ချစ်သူ
အပြုံးတွေပါတယ်
ချစ်သူ့ရယ်သံလေးတွေပါတယ်
ချစ်သူ့အင်အားတွေပါတယ်
ချစ်သူ့ရဲ့" ချစ်တယ် " ဆိုတဲ့
စကားသံတွေပါတယ်။

No comments:

Post a Comment