Tuesday, September 25, 2012

notepadလေးရေးပြီးcomputerကိုစကားပြောခိုင်းကြည့်ရအောင်

သူငယ်ချင်းတို့ ကျွန်တော် ဒီရက်ပိုင်း notepad လေးနဲ့ ပတ်သတ်တဲ့ ဟာလေးတွေရေးဖို့
စဉ်းစားထားတယ် notepad အသုံးဝင်ပုံလေးတွေပေါ့
ကျွန်တော် ဟိုနေ့က ဆိုဒ်တစ်ခုမှာ တွေ့လိုက်ရတယ်
သူတို့လည်း ဒီနည်းလေးတွေကို တင်ထားကြပါတယ်
ဒါပေ့မယ့် တင်ထားတဲ့ရေးနည်းက မှားနေတော့ ဘယ်လိုမှ အလုပ်လုပ်မှာမဟုတ်ဘူး
ဒါကြောင့် ကျွန်တော့ သိသလောက်လေးကို ပြန်ပြင်ရေးပြီး တင်ပေးလိုက်ပါတယ်..
ဒါလေးက ကိုယ် ဘာဘဲ ရိုက်ရိုက် ကိုယ့်ကို စကားလို ပြန်ပြောလိမ့်မယ် English လိုဘဲရမယ်နော် .....
အရင်ဆုံး Notpad တစ်ခုကို ဖွင့်...
ပြီးရင် အောက်မှာရေးပေးထားတဲ့ ကုဒ်လေးတွေအကုန် notepad ထဲ ကူးထည့်လိုက်..

Dim msg, sapi
msg=InputBox("What do you want me to say?","LUCKYMYOTAW")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg

ပြီးရင်  save file မှာ lucky.vbs နဲ့ Save လုပ်လိုက်ပါ...
ပြီးရင် Run ကြည့်လိုက်ပေါ့ဗျာ...ပြီးရင်တော့ သူငယ်ချင်းတို့ ရေးချင်သလိုသာရေးပြီး
အပြင်းပြေလေး ကွန်ပျူတာနဲ့ စာရိုက်လိုက် ပြန်ပြောခိုင်းလိုက်လုပ်ပေါ့ဗျာ ပျော်စရာလေးဗျ
စမ်းကြည့်လိုက်နော်...

No comments:

Post a Comment