Wednesday, December 29, 2010

Windows
7 တွင် ဆော့ဖ်ဝဲတင်လိုက်လို့ပဲဖြစ်ဖြစ်၊ update လုပ်လိုက်လို့ပဲဖြစ်ဖြစ်
exe error ဖြစ်ပြီး ဆော့ဖ်ဝဲတွေ သုံးလို့မရတော့ဘဲ ဖြစ်တတ်ပါတယ်။ Start Menu
မှာ ရှိတဲ့ Application အားလုံးရဲ့ Shortcut တွေဟာလည်း အလုပ်လုပ်
မလုပ်တော့ပါဘူး။ ဖွင့်လိုက်တိုင်း Active ဖြစ်နေတဲ့ Application တစ်ခုသာ
ပွင့်လာမှာ ဖြစ်ပါတယ်။ ဥပမာ firefox က active ဖြစ်နေတယ်ဆိုပါစို့ (ပုံတွင်ကြည့်ပါ)။
အဲဒီအချိန်မှာ ဘယ်ဟာကိုပဲ ဖွင့်ဖွင့် firefox ပဲ တက်လာမှာပါ။ firefox မှ
မဟုတ်ပါဘူး တစ်ခြား ဆော့ဖ်ဝဲတစ်ခုခုလည်း active ဖြစ်ပြီး ကျန်နေတတ်ပါတယ်။
(vlc တို့၊ windows media center တို့ စသဖြင့်ပေါ့)။ အဲဒါကတော့ registry
ထဲမှာရှိတဲ့ exe ရဲ့ entry တွေ ပျက်သွားလို့ပါပဲ။ အဲဒီလိုမျိုးဖြစ်တာနဲ့
ကြုံနေရတဲ့သူများအတွက် ပြေလည်အောင် အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် registry
fix ဖိုင်လေးကို တင်ပေးလိုက်ပါတယ်။ လိုအပ်နေသူများအတွက် အသုံးတည့်မယ်လို့
ထင်ပါတယ်။
Download Mediafire
(စိတ်ကူးတည့်ရာနည်းပညာမှ ပြန်လည်မျှဝေလိုက်ပါတယ်)