Tuesday, October 16, 2012

သူမ မျှော်လင့်ထားတဲ့ ဒီဇင်ဘာ

သူမ မျှော်လင့်ထားတဲ့
ဒီဇင်ဘာရောက်ရင်….

နှင်းမှုန်တွေအထပ်ထပ်ကြား
သူမ ပုခုံးလေးဖက်လို့
ဒီဇင်ဘာရဲ့အအေးဓာတ်ကို
နှစ်ယောက်အတူ အံတုကြမရ်။

တောင်ပေါ်နေရာတလျှောက်
ဆိုင်ကယ်လေးစီးလို့
သူမ ကိုအနောက်ကထား
ခါးလေးကိုဖက်ထားပါ။

အလွမ်းတွေကို ဘေးချိတ်
တွေ့ဆုံချိန်ခဏလေးမှာ
အနမ်းတွေနဲ့ သူရယ် ကိုယ်ရယ်
မိုးလင်းစေရမယ်။


IC show ပွဲ အတူတူဒိုးလို့
သူမ အလိုမှန်သမျှ
ဖြည့်ဆည်းပေးဖို့
အသင့်ရှိနေပေးမယ်။

ယုံကြည်မယ်ဆို
လက်ကမ်းလိုက်ပါ..ချစ်သူ
မဝေးတော့တဲ့အနာဂတ်မှာ
ဒီဇင်ဘာက ရင်ခုန်စရာအတိတ်နဲ့ပေါ့……..။  ။

No comments:

Post a Comment