Wednesday, October 17, 2012

ဆိုးဝါးသော အလေ့အထအချို့ ကြောင့် အသက်တိုနိုင်

ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် အစားအသောက် မဆင်ခြင်ခြင်း စသည့် ဆိုးဝါးသော အလေ့အထ ၄မျိုးရှိသူများသည် ယင်းလလေ့မထ မရှိသူများထက် ပျမ်းမျှအားဖြင့် အသက်၁၂ နှစ်ခန့် ပို၍ အိုမင်းရင့်ရော်စေနိုင်ကြောင်း သူတေသနတစ်ရပ်က ဖော်ပြသည်။အရွယ်ရောက်ပြီးသူ ဗြိတိသျှနိုင်ငံသားပေါင်းငါးထောင်ကို နှစ်ပေါင်းနှစ်ဆယ်လေ့လာခဲ့ရာမှ ယခုအချက်များတွေ့ ရှိလာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးရေး လိုအပ်ပုံကို သူတေသနကညွှန်ပြနေကြောင်း အေပီသတင်းကဖော်ပြသည်။အားလုံးခြုံကြည့်ပါက ယင်းကျန်းမာရေးနှင့် ကညီညွတ်သော အမူအကျင့်များရှိသူ လူပေါင်း၃၁၄ ဦးတွင် ၉၁ဦး(သို့ မဟုတ်) ၂၉ရာခိုင်နှုန်းမှာ သူတေသနပြုချိန် အတွင်းသေဆုံးခဲ့သည်။နှိုင်းယှဉ်ပါက ယင်းအမူအကျင့်များ မရှိသူ၃၈၇ဦးမှ လူ၃၂ဦး(သို့ မဟုတ်) ၉ ရာခိုင်နှုန်းသာ သူတေသနကာလအတွင်း သေဆုံးခဲ့သည်။ကျန်းမာရေးအတွက် အန္တာရာယ်ရှိသော အပြုအမူများမှာ ဆေးလိပ်သောက်ခြင်း၊ တစ်နေ့ လျှင် အမျိုးသားများ အရက် ၃ပက် (အမျိုးသမီး ၂ပက်) ခန့်  သောက်ခြင်း၊ရက်သတ္တပတ် တစ်ပတ်လျှင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ချိန် ၂နာရီခွဲထက်နည်းခြင်း၊တစ်နေ့ လျှင် ဟင်သီးဟင်းရွက်နှင့် သစ်သီးဝလံ ၃ကြိမ်လျှော့ စားခြင်းဟူ၍ သူတေသီများက အဓိပ္ပာယ်ဖွင့် ဆိုထားသည်။ သူတေသနတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၄၄နှစ်ဖြစ်ပြီး ယခုတွေ့ ရှိချက်များကို ဧပြီ ၂၆ ရက်ထုတ် Archives of Internal Medicine တွင် ဖော်ပြထားသည်။

No comments:

Post a Comment