Friday, October 12, 2012

ဆေးဖက်ဝင်သော သစ်သီးဝလံများ၏ အခွံများ

* ငှက်ပျောသီးအခွံ *

ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့် လူကို တက်ကြွ ရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွဲရောဂါများ အတွက်လဲ အလွန်ကောင်းပါတယ်။ ဘယ်လိုစားရမလဲဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ( ၁ဝ ) မိနစ်လောက်ပြုတ်လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ပြီး ဖျော်ရည်အဖြစ်လဲ သောက်သုံးနိုင်ပါတယ်လို့ ဆိုပါတယ်။
**************************************************************************
* ကြက်သွန်ဖြူအခွံ *

ကြက်သွန်ဖြူအခွံမှာ ကွဲပြားတဲ့ Antioxidant ( ၆ ) မျိုး ပါဝင်ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့  နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville ကရှင်းပြပါတယ်။
**************************************************************************
****
* လိမ္မော်သီးနှင့် ပျားလိမ္မော်သီး အခွံ *

လိမ္မောသီးနဲ့ ပျားလိမ္မော်သီးတို့ ရဲ့အခွံတွေကတော့ ကင်ဆာရောဂါ ဖြစ်ပွားခြင်းနဲ့ နှလုံးရောဂါ ဖြစ်ခြင်းတို့ ကို အစွမ်းအထက်ဆုံး ကာကွယ်မှုပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရော ဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မှုရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပက်သတ်ပြီး ရှောက်သီး သံပရာသီး အမျိုးအနွယ်ဝင် အသီးများ၏ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလည်း မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုက်ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျှော့ကျခြင်းနှင့် ဘက်တီးရီးယားများကိုလည်း ဟန့် တားပေးနိုင်တယ်လို့ ပြောပါတယ်။
********************************************************************************
* ရွှေဖရုံ၊ ကျောက်ဖရုံနှင့် သခွားမွှေးများအခွံ *

ရွှေဖရုံ၊ ကျောက်ဖရုံနဲ့ သခွားမွှေးများ (Pumpkin, butternut and other squashes) သခွားမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာ အကျိုးဖြစ်ထွန်းစေသလို အသားအရေ မွဲခြောက်မှု့ ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ဟန့် တားစေနိုင်ပါတယ်။ ယင်းအသီးများရဲ့ အခွံကိုစားဖို့ အတွက် ခက်ခဲမှုအနည်းငယ်ရှိတဲ့ အတွက်ကြောင့် အခွံကို ပါးနိုင်သလောက်ပါးအောင် ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment