Monday, October 15, 2012

နောင်တ

ကံ့ကော်၇ိပ်တွင်၊ နှစ်ကိုယ်ခင်ကာ
အကြင်နာပို၊ ရင်မှာဖို၍
သူ့ကိုချစ်ကြောင်း၊ အဖြေတောင်းရန်
စိတ်မှာကြံလည်း၊ နှုတ်မရဲပါ။
စွဲလမ်းမြတ်နိုး၊ တိတ်တခိုးဆွေး
ခိုး ခိုးငေးရင်း၊ ဝေးကွာမည့်နေ့
တရွေ့ရွေ့ရောက်၊ ရင်မီးတောက်မှ
ကယောင်ခြောက်ခြား၊ နောင်တမြှားစူး
ရူးတော့မလို၊ မျက်ရည်စိုရွှဲ
အသည်းကွဲမှ
ရင်ထဲရှိသမျှ၊ ဖွင့်ဟတော့မည်
မှန်းမျှော်ရည်စဉ်၊ သခင်နှုတ်ဆက်
အဝေးထွက်လို့
ကျောင်းပိတ်ရက်တို့ရောက်ခဲ့ပြီ။

No comments:

Post a Comment