Friday, October 19, 2012

ပိုမူးအောင် လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်...... ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”

No comments:

Post a Comment