Friday, October 12, 2012

အအေးမိ နှာစေးပျောက်ဆေးများ သောက်မည်ဆိုပါက


အအေးမိခြင်း၊ နှာစေးခြင်းမျာအတွက် ဆေးများကို ကွမ်းယာဆိုင်များမှ အစ နေရာမရွေး အလွယ်တကူ ဝယ်ယူနိုင်ကြပါသည်။ သို့ဖြစ်၍လည်း အအေးမိခြင်းအတွက် မိမိဘာသာ ဆေးဝယ်သောက်ကြသည်က များသည်။
သတိထားစေလိုသည်မှာ အအေးမိ၊ နှာစေးပျောက်ဆေးအများစုတွင် အကိုက်အခဲပျောက်ဆေး (လူအများ သိနေကြသည့် ပါရာစီတမော Acetaminiophen)ပါဝင်သည်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသော လက္ခဏာများရှိက ထိုအအေးမိ နှာစေးပျောက်ဆေးများ သောက်၍ရပါသည်။
သို့သော် ဖျားခြင်း၊ ကိုက်ခဲခြင်းများမရှိ၊ သာမန် နှာစေး ချောင်းဆိုးခြင်းသာ ရှိသူများအနေဖြင့် အကိုက်အခဲ ပျောက်ဆေးများ သောက်ရန် ပါဝင်ည့် အအေးမိ ပျောက်ဆေးများ သောက်ရန် မလိုအပ်ပါ။ နှာစေးခြင်း၊ နှာပိတ်ခြင်း အတွက် သုံးသော ဆေးသာ သောက်ရန် လိုအပ်သည်။
ထို့အတူ အချို့သောသူများက ထိုအအေးမိခြင်း အတွက် သုံးသော ဆေးများသာမက ကိုယ်လက်ကိုက်ခဲ ဖျားနာသဖြင့် ပါရာစီတမောပါ တွဲသောက်ကြသည်။
ထိုအခါ လိုအပ်သော အကိုက်အခဲပျောက်ဆေး ပမာဏထက် ပိုများသွားပါသည်။
( လူတိုင်းသိကြသည့် အတိုင်း ဆေးဆိုသည်က ဘေးထွက် ဆိုးကျိုးများရှိပါသည်။)
( ပါရာစီတမောဆေးများ လိုအပ်သည်ထက် ပိုသောက်မိပါက အသည်းကို ထိခိုက်စေနိုင်သည်ကို သတိမူသင့်ပါသည်။ )
ဆေးကို အမှန်တကယ် လိုအပ်မှ သောက်ခြင်းသာ အကောင်ဆုံးဖြစ်သည်။ သို့ဖြစ်၍ အအေးမိ၍ ဆေးဝယ်သောက်မည် ဆိုပါက Acetaminiophen(ပါရာစီတမော) ပါ၊ မပါကို ဆန်းစစ်သင့်သည်။ အကောင်းဆုံးမှာ ဆေးအကြောင်း နားလည်တတ်ကျွမ်းသူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်ခြင်းသာဖြစ်ပါသည်။

(မှတ်ချက် - နာတာရှည်ရောဂါ ဥပမာ- သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးသူများအနေဖြင့် အအေးမိနှာစေးပါက ဆရာဝန်နှင့် ပြသပြီးမှသာ ဆေးသောက်သင့်ပါသည်။)

No comments:

Post a Comment