Wednesday, October 17, 2012

ဟမ်ဘာဂါစားသုံးသော ကလေးများ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများ

အသီးအရွက်နှင့် ငါးစားသုံးသော ကလေးများသည် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းပြီး ဟမ်ဘာဂါ အသားညှပ်ပေါင်မုန့် များ တစ်ပတ်လျှင် ၃ကြိမ်ထက် ပိုမိုစားသုံးသော ကလေးများမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ရန် အန္တရာယ်များကြောင်း သုတေသီများက တွေ့ ရှိထားသည်။ နိုင်ငံပေါင်း ၂၀မှ ကလေးပေါင်း ငါးသောင်းကို လေ့လာခဲ့ရာမှ ယခု အချက်များကို တွေ့ ရှိလာခြင်း ဖြစ်ကြောင်း သစ်သီးများ၊ အသီးအရွက်နှင့် ငါးများသည် ကလေးများအား ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခြင်းမှ ကာကွယ် ပေးပုံရကြောင်း Thorax ဂျာနယ်တွင် သုတေသီ များက တင်ပြထားသည်။
 ဟမ်ဘာဂါ စားသုံးခြင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သည့် အလေ့အကျင့်တွင် ပါဝင်ပြီး၊ ယင်းအလေ့အကျင့်ကြောင့် ရင်ကျပ်ရောဂါ ဖြစ်စေသည့် အကြောင်း အရင်း ဖြစ်နိုင်ကြောင်း သူတေသီများက ပြောကြားသည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံ နှစ်မျိုး စလုံးမှ ကလေးပေါင်း ငါးသောင်းကို ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ကလေးများ၏ အစားအသောက် အလေ့အကျင့်ကို မိဘများအား မေးမြန်ခဲ့ပြီး ၎င်းတို့ ကလေး ပန်နာရင်ကျပ်ရောဂါ ခံစားရခြင်းရှိ၊ မရှိကိုလည်း သုတေသီများက မေးမြန်းလေ့လာ ခဲ့ကြသည်။
ဆင်းရဲသော နိုင်ငံများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသုံးခြင်းက ကလေးများအတွက် အထောက်အကူ ဖြစ်စေပြီး  ချမ်းသာသောနိုင်ငံများတွင် ငါးများများစားသုံးခြင်းက ကလေးများကို ကူညီနိုင်ကြောင်း သုတေသီများက ကောက်ချက်ဆွဲထားသည်။

No comments:

Post a Comment