Tuesday, October 9, 2012

ပညာရေး ရန်ပုံငွေ အဖြစ် ဘ/က ကျောင်းတွေကို သွားရောက် လှူဒါန်းတဲ့ ဖျာပုံအမတ်

ဖျာပုံ ဒီ/ချုပ် အမတ် ဦးသိန်းဆွေနဲ့ အဖွဲ့ဝင်များ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပညာရေး ရန်ပုံငွေလှူဒါန်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူမှုထောက်ကူမှ  ဦးလှသိန်းနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဖျာပုံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေနဲ့အတူ ဖျာပုံမြို့နယ်အတွင်းက အချာလေးကျေးရွာအုပ်စု စက်ဝကျေးရွာကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့က သွားရောက် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ရန်ပုံငွေပွဲမှ ရရှိတဲ့ ရံပုံငွေအချို့နဲ့ စာအုပ် စာတမ်းတွေကို စက်ဝကျေးရွာမှာရှိတဲ့ မြရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပညာရေး ရန်ပုံငွေတွေကို ပညာရေးပိုင်းမှာ ထိထိ ရောက်ရောက် ဖြစ်အောင် အခုလို လိုအပ်တဲ့ နေရာဆီ လာရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ဦးသိန်းဆွေက ပြောကြား ခဲ့ပါတယ်။ အဲဒီနောက် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေနဲ့ အဖွဲ့ဟာ ဖျာပုံမြို့နယ်အတွင်းက ကြက်ဖမွှေးဇောင်းကျေးရွာမှ ဆရာတော် ဦးဥတ္တမ ဖွင့်လှစ်ထားတဲ့ ဗလသုခ ကျောင်းတိုက် ဘုန်တော်ကြီးသင်ပညာရေး ကျောင်းကိုလဲ သွားရောက်ခဲ့ပြီး ပညာရေး ရန်ပုံငွေနဲ့ စာအုပ် စာတန်းတွေကို လှူဒါန်း ခဲ့ပါသေးတယ်။

No comments:

Post a Comment