Tuesday, August 14, 2012

သင့် Password တွေ အဓွန့်ရှည်တည်တံ့စေမယ့် လျှို့ဝှက်ချက်

ရေးသားသူ ခင်ဂျူး on သြဂုတ်လ 2, 2012 at 1:39pm

Online ပေါ်က အကြမ်းဖက်မှုတွေ မြင့်မားလာတဲ့နောက်မှာ သင့် Password တွေကို ပိုဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ အောက်ဖော်ပြပါအချက်တွေထဲက သင်နဲ့အဆင်ပြေမယ့် နည်းလမ်းတွေရှိရင် အသုံးပြုနိုင်ပါတယ်။
(၁) အလွယ်တကူ မသိနိုင်တဲ့ Password မျိုးကို ဖန်တီးထားပါ။
ရှုပ်ထွေးမှတ်ရခက်တဲ့ Password တွေဟာ သင်ကိုယ်တိုင်အတွက် မှတ်ရတာ လွယ်ပေမယ့် အခြားသူအတွက်တော့ မှတ်ရတာ ခက်ခဲပါလိမ့်မယ်။ ဒီအတွက် PC Tools Secure Password Create ကို အသုံးပြုပါ။ သူက ဂဏန်းတွေ၊ စာတွေနဲ့ Punctuation Marks တွေပါတဲ့ Password တွေ ရှုပ်ရှုပ်တွေကို အခု ၅၀ အထိ ထုတ်ပေးနိုင်ပါတယ်။
သူက Extra Protection အတွက် Secure Socket Layer (SSL) ကိုပဲ သုံးထားပါတယ်။ သင်က Web-Based Service ထက် Desktop က Offline Program သုံးချင်ရင်လည်း IObit ရဲ့ Free Random Password Generator ကို သုံးလို့ရပါတယ်။ သူက Password ၁၀၀ လောက်ကို Create လုပ်နိုင်၊ သိမ်းနိုင်ပြီး တစ်ခုချင်းစီရဲ့ Strength ကို စစ်ဆေးပေးနိုင်ပါတယ်။


(၂) Password တွေအားလုံးကို တစ်နေရာတည်းကနေ ထိန်းသိမ်းမယ်။

Password ခက်ခက်တွေက Crack လုပ်ဖို့ခက်ပြီး မှတ်မိဖို့လည်း ခက်တတ်ပါတယ်။ RoboForm (သို့) LastPass ကို Service တွေက Password တွေ အများကြိးကို သိမ်းထားနိုင်ပြီး သင်ပြောင်းလဲချင်ရင် သူတို့က အသိပေးပါလိမ့်မယ်။ သင့် Login Details တွေကို Master Password နဲ့ ထိန်းသိမ်းပေးထားမှာဖြစ်ပြီးမှာဖြစ်လို့ လုံခြုံပြီး မှတ်မိလွယ်တဲ့ တစ်ခုကိုထားပြီး မကြိုက်ရင် ထပ်ပောင်းလို့ရပါပြီး။ Service 2 ခုလုံးက Firefox မှာ သုံးစွဲနိုင်ပြီး Chrome နဲ့ IE မှာလည်း အသုံးပြုနိုင်ပါတယ်။ Click တစ်ချက်တည်းနဲ့ Drag and Drop ဆွဲသုံးနိုင်ပြီး Browser add-on အနေနဲ့လည်း သုံးနိုင်ပါတယ်။ Portable Version နဲ့လည်း အသုံးပြုနိုင်ပါတယ်။

(၃) သင့် Password တွေရဲ့ ကာကွယ်နိုင်စွမ်းကို စစ်ဆေးမယ်။

ခုဆို Hacker တွေက Cracking Software ကိုသုံးပြီး ဂဏန်းနဲ့ အက္ခရာတွေပေါင်းထားတဲ့ Password တွေကို Hack နေကြပြီမို့ abc123 (သို့) သင့်နာမည် + သင့်မွေးနှစ်ပေါင်းထားတဲ့ Password မျိုးတွေတောင် မလုံခြုံတော့ပါဘူး။ သင့် Password ရဲ့ လုံခြုံမှုကို Password Meter နဲ့ တိုင်းတာစစ်ဆေးလို့ရပါပြီး။ ဒီ Online Free Tool က Password တစ်ခုချင်းစီရဲ့ ရာခိုင်နှုန်းနဲ့ ရှုပ်ထွေးနိုင်မှု (နံပါတ် + စာသား + စာလုံးအကြီး/အသေး ပေါင်းစပ်ပါဝင်မှု) တို့ကို စစ်ဆေးပေးပါလိမ့်မယ်။ သူက စာလုံးတပ်နေတာ ဆက်တိုက်စာလုံးနံပါတ်တွေ သုံးထားတယ်ဆို Point တွေ လျှော့ပစ်မှာဖြစ်ပြီး ပြန်ပြင်ခိုင်းမှာ ဖြစ်ပါတယ်။

(၄) သင့် Password ပြောင်းသင့်/ မသင့် စစ်ဆေးမယ်။

နာမည်ကျော် Site တွေတောင် Hack ခံနေရလို့ Account တွေဆို ပြောစရာမရှိတော့ပါဘူး။ သင့် E-mail ကို ShouldIChangemypassword.com မှာ ရိုက်လိုက်ပါ။ သူက သူ့ Database ထဲက တစ်သန်းကျော်လောက်ရှိတဲ့ Email Address နဲ့ Password တွေထဲမှာ ရှာပေးမှာ ဖြစ်ပါတယ်။ ဒီထဲက တစ်ခုနဲ့ သင့် Password တိုက်ဆိုင်နေရင် သူက ပြောင်းခိုင်းမှာပါ။

(၅) သင့် Password မေ့နေရင် ပြန်ပြပေးမယ်။

သင်သုံးခဲ့တဲ့ Site တွေမှာ သင့် Register လုပ်ပြီး Password တွေမေ့နေတယ်ဆိုရင် မပူပါနဲ့။ Firefox မှာ Tools Menu ထဲသွား၊ Option > Security ထဲက Saved Passwords Button ကိုနှိပ်ပြီး Show Passwords ကိုထပ်နှိပ်ပါ။ Chrome မှာရှိရင် Personal Stuff Tab က Manage Saved Passwords button နှိပ်ပါ။ ပြီးရင် ကိုယ် Password မေ့သွားတဲ့ Site ကိုရိုက်ပြီး Show ကိုနှိပ်ပါ။ IE မှာဆို IE Passview လို့ခေါ်တဲ့ Password လို့ခေါ်တဲ့ Password ဖော်တဲ့ Program IE က သင်သုံးသမျှ Site တွေရဲ့ Password, Window Register ထဲက Password တွေကို ပြပေးပါလိမ့်မယ်။

(၆) Password တွေကို ဖုန်းပေါ်မှာသိမ်းမယ်။

သွားလေရာသယ်တဲ့ Smartphone မှာ Password တွေ သိမ်းထားရတာ အန္တရယ်များပါတယ်။ ဒါပေမယ့် သင် Passwords တွေကို ထိန်းသိမ်းပေးမယ်။ Free app တွေ အများကြီးပါပဲ။ Android ဖုန်းတွေမှာ open-source Universal Password Manager ကိုအသုံးပြုနိုင်ပြီး သူက master password နဲ့ data တွေကို encrypted လုပ်ပြီး ထိန်းပေးပါလိမ့်မယ်။ iphone နဲ့ ipad အတွက်ကတော့ pwSafe နဲ့ Dropbox တို့ကို အသုံးပြုနိုင်ပြီး ဒီ sevrice တွေက သင့် PC နဲ့ IOS device ကြားထဲမှာ Password တွေကို လုံခြုံအောင်ကာကွယ်ပေးမှာဖြစ်ပြီး Blackberry နဲ့ Win Mo user တွေကတော့ Kee Pass (free password manager) ကို အသုံးပြုရမှာပါ။

(၇) သင့် Browser က password တွေဖျက်မယ်။

သင်က သင့်စက်ကို သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို ခဏငှားသုံးတယ်၊ ရောင်းတယ်၊ ပေးလိုက်တယ် ဆိုပါစို့။ (ဒါမှမဟုတ် သင်က သင့် browser က password တွေကို ရှင်းချင်ရင် --
--- IE > Tools > Internet Options ထဲက browsing history ကို delete နှိပ်ပါ။
- ပြီးရင် Content tab ကိုနှိပ်ပြီး Auto Complete ထဲက Setting Button နှိပ်ပါ။
- user name and passwords on form ကို Deselect လုပ်ပြီး Delete Auto Complete History ကို Click နှိပ်ပါ။
--- Firefox မှာဆိုရင် Tools > Option > Security ထဲက Remember Password for sites ကို Selection ဖြုတ်ထားပါ။
- ပြီးရင် saved password button ကိုနှိပ်ပြီး Remove All ကိုထပ်နှိပ်ပါ။
--- Chrome ဆိုရင်တော့ spanner icon ကိုနှိပ်ပါ။
- ပြီးရင် options ထဲက Personal stuff tab ကိုနှိပ်ပါ။
- ပြီးရင် Never save passwords ကို ရွေးပြီး Managed Save Password button ကိုနှိပ်ပါ။
- သင် password သိမ်းထားတဲ့၊ ကြိုက်တဲ့ Site တစ်ခုကို Click နှိပ်ပြီ၊ ဘေး X icon ကိုနှိပ်ပြီး Remove လုပ်လိုက်ပါ။

http://www.mmitpalace.com/forum/topic/show?id=6456788%3ATopic%3A194640&xgs=1&xg_source=msg_share_topic မှ ...

No comments:

Post a Comment