Sunday, August 19, 2012

Driver Genius PRO 10.0.0.526



၁။ Laptops လေးကို အကြောင်းအမျိုးမျိုးကြောင့် ဝင်းဒိုး အသစ်ပြန်တင်ပြီး driver အခွေတွေမရှိဘဲ driver အခက်အခဲများ ပြေလည်စေရန်။

၂။ Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်နေအောင် ပြုလုပ်နိုင်ဖို့ရန်။

Laptops တွေမှာဆိုရင် Driver အခွေက ပါမလာတတ်ဘူးလေ။ အဲဒါကြောင့် ဝင်းဒိုး ပြန်တင်လိုက်တဲ့အခါမှာ driver ပြဿနာကြုံရတော့တာပဲ။ ဝင်းဒိုးဆဲဗင်း တင်လိုက်လို့ driver တွေရဲ့ ဖြေရှင်းပေးနိုင်တယ် ဆိုကြပေမယ့် တစ်ချို့ hardware တွေက ဝင်းဒိုးက ပေးတဲ့ driver တွေက အဲဒီ hardware အလုပ်လုပ်နိုင်လောက်ရုံသာ(compitable) ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ VGA display driver တွေပေါ့။ ဘာတွေဖြစ်နိုင်လဲဆိုတာကိုလည်း ဆက်ရှင်းပြချင်ပါတယ်။ ဥပမာအားဖြင့် AMD က ထုတ်တဲ့ ati radeon mobility driver တပ်ဆင်ထားတဲ့ laptop တစ်ခုကို ဝင်းဒိုး အသစ်ပြန်တင်လိုက်တဲ့အခါ ဝင်းဒိုးက Standard VGA Driver ဆိုပြီး တင်ပေးလိုက်ပါတယ်။ အလုပ်တော့ လုပ်ပါတယ် ဒါပေမယ့် သူ့မှာပါရှိတဲ့ Features တွေကို အဲဒီ driver က အလုပ်လုပ် မပေးနိုင်ဘူး(ဘာလို့လဲဆိုတော့ original driver မဟုတ်လို့)။
အဲဒီလို ဖြစ်ခဲ့ရင်လည်း ဒီဆော့ဖ်ဝဲလေးက original driver ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ (အင်တာနက်ရဖို့တော့လိုပါတယ်)။

Driver လေးတွေကို အမြဲတမ်း Up-to-date ဖြစ်အောင် လုပ်မယ်ဆိုရင်လည်း features အသစ်တွေကို ရရှိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ Performance ကိုရရှိ စေမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုလိုသူများနဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ မရှိသေး မသိသေးတဲ့ လူများအတွက် ရည်ရွယ်ပ်ါတယ်နော်.. ဆန္ဒများစွာဖြင့် ကြိုးစားလျက်..ညီသူ
ဆော့ ဝဲလ်လေး ဒေါင်းရန်....ဒီမှာ

No comments:

Post a Comment