တမြေစီမမြင်နိုင်ချိန်
ရင်ခုန်သံချင်းဝေးနေချိန်
ယုယမှုတွေမပေးနိုင်ချိန်
ကြင်နာမှုတွေမပြနိုင်ချိန်
လွဲမှားမှုတစုံတရာကြား
ခံစားချက်တွေအေးခဲသွားမှာစိုးလို့…..
အရူးတစ်ယောက်လို ဆုတောင်းနေရတာ
နင်မှမသိတာ…
အချစ်ကြောင့်ဖြစ်တဲ့ ငါ့အတ္တနဲ့
ငါ့ကိုယ်ငါမီးမြှိုက်ပြီး
တစ်ဖတ်သတ်ကြီးလွမ်းခဲ့တော့
မီးလောင်ရာလေပင့်ခဲ့သလို
တမြေ့မြေ့နဲ့လောင်ကျွမ်းနေရတာ
နင်မှမသိတာ………
ရင်ခုန်သံချင်းဝေးနေချိန်
ယုယမှုတွေမပေးနိုင်ချိန်
ကြင်နာမှုတွေမပြနိုင်ချိန်
လွဲမှားမှုတစုံတရာကြား
ခံစားချက်တွေအေးခဲသွားမှာစိုးလို့…..
အရူးတစ်ယောက်လို ဆုတောင်းနေရတာ
နင်မှမသိတာ…
အချစ်ကြောင့်ဖြစ်တဲ့ ငါ့အတ္တနဲ့
ငါ့ကိုယ်ငါမီးမြှိုက်ပြီး
တစ်ဖတ်သတ်ကြီးလွမ်းခဲ့တော့
မီးလောင်ရာလေပင့်ခဲ့သလို
တမြေ့မြေ့နဲ့လောင်ကျွမ်းနေရတာ
နင်မှမသိတာ………
အိပ်မရတဲ့ညနက်တွေမှာ
နာရီသံတွေနဲ့အတူလွင့်ပါး
ကြယ်တွေနဲ့အတူခံစားပြီးတော့
တိတ်တိတ်လေး ချစ်နေခဲ့ရတာ
နင်မှမသိတာ…………
နင်သိပါစေ……..
နင်ကြားပါစေ……….
ရင်ခွင်ဗလာထဲက..
မပျက်စီးတဲ့အချစ်တွေ
နင့်အတွက်ထာဝရရှင်သန်နေမယ်ဆိုတာ
နင်တစ်ယောက် နားလည်လာနိုင်ပါစေ……….
No comments:
Post a Comment