Thursday, August 9, 2012

အတွေး


စိတ်ကူးတောင်ပံခတ်သံတွေ
လေးဖက်လေးတန်
ငါ့ အခန်းကျဉ်းလေးထဲ .. ပျံ့လွင့်
ရင်ဘတ်ထဲမှာတော့
ခါးသီးတဲ့ သံယောဇဉ်တွေက


တစ်ရစ်ပြီး တစ်ရစ် … ချည်
တကယ်တော့
ချစ်သူပြောခဲ့တဲ့
ပုံပြင်တွေထဲမှာ ငါ
ယုံကြည်ခဲ့မိတာ  … အမှား
ထားပါ
ငါ မတားခဲ့ဘူး
သွားလိုရာ .. သွား ပေါ့ …။

No comments:

Post a Comment