Monday, August 13, 2012

ညသီချင့်း 

စပ်မိစပ်ရာဆီမှတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ်.....
















လရောင်မအိပ်သေးဘဲ
ပန်းကလေးတွေကို မနှိုးပါနဲ့
ညမွှေးပန်းရနံ့ တွေ
နားဆင်နေချင်သေးတဲ့သူက
အိပ်ရာဘေးမှာ
မိုးတမ်းချင်း ကဗျာလေးဖွင့်လို့ ။

လွင့်ကြွေပြီပ ။ ။
အစိုးမရတဲ့ ညက
လရောင်နဲ့ ပွင့်တဲ့ပန်း
ဘယ်သူ ခိုးနမ်းပါလိမ့် ။
အသည်းစိမ့်အောင် လွမ်းလို့
ပန်းတွေ မပွင့်ဖို့ တားလို့ရရင်
စိန်ပန်းပြာရေ………
ဝေမနေပါနဲ့ ။
ကြာခဲ့ပြီပ ။ ။

No comments:

Post a Comment