Thursday, August 9, 2012

အချစ်…..အပေါ်သဘောထား

အချစ်တဲ့
နာမည်ကြီးလွန်းတဲ့ဇာတ်လိုက်ကြီး
လူတိုင်းပါးစပ်ဖျားမှာ
ရေပန်းစားလွန်းတယ်
သူကပေးတဲ့ခံစားချက်တွေကို
လူတွေယစ်မူးတိမ်းညွတ်ကြတယ်

ပန်းခင်းလမ်းပြီးရင်
ဆူးတွေက သွေးချင်းချင်းနီအောင်
ဝေပစ်လိုက်ဖို့ အသင့်ဆိုတာကို
သိသိနဲ့ကို
မိုက်နေတဲ့သူတွေကလည်းတပုံကြီး
အချိန်တိုင်းကိုတစုံတယောက်စိုးမိုးနေတာကိုမှ
အရသာတခုလိုထင်နေတဲ့အခါ
အချစ်ဖြစ်သည် ဆိုပြီး
သူရဲကောင်းဆန်ချင်ကြသေးတယ်
ငါ့အတွက်ကတော့
အချစ် ဆိုတာက
အိပ်ရေးပျက်စေတာချင်းအတူတူ
ကော်ဖီတခွက်လောက်တောင် အရသာခံလို့မကောင်းဘူး..။ ။

No comments:

Post a Comment