Wednesday, August 22, 2012

စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် နန်ယန်းနည်းပညာ တက္ကသိုလ် (NTU) မှာ သင်ယူမည့်သူများအတွက်ဟောပြောပွဲ

စင်ကာပူအမျိုးသားတက္ကသိုလ်  (NUS)  နှင့် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ပါရဂူဘွဲ့ ရဆရာများမှအင်ဂျင်နီယာဘာ သာရပ်နှင့် BioMedical, MSc Healthcare Management သင်ယူမည့်သူများအတွက်ဟောပြောပွဲ


အင်ဂျင်နီယာဘာသာရပ်ကိုစိတ်ဝင်စားသောကျောင်းသားကျောင်းသူများအတွက်  ကမ္ဘာပေါ်တွင် အင်ဂျင်နီ ယာဘာသာရပ်၏ အရေးကြီးပုံအခန်းကဏ္ဍများ၊ ကမ္ဘာပေါ်တွင် အသုံးဝင်ဆုံး အင်ဂျင်နီယာဘာသာရပ်များ အကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ တန်း ရောက်လာမည့် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်သည့် အခန်း ကဏ္ဍများအကြောင်းကို Nanyang Technological University မှ PhD ဘွဲ့  ရရှိထားခဲ့သော Dr. Ben Lim Kheng Khong မှ လည်းကောင်း၊ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးရှာဖွေဖေါ်ထုတ်ခြင်းနှင့် သုတေသန လုပ်များနှင့် ဆက်စပ်သည့် လုပ်ငန်းများကပညာရပ်များနှင့် အလုပ် အကို်င်အခွင့်အလမ်း များအကြောင်းကို Dr. Mandar Godge (PhD National University of Singapore) မှ လည်းကောင်း ညနေ (၂)နာရီမှ (၅)နာရီအထိ၊ ဇူလိုင်လ (၂၉)  ရက်နေ့ ၊ ၂၀၁၂ (တနင်္ဂနွေ နေ့) Summit Parkview Hotel တွင် ကျင်းပပြုလုပ်မည့်  MDIS Open House တွင်ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့  တက်ရောက်နိုင်ပါသည်၊၊
အဆိုပါဟောပြောပွဲကို CROWN Education နှင့် MDIS တို့ မှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စင်္ကာပူနိုင်ငံ MDIS တွင်တက်ရောက်ကာ University of Bradford မှ ပေးအပ်ချီးမြင့်မည့် Electrical and Electronic Engineering ဘာသာရပ်များ အကြောင်းနှင့် Machenaical Engineering ဘာသာရပ်များ နှင့်  Biomedical Sciences, Pharmaceutical Management,  University of Wales မှပေးအပ်မည့် MSc in Healthcare Management,  Northumbria University ပေးအပ်မည့် Biotechnology စသည့်ဘာသာရပ်များ ကိုပါရှင်းလင်း ပြောကြားပေးမည်ဖြစ်ပါသည်၊၊
Dr. Ben Lim Kheng Khong USA 2010  Global Scholar နှင့် SIMTech သုတေသန Scholar တစ်ယောက်ဖြစ်ပြီး၊ ထုတ်လုပ်မှု့ နည်းပညာ၊ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာနှင့် တီထွင်ဖန်တီးမှု့ ဆိုင်ရာ အင်ဂျင်နီယာ သုတေသနများဆောင်ရွက်လျက်ရှိကာ   ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းများအတွက် A*STAR အကူဆရာအဖြစ်လည်းဆောင်ရွက်ခဲ့သည်၊၊ 
Dr. Mandar Godge သည် စင်္ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) မှ ပါရဂူဘွဲ့ ရရှိခဲ့ပြီး။ MDIS တွင် ဘွဲကြို၊ဘွဲလွန်ကျောင်းသားများကို Genomics, Molecular Biology, Cellular Biology, Biochemistry, Chemical စသည့်ဘာသာရပ်များသင်ကြားပေးလျက်ရှိကာ American Society of Plant Biologist and International Researchers Club အသင်းဝင်တစ်ယောက်ဖြစ်သည်၊၊ Dr Mandar မှ ရောဂါရှာဖွေရေး သုတေသန၊ ဆေးဝါးသုတေသန တို့နှင့် သက်ဆိုင်သော Biomedical Science ဘာသာရပ်များအကြောင်း နှင့်  Cellular and Molecular Pathology, Medical Biochemistry, Cancer Biology အစရှိသော ဘာသာရပ်များနှင့် ဆက်စပ်သော အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ဆွေးနွေးပြောကြားပေးမည်ဖြစ်ကြောင်းသိရသည်၊၊
စိတ်ပါဝင်စားသူများ၊ CROWN Education ဖုန်း ၀၉  ၅၀၈၅ ၁၈၅ နှင့် ၀၉  ၇၃၂ ၇၃၂ ၇၇ တို့ ကိုတွင် ဆက်သွယ်စာရင်းပေးတက်ရောက်နိုင်ပါသည်၊၊

No comments:

Post a Comment