Tuesday, August 21, 2012

အဝေးသို့

အလွမ်း ကိုယ်ယောင်ဖျောက်ပြီး
အချစ်တွေ မြင်ယောင်ခဲ့တာပါ
အရာရာဟာ
အိပ်မက်လို ပြိုကွဲတတ်မှန်း
အစကတော့
တကယ့်ကို မသိခဲ့ဘူး ….
အဝေးကို
လှည့်ထွက် ချန်ရစ်ခဲ့ပြီးမှတော့
ဘာကို တမ်းတလွမ်းဆွတ်ရဦးမလဲ ….
ထားခဲ့တော့
ဆိတ်သုဉ်းသွားတဲ့
မြတ်နိုးမှု ခေတ်ပျက်ကြီးထဲ
မျှော်လင့်ချက်အသစ်တွေ
ထပ်မွေးဖွားတော့မှာ မဟုတ်တော့တာ
သေချာနေတာပဲ ….

No comments:

Post a Comment