Sunday, August 19, 2012

ကြုံ ဆုံ၊ မြင်တွေ့ ခဲ့ ရသော မြို့ သုံးခွ

၈.၈.၂၀၁၂ ဗုဒ္ခဟူးနေ့ နံနက် ၁၀နာရီ လောက်တွင် သုံးခွမြို့  လယ်ခေါင် ရှစ်မျက်နှာ
စေတီဝင်းအတွင်း အောင်မြေနေရာ၌ ဘုရားငါးပါး သီလခံ ယူဆောက်တည်၍
ကွယ်လွန်သွား ရှာပြီဖြစ်သော ဆရာဖြစ်သူ ရန်ကြီးအောင် ဦးစိန်ဝင်းနှင့် ဦးစိုးသိန်းတို့ 
အား ရည်စူး၍ ဆီမီးနံသာတိုင်များဖြင့် မြတ်ဘုရားထံ ပူဇော်ကန်တော့ခဲ့ပြီး သာဓုအန
မောဒနာ ခေါ်ဆိုနိုင်ခဲ့ကြပါသည်။

ဆရာ(ရန်ကြီးအောင်)စိန်ဝင်းမှာ ၁၉၆၂-ခုနှစ်၊ တက္ကသိုလ် တကသ သမ္မက၏ ဒုဥက္ကဋ္ဌ
အဖြစ် ဆောင်ရွက်ခဲ့ပြီး အစာငတ်ခံဆန္ဒပြရာ(၁၀)ဦးတွင် နောက်ဆုံး အသက်ရှင်ကျန်
ရစ်သူတစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံတွင် ကျွန်းစနစ်ကိုဖျက်သိန်းရာတွင်တိုက်ပွဲဝင်ခဲ့သူ
တစ်ဦးဖြစ်ပါသည်။

ကွယ်လွန်သွားရှာ ပြီဖြစ်သော စာရေး ဆရာကြီး လူထုဦးစိန်ဝင်းကဲ့သို့ ကိုးကိုးကျွန်းပြန်
တစ်ဦးအဖြစ် မှော်ဝန်းမြေတွင် ထင်ရှားသော နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်ပါသည်။
၁၉၈၈ခုနှစ် အရေးအခင်း ကာလတွင်  ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ပြစ်ဒဏ်ကျရဆဲ
ကာလတွင် အင်းစိန်သီးသန့် အကျဉ်းထောင်တွင် ၀မ်းကိုက်ပိုး အသဲဖေါက်သဖြင့်
နောက်ဆုံး ကွယ်လွန်ခဲ့ရသည်။


ဦးစိုးသိန်း မှာလည်း အရေးအခင်း ကာလတွင် ပြစ်ဒဏ်ကျခံခဲ့ရပြီး နောက်ဆုံး
ကွယ်လွန်ခဲ့ရသည်။ ဆရာ(ရန်ကြီးအောင်)ဦးစိန်ဝင်း၏ တပည့် လက်ရင်းထိုးနှစ်ဦး
ဘ၀ကွာခြား ချက်ကြ်ီးမားနေ အခြေခံပညာ အထက်တန်း အဆင့်တွင် ဆရာရန်ကြီး
အောင် ဦးစိန်ဝင်းထံတွင် အခြေခံပညာ အထက်တန်း အဆင့် အင်္ဂလိပ်စာ သင်ယူခဲ့ပြီ
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော်လည်း ၁၉၈၈ အရေးအခင်းကာလ အကျိုး
ဆက် များကြောင့် လမ်းဘေးတွင် နေ့စဉ်ထုတ် သတင်းဂျာနယ်များ ရောင်းစား နေရ
သော်လည်း သတ္တိရှိရှိနှင့် ဘ၀ကို အရှံး မပေး တည်ကြည်သော စိတ်ဓာတ်ကြီးမား
သော ရည်မှန်းချက် များကြောင့် D.V.B ဒီမိုဒီကရက် တစ်မြန်မာပိုင်း အစီအစဉ်တွင်
သတင်းတင်ဆက်နေသူ ကျွန်တော် မောင်ထူးကတော့ ခေတ်စကားအရ လန်းနေဆဲပါ။
မှော်ဝန်းသားများကိုယ်စား လွမ်းဆွတ်နေရ ဆဲပါ ကိုတူး-


 ရှစ်မျက်နှာ ဘုရားမှသည် အနောက်ဘက်ကမ်း ရွှေပုဇွန်ကွေ့ Heart to Heart
လ္ဘက်ရည်ဆိုင်ဆီသို့ ကျွန်တော်အပါအ၀င် အမှုတွဲ(၅)ယောက် ဘုရားမှာ ဆုတောင်းပြီး
ပြန်ထွက်လာ သောအခါ မွန်းလွဲ၁နာရီ ကျော်နေသဖြင့် မုန့်ဟင်းခါး- အုန်းနို့ခေါက်ဆွဲ-
မြန်မာထမင်းဟင်း -လ္ဘက်ရည် -နွားနို့ -စားသောက်ဖွယ်ရာ စုံလင်သော heart to heart
လ္တက်ရည်ဆိုင် ဆီသို့  ဦးတည် လျောက်လှမ်းခဲ့ရာ သုံးခွမှန်လုံ ကားဂိတ်အနီး ရောက်
သောအခါ ယာဉ်နှစ်ထပ်ရပ်၍ ခရီးသည်တင်နေ သည်ကိုတွေ့ရပြီး ဆိုင်ကယ်- များ
လမ်းမပေါ်တွင် ပြောင်းပြန်ရော အတည့်ရော ရပ်ထားသဖြင့် မည်သည့် နေရာက
သွားရမှန်း မသိလောက်  အောင်ရှုပ်ထွေး နေပြီး ဆိုက်ကားသမားများ ကလည်း ပေ
၄၁ လောက်ရှိနေသည့် နေရာတွင် လက်းတ၀က်နီးပါး မျှနေရာယူ ထားသည်
ကိုတွေ့ရှိရပါသည်။

ပလက်ဖောင်းပေါ်မှ သွားသော်လည်း ဈေးဆိုင်များ နေရောင်ကာ အဖြစ် တုတ်ထောက်
၍မိုးအကာဖြင့် ပြုလုပ်ထား သောအစီအမံမှာ လမ်းလျောက်၍ မရလောက်ပင် ရှိနေပြီး
ဟိုတိုးဒီတိုးဟို ရှောင်ဒီ ရှောင်ဖြင့် ဆက်၍ လျောက်လာခဲ့ရာ သုံးခွ - ရန်ကုန်အမြန်
ယာဉ်လိုင်းဟု ဆိုင်းဘုတ် တင်ထားပြီး တက္တစီကား(၁၀)စီးခန့် ရက်နားထားသည်
ကိုတွေ့ရှိရပါသည်။

ဆက်၍လျောက် လှမ်းလာသော အခါဒေါ်မိန်းခလေး ပြည်သူ့စာကြည့် တိုက်ကို
တွေ့ရှိရပါသည်။ ထိုဒေါ်မိန်းခလေး စာကြည့်တိုက်ရှေ့ တည့်တည့်တွင် မှန်လုံကား ၃စီး၊
လိုက်ထရပ်ကား ၂စီး ရပ်ထားသည်ကို တွေ့ရှိပြီး ထိုကားများကို အကာအကွယ်
ပြုလျက် နေ့ခင်းကြောင်တောင် လူနှစ်ယောက် ဆိုင်ကယ်ဦးထုတ် ဆောင်းလျှက်
ဒေါ်မိန်းခလေးစာ ကြည့်တိုက်ကို မျက်နှာရှေ့ တည့်တည့်ထားလျှက်
ရှူးရှူးပေါက်နေ သည်ကို တွေ့ရှိရပါသည်။

 မြန်မာနိုင်ငံရှိ စာပေပညာရှင်များ၊ စာပေလောက သမားများသည် ဒေါ်မိန်းခလေး
ပြည်သူ့စာကြည့် တိုက်က မသိသူမရှိပါ။ အဘယ်ကြောင့်နည်း…..?

ဒေါ်မိန်းခလေး ပြည့်သူ့စာကြည့် တိုက်၏ သမိုင်းအကျဉ်း

ဒေါ်မိန်းခလေးကို ၁၂၃၂ခုနှစ်တွင် သုံးခွမြို့နယ်၊ တကောကျေးရွာတွင် မွေးဖွားခဲ့ပြီး
ငယ်စဉ်ကဆင်းရဲ နွမ်းပါး၍ စာမသင်ခဲ့ရပါ။ ၁၂၅၀ခုနှစ်တွင် ဦးသာစီုးနှင့် အကြောင်းပါ
ကာ သားသမီး(၆)ယောက် ထွန်းကားခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် အတူ သုံးခွမြို့နယ်၊
တောစွန်းကျေးရွာတွင် လယ်မြေ(၃) ဧကခန့်မှစ၍ တောရှင်းလုပ်ကိုင်ခဲ့ရာ လယ်ဧက
(၂၀၀)ကျော်အထိ ပိုင်ဆိုင်ခဲ့ပြီး ချမ်းသာကြွယ်ဝ လာခဲ့ကြပါသည်။ ၁၃၀၂ခုနှစ်တွင်
ငယ်စဉ်က အလုပ်ကြမ်း ဒဏ်များကြောင့် ဒေါ်မိန်းခလေး မျက်စေ့ကွယ်ခဲ့ ရရှာပါသည်။
ထိုသို့မျက်စေ့ ကွယ်ခဲ့ရခြင်း၊ ငယ်စဉ်အခါက စာမသင်ခဲ့ ရခြင်းများကြောင့် နောင်
သံသရာတွင် ထိုသို့မဖြစ်ရစေရန် စာပေနှင့်ပတ်သတ်သော ကုသိုလ်ဒါန တစ်ခုခုပြု
လိုစိတ်ဖြင့် စာကြည့်တိုက်ကို (၁၃၀၂) နှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။
ဒေါ်မိန်းခလေး စာကြည့်တိုက်၏ အကျယ်အ၀န်းမှာ ဧက၀က် ခန့်ကျယ်ဝန်းပြီး
နှစ်ထပ်အုပ်ခံ ရှေးဟောင်း အဆောက်အဦး ဖြစ်သော်လည်း ကောင်းမွန်ခိုင်ခံနေဆဲ
ဖြစ်ကြောင်း သိရှိရပါသည်။

အိမ်သာမှ ဧည့်လာမည် ဒေါ်မိန်းခလေး ပြည်သူ့စာကြည့်တိုက် ပရ၀ဏ်းအတွင်း
အဆောက်အဦး မျိုးစုံ ဆောက်လုပ်၍ အခကြေး ငွေများ ရရှိနေသော်လည်း
တကယ်တမ်း လက်တွေ့တွင် စာကြည့်တိုက် ရန်ပုံငွေ(သို့မဟုတ်) တန်ဖိုးရှိစာအုပ်များ
ဝယ်ယူနိုင်သည်က မတွေ့ရှိချေ။

စာကြည့်တိုက် ပတ်ဝန်းကျင်ရှိ လမ်းများနှင့် အနီးတ၀ိုက်တွင် ရွှံ့ဗွက်များ၊ ရေအိုင်များ၊
ကားများနေ့ ညမပြတ် ရပ်နား ထားခြင်းများသည် စာကြည့် တိုက်လာရာလမ်း၊
သွားရာလမ်းများမှာ စာဖတ်ပရိသတ် အပေါင်းအား ဒုက္ခလှလှ ပေးနေသဖြင့် 
စာဖတ်မှ စာတတ်မည် ဟူသော ဆောင်ပုဒ်သည် ၎င်းမျက်မမြင် အလှူရှင်
ဒေါ်မိန်းခလေး၏ ကြီးမားသော ရည်ရွယ်ချက်ဖြင့် စာပေ အလှူများသည် သဲထဲ
ရေသွန်သကဲ့သို့  ဖြစ်နေပါ တော့သည်။

ထိုသို့ ဆက်လျောက် လှမ်းခဲ့ရာ ဟိုင်းလဒ်ကား (၅)စီး၊ (၆)စီးခန့် ဂိတ်ထိုးထား
သည်ကို တွေ့ရှိရပြီး အမှုတွဲ ၅ယောက်နှင့်  အတူ မိမိကား ရပ်ထားသောနေရာသို့
ရောက်အောင် လာခဲ့ကြသော် လည်း အိမ်ရှေ့တွင် မှန်လုံကားကြီး (၃)စီးမှာ
 ပိတ်ထားသည့် အပြင် ကား(၁)စီးမှာလည်း ကွေ့ကြောတွင် ရပ်ထားသဖြင့်
ကုန်တင် ကားကြီးတစ်စီးနှင့် မတိမ်းသာမ ရှောင်သာဖြစ် နေပါသည်။ ထိုအခါ
ကားမယူတော့ဘဲ ဗိုက်ဆာဆာနှင့် ခြေလျင်ဆက် လျောက်ခဲ့ရာ လင်းရောင်ခြည်
စိုက်ပျိုးရေး ဆေးဆိုင်ရှေ့ အရောက်တွင် လမ်းဘေးဝဲ၊ယာတွင် မှန်လုံကားကြီးများ
နှင့် ကုန်တင်ကားများ (၆)စီး ဆက်တိုက် ပိတ်ရပ်ထားပြီး ကားထဲရှိ အမှိုက်သရိုက်
များကို လှည်းကြောနေပြီး တချို့ကားများမှာ ရေဆေးနေသည်ကို တွေ့ရှိရပါသည်။

ထိုကားများမှာ ပိုင်ရှင်တစ်ဦးတည်းဟု သိရပြီး အနောက်ဘက်ကမ်း တံတားအဆင်း
မှ မြန်မာ့စီးပွားရေး ဘဏ်ရုံး အထိလမ်းဘေးဝဲ၊ ယာတို့ ရပ်နားထားပြီး ခရီးအများ
ပြည်သူတို့  အတွက် ယာဉ်အန္တရယ်ဇုံ အဖြစ်ဆိုးရွားစွာ တည်ရှိနေပြီး ဆိုင်ကယ် များ
မကြာခဏ တိုက်မိပြီး အများ ပြည်သူတို့ ၏ အသက်အန္တရယ်ကို ခြိမ်းချောက်
လျှက်ရှိပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင် မော်တင်ယာဉ် သယ်ယူပို့ဆောင်ရေး ဌာနခွဲအမှတ်(၄)၊
နေ့စဉ် ၀င်ငွေကျပ်(၁)သိန်းရရှိနေ သုံးခွမြို့မှ ရန်ကုန်မြို့ အေဘီစီ ကားဂိတ်အထိ
ပြေးဆွဲနေသော မှန်လုံကားကြီးထံမှ နေ့စဉ် ကောက်ခံရရှိမှု ၀င်ငွေနှင့် သုံးခွ-
သန်လျင် ပြေးဆွဲနေသော ဟိုင်းလက်ကားများ၏ နေ့စဉ်ဝင်ငွေ စုစုပေါင်း တစ်သိန်း
ရှိနေသည့် အပြင် ကားဝင်ကြေးများနှင့် ပေါင်းလိုက် မည်ဆိုပါက ကျပ်သိန်းထောင်
ပေါင်း များစွာ ရှိသော်လည်း သက်သက်မတ်မတ် ကားဂိတ်မရှိပါ။

တစ်နည်းအားဖြင့် မိမိတို့ ပိုင်ငွေကြေးဖြင့် တည်ဆောက်ပြီး စနစ်တကျ၊ စည်းကမ်း
တကျ ခရီးသည် ရပ်နားစခန်းများ၊ စားသောက်ဆိုင်များဖြင့် တည်ဆောက်သင့် ပါသည်။
၂၀၀၈-၂၀၀၉ ခုနှစ်တွင် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ပေးမည်ဟု အမည်တပ်ခြင်း
သုံးခွမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ တောကားဂိတ်ဘေးရှိ အရှည်(၁၀)
ဧကခန့်ရှိပြီး အနံပေ (၂၀၀)ခန့်ရှိသော ကားလမ်း ဘေးကွက်လပ်အား ကန်ထရိုက်တိုက်
 ဆောက်လုပ်ခဲ့ပြီး (၁)ဧကခန့်ချန်လှပ်ကာ မ.ထ.သ အဝေးပြေး ကားဂိတ်စခန်းဆောက်
လုပ်မည်ဟု အနီးနေ ပတ်ဝန်းကျင် ပြည်သူများအား အသိပေးကြေငြာပြီး ဆောက်လုပ်
ခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင် ကန်ထရိုက်တာများနှင့် အေးချမ်းဖြိုး ကောင်စီ
 ဥက္ကဋ္ဌ ဦးစန်းလှိုင်တို့ ပူးပေါင်းပြီး ကျန်ရှိသည့်(၁) ဧကခန့်အား ဆက်လက် ဆောက်လုပ်
ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများမှ ဆန့်ကျင် ကန့်ကွက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပါချေ။
သီဟရာဇာ မော်တော်ယာဉ် လိုင်းမှာ တိုက်ခန်းဝယ်ထား သော်လည်း ကားဂိတ်အဖြစ်
သတ်မှတ်ခဲ့ခြင်းမရှိဘဲ ယနေ့တိုင် သုံးခွမြို့မဈေး ပတ်ချာလည်နှင့် သုံးခွမြို့ အနောက်ဘက်
ကမ်းတံတားအထိ ဆိုင်ကယ် ကယ်ရီဂိတ်များ၊ ဆိုက္ကားဂိတ်များ၊ TAXI ကားဂိတ်များ၊
မှန်လုံယာဉ်ကြီး များနှင့် ရှုပ်ထွေးလျှက်ရှိနေစဉ် ကျောင်းသွား ကျောင်းပြန် မကြာခဏ
ယာဉ်ကြောပိတ်ဆို့ လျှက်ရှိနေကြောင်း တွေ့ရှိ ရပါသည်။

အရှည်ပေ(၁၀၀၀၀)ကျော်ခန့်၊ အနံပေ(၅၀၀)ခန့် ကျယ်ဝန်းသော သုံးခွမြို့နယ်ခေါင်
ဈေးကန်သည် သောက်ရေကန်အဖြစ်မှ သုံးရေကန် အဖြစ်ပြောင်းလဲသွား
ကျွန်တော်တို့ သုံးခွမြို့သူ မြို့သားများသည် မြေသားဖြင့် တည်ဆောက်ထားသော
ကန်ရေများ ကိုသာ သောက်သုံးနေကြရပါသည်။

ပြီးခဲ့သည့်နွေရာသီတွင် အပူချိန်လွန်ကဲမှုကြောင့် သောက်ရေပြဿနာ ကြုံတွေ့ခဲ့ရ ပါသည်။
လွန်ခဲ့သော(၈)နှစ်ခန့်မှစ    ၍ မှန်လုံကားကြီးများ ကားဂိတ်အဖြစ် ရောက်ရှိလာချိန်မှ
စပြီး ယနေ့တိုင် သွပ်ဆူး ကြိုးများ ခတ်ထားသော်လည်း ကားများမှာ ရေဆေးခြင်း၊
ခရီးသည်များမှာလည်း မဆင်မခြင် အညစ်အကြေးများ စွန့်ပစ်ခြင်းတို့ကြောင့် ကန်ရေမှာ
ညစ်ပတ်သွားခဲ့ပြီး သုံးရေအဖြစ်သာ ရပ်တည်ခွင့်ရရှိခဲ့ပါသည်။

မှန်လုံကားကြီးများ၊ ဟိုင်းလတ်ကားများ၊ TAXI ကားများ၊ လိုက်ထရပ်ကားများ၊ ဆိုက္ကား
ဂိတ်များ၊ ဆိုင်ကယ်ကယ်ရီ ဂိတ်များအဖြစ် ကန်ပတ်ချာလည်တွင် ထားရှိသော်လည်း
သန့်စင်ခန်း လုံးဝမရှိကြောင်း တွေ့ရှိရပါသည်။

အများပြည်သူသုံး သန့်စင်ခန်း လုံးဝမရှိတဲ့ မြို့သုံးခွ

လွန်ခဲ့သော (၁၀)နှစ်ခန့်တွင် သုံးခွမြို့၊ ရေချိုပိုင်းဆိပ်ကမ်းတွင် အများပြည်သူသုံး ကျား/မ
သန့်စင်ခန်း တည်ရှိသော်လည်း ယခုအခါ အညစ်အကြေးများ ချောင်းထဲသို့စွန့်ပစ်ပါက
ကျန်းမာရေးနှင့် မသင့်လျော်သည်ဟု ဆိုကာ စည်ပင်သာယာနှင့် ကျန်းမာရေးဌာနတို့
ပူးပေါင်းလျှက် ဖျက်သိမ်းခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ယခုအခါတွင် ခရီးသွား
ရပ်နီးရပ်ဝေးပြည်သူများ ဒုက္ခနှင့်ကြုံတွေ့နေရကြောင်း မြင်တွေ့ခဲ့ရပါသည်။

သုံးခွမြို့၊ အနောက်ဘက်ကမ်း၊ ရွှေပုဇွန်ကွေ့အနီးရှိ Heat to Heat လ္ဘက်ရည်ဆိုင်သို့
ရောက်ရှိသွားခြင်း

ကျွန်တော်တစ်ဦးတည်းသာ လ္ဘက်ရည်မှာသောက်ခဲ့ပြီး ကျန်(၄)ဦးမှာ မုန့်ဟင်းခါး
 စားသောက်ကာ သုံးခွမြို့တွင် ဖြစ်ပေါ်နေသော စီပွားရေး အခြေအနေနှင့် ပညာရေး၊
 ကျန်းမာရေး၊ မြို့ပြလူနေမှုစနစ် အဆင့်အတန်း များကို ဆွေးနွေးကြရာတွင်
၁၉၈၈-ခုနှစ်၊ အရေးအခင်းကာလတွင် ပါဝင်ပတ်သက် မှုကြောင့် အင်းစိန်အကျဉ်း
 ထောင်ရှိ ငါးတိုက်တွင် အနေကြာမြင့်ခဲ့ပြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမင်းသင်္ခ၊
ဆရာစံဇာဏီဘို၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုသူရ(ခ)ဇာဂနာတို့နှင့် တစ်တိုက်ထဲ
အတူနေခဲ့သော ၀ါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးတင်ဝင်းမှ မင်းက ငါတို့ထက်
ထောင်ကထွက်တာ အရင်စောတယ်။ ငါ စုစုပေါင်း (၂၃)နှစ်(၄)လကြာခဲ့တယ်။
မင်းစဆွေးနွေးဟု ပြောကြားခဲ့ရာတွင် ဦးလေးတို့မြင်တဲ့အတိုင်းဘဲ ပေ
(၅၀)လောက်ကျယ်ဝန်းတဲ့ အများပြည်သူပိုင် ကတ္တရာလမ်း ပေါ်မှာ အနှေးယာဉ်၊
အမြန်ယာဉ်ဂိတ်တွေ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ကားများမှာလည်း
မဆင်မခြင် တစ်နာရီ မြို့တွင် မိုင်(၂၀)လောက် ဟွန်းတီးကာ မြန်နှုန်းမြင့်
မောင်းနှင်ခြင်း၊ ဆိုင်ကယ်သမားများကလည်း အရှိန်ပြင်းပြင်းဖြင့်
မောင်းနှင်ခြင်း၊ မောင်းသူရော ယာဉ်ပါ လိုင်စင်မဲ့ထော်လာဂျီများကတစ်ဖုံ၊
ဥပဒေဆိုသည်မှာ စာအုပ်ထဲမှာသာ သတ်မှတ်ခြင်းလို့
ဆိုရမလောက်ဖြစ်နေကြောင်းနှင့် မြို့တွင်း၌ ရေမြောင်းများပိတ်ဆို့နေသဖြင့်
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နောက်ဆုံး မြို့သူမြို့သားများ
သွားရလာရခက်ခဲ့စေပြီး လမ်းများပျက်စီးကာ ရေဆိုးများကြောင့်
ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားလာသည်အထိ ကြုံတွေ့နေရကြောင်း
ရှင်းပြခဲ့ပါသည်။

တဖန် အမှုတွဲဖြစ်သူ ဦးနီမှ ချောင်းကမ်းပါးပြို၊ လယ်တွေ ရေမြုတ်နေတာ
ရေထိန်းတံခါးတွေ၊ တစ်နည်းအားဖြင့် ဆည်(၃) ခုကြောင့်လို့ဟု ဆွေးနွေးခဲ့ရာတွင်…..

၂၀၀၄-၂၀၀၅ ခုနှစ်လောက်တွင် ရန်ကုန်မြို့နှင့်အနီး ပတ်ဝန်းကျင် မိုင်(၃၀)
ဧရိယာတွင် အမြဲတမ်း စိမ်းလန်းစို ပြေရေးစီမံကိန်းတစ်ရပ် ပေါ်ပေါက်လာခဲ့ခြင်း
 ထိုစီမံကိန်းကို အကြောင်းပြုကာ မှော်ဝန်းချက်လက်တတ်(၃)ခုစလုံးအားပိတ်၍
မိုးရာသီတွင် ရေထိန်း ထားကာ နွေရာသီတွင် ရေတံခါးများပိတ်ကာ နွေစပါးစိုက်
ပျိုးရန် အကြောင်းကြားခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင် စပါးစိုက်ပျိုး
နိုင်ခဲ့ခြင်းမရှိချေ။

အဘယ်ကြောင့်နည်း…..? နွေရာသီတွင် လယ်(၁)ဧကထွက်ရှိသော ပဲတီစိမ်း
အမြတ်အစွန်းနှင့် နွေရာသီတွင် စိုက်ပျိုးသော နွေစပါးစိုက်ပျိုးရရှိမှု
နှုန်းထားများမှာ သိန်းနှင့်ချီ၍ ကွာခြားခဲ့ ပါသည်။ ဆည်များမှလှောင်ထားသော
ရေများမှာလည်း ကျွဲရေသောက်၊ နွားရေ သောက်လောက် တောင်
မရသည့် အပြင် ရွာထဲမှ အညစ်အကြေးများ စွန့်ပစ်မှုနှင့်အတူ ရေသေဖြစ်သဖြင့်
ရေများမှာ ရေဆိုးများဖြစ်ခဲ့ရကြောင်း ရှင်းပြ ခဲ့ပါသည်။

လယ်တွေရေကြီးမှုကြောင့် စပါးပင်များ နစ်မြုတ်ခဲ့ရခြင်းနှင့် ကမ်းပါးပြိုခဲ့ရခြင်း
အကြောင်းမှာ သုံးခွ မှော်ဝန်းချောင်းမှာ မုတ္တမပင်လယ်ကွေ့အထိ
မြွေလိမ်မြွေကောက်သဖွယ် စီးဆင်းခဲ့ပြီး ဆည်များမှာလည်း မူလ ရှိရင်းစွဲ
ချောင်းလတ်တတ်များအားပိတ်၍ အသစ်တဖန် ပြန်လည်၍
ဖေါက်ချောင်းပြုလုပ်ခြင်းကြောင့် ပင်လယ်ဒီရေ တတ်သည့်အခါတွင်
အရှိန်ပြင်းပြင်းဖြင့် ချောင်းကမ်းပါးများအား တိုက်စေကာ ကမ်းပါးပြိုကျကာ
မြေကြီးများမှာ ချောင်း၏အနက်ဆုံးနေရာသို့ လျှောကျစေခဲ့ပြီး တစ်ဖြည်းဖြည်း
ချောင်းကောလာကာ နွေရာသီတွင် ပင်လယ်ဆားငံ ရေများ ချောင်းရိုးများ
 တလျှောက် စီးဝင်ခဲ့ပြီး မိုးအခါတွင် ပင်လယ်ဆားငံရေ၀င်မှုကြောင့် စပါး
အထွက်နှုန်းများ လျော့ကျလာကာ ပဲတီစိမ်းစိုက်ပျိုး၍ မရသဖြင့်
နောက်ဆုံး မိချောင်းကွမ်းဖက်စေ့ စိုက်ပျိုးခဲ့ရကြောင်း ရှင်းပြခဲ့ ပါသည်။

မိချောင်းကွမ်းဖက်စေ့မှာ နိုင်ငံတကာဈေးကွက်တွင် တရားဝင်သတ်မှတ် ထားသော
 နှုန်းများမရှိကြောင်း ထပ်မံ၍ ရှင်းပြခဲ့ပါသည်။ တဖန် အမှုတွဲဖြစ်သူ ကိုစိုးနိုင်မှ
 ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘာတွေသိပါသလဲဟု မေးခဲ့ရာ ကျွန်တော်မှ
သုံးခွမြို့ ကုတင်(၅၀)ဆံ့ဆေးရုံတွင် လက်ရှိကျန်းမာရေးဦးစီးမှူး TMO (၁)ဦးနှင့်
 AS ခေါ် လက်ထောက်ဆရာဝန်(၁)ဦးသာ ရှိခဲ့ပြီး ကျန်(၁)ဦးမှာ အလန်းကုန်း
တိုက်နယ်ဆေးရုံသို့ ပို့ထားခဲ့ရကြောင်း၊ သူနာပြု ဆရာမ Train Nus ခေါ်
အနီရောင်ဝတ် သူနာပြုဆရာမ(၂)ဦးအား အလန်းကုန်းတိုက်နယ်ဆေးရုံမှ
သုံးခွဆေးရုံသို့ ခေါ်ထားခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

လူနာတွေ ရောဂါဖြစ်လာတဲ့အခါ စမ်းသပ်တဲ့ ခေတ်မီစက်ကိရိယာပစ္စည်းတွေရော
ပြည့်စုံကောင်းမွန်ခြင်း ရှိပါသလဲ…..?

 ဓါတ်မှန်စက်၊ နှလုံးခုန်နှုန်းတိုင်းတာသည့်စက်၊ တယ်လီဖေးရှင်း ဓါတ်မှန်စက်၊
ချွဲစုပ်စက်၊ အောက်စီဂျင် ပေးသည့်စက်၊ ခွဲခန်းသုံးကိရိယာပစ္စည်းများ၊ လေအေး
ပေးစက်၊ ခွဲခန်းသုံးမီးစလောင်း၊ ဥပမာအားဖြင့် လူနာအား ခွဲစိတ်ရာတွင် သွေးကြောများ
အလွယ်တကူရှာဖွေနိုင်သည့် LED မီးသီးလုံးများဖြင့် တပ်ဆင်ထားပြီး
ကွန်ပျူတာ System ဖြင့် တည်ဆောက်ထားသော မီးစလောင်းမျိုးကို
ဆိုလိုပါသည်။

ကျန်းမာရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့ သုံးခွမြို့ ပြည်သူ့ဆေး     ရုံသို့
လာရောက်ဆွေးနွေးခဲ့ခြင်း

သုံးခွပြည်သူ့ဆေးရုံအတွက် လိုအပ်နေသော ဆရာဝန်များနှင့်
စက်ကိရိယာပစ္စည်းများ ဘာတစ်ခုမျှ ပေးစွမ်းနိုင်ခြင်းမရှိသဖြင့် ၀န်ကြီးတွေ
ပုံလာလာပြောတိုင်း မယုံပါနှင့်ဟု ပြောဆိုခဲ့ကြပါသည်။

 သုံးခွမြို့နယ်၏ ပညာရေးအကြောင်း ကျွန်တော်မှပင် ဆက်လက်၍
ဆွေးနွေးခဲ့သည်မှာ အမေ့အိမ်ပညာရေး ကျောင်းအား အမှတ်(၆၈/၃)၊
အောင်ဇေယျလမ်း၊ (၄)ရပ်ကွက်၌ တက္ကသိုလ်ဝင်တန်းကျောင်းသား(၁၈၀)ကျော်
အား အခမဲ့ ဘာသာရပ်အလိုက် စုစုပေါင်း ဆရာ/ဆရာမ (၁၇)ဦးမှ
သင်ကြားပို့ချလျှက်ရှိကြောင်းနှင့် မုတ္တမပင်လယ်ကွေ့ ကမ်းစပ်က ရွာများမှ
ကျောင်းသားများအား အဓိကထားပြီး ကတုံးပေါ်အထက်ကျေးရွာ၌
အမေ့အိမ်ပညာဒါန(အခမဲ့) စာသင်ကျောင်းအား တက္ကသိုလ်ဝင်တန်းတစ်ခု
တည်းကိုသာဆရာ/ဆရာမ(၅)ဦးဖြင့် ကျောင်းသူ/ကျောင်းသူ(၅၀) ဦးအား
ပညာသင်ကြားပေးလျှက်ရှိကြောင်း၊ ကျောင်းစုပတုတ်ကျေးရွာတွင်လည်း
အောင်ဆန်းသူရိယ (အခမဲ့) စာသင်ကျောင်းအား (၁၂.၈.၂၀၁၂) ရက်နေ့တွင်
ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အမေ့အိမ်ပညာသင်ကျောင်း (၃၂)
ကျောင်းရှိသွားပြီ ဖြစ်ပါသည်။ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
လာသွားတယ်ဆို၊ ဘာပြောသွားသလဲ…..? အမေ့အိမ်ကျောင်းနှင့်
ပတ်သက်ပြီးပြောသွားတာကတော့ Rule of the Law
ဥပဒေအတိုင်း၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ဖို့ ပြောသွားပါတယ်။

ထိုစဉ် ညနေ

(၃)နာရီလောက်တွင် ဖုန်းလာပါတော့သည်။ ရေကြောင်းတက္ကသိုလ် ပထမနှစ်
ကျောင်းသား မောင်ကောင်းမွန်တစ်ယောက် ကျောင်းရေကူးကန်တွင်
ရေနစ်သေဆုံးလို့တဲ့။ ထိုအချိန်တွင် မိုးက သည်းကြီးမဲကြီး အညှိုးကြီးစွာဖြင့်
 ရွာသွန်းချိန်ဖြစ်ပါသည်။ ယေဘူယျ သိရှိရသည်မှာ မောင်ကောင်းမွန်နှင့်
အတူ ကျောင်းသား(၉)ယောက် ရေကူးကန်တွင် ရေကူးခဲ့ကြကြောင်း၊ ကျောင်းတွင်
ဘောလုံးပွဲလည်းရှိနေကြောင်း၊ မောင်ကောင်းမွန်မှာ ရေကူးကျွမ်းကျင်သူ
တစ်ဦးမဟုတ်ကြောင်းနှင့် သူ၏သူငယ်ချင်း(၈)ယောက် ပြန်သွားပြီး ဒုတိယ
အသုတ်ရောက်လာမှ ရေကူးကန်အတွင်း ရေကူးနေစဉ် ခြေထောက် တစ်ချောင်း
အား တိုက်မိသဖြင့် ၀ိုင်းဝန်း ဆယ်ယူခဲ့ရာမှ ရေနစ်သေဆုံးနေကြောင်း သိရှိရပါသည်။

ဥပဒေဆိုတာ စာအုပ်ထဲမှာလား

ထိုဖြစ်စဉ်လေ့လာရာတွင် ရေကူးကန်မှာ အစောင့်မရှိဘူးလား၊ ပထမနှစ်
ရေမကူးရဘူးဆိုရင် ဘာဖြစ်လို့ ရေကူး တာလဲ အဖြေကရှင်းနေပြီးသား၊
လုံခြုံရေးစနစ် ညံ့ဖြင်းလို့ပေါ့၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက၊
ပထမနှစ်ကျောင်းသားဆိုတာ ကလေးစိတ်၊ ကလေးအတွေးသာသာ
ကလေးဟန်ရှိ၏။ သူတို့ကို ချော့ကာ၊ ခြောက်ကာ၊ ပညာသင်ကြားရသည့်အရွယ်
ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တက္ကသိုလ်ရောက်နေပြီဘဲ သူတို့ဘဝ
သူတို့ ထိန်းနိုင်သေးတဲ့အရွယ်မဟုတ်သေးကြောင်း ဆရာ/ဆရာမများနှင့်တကွ
ကျောင်းအုပ်ကြီးပါသိဖို့လိုမည် ထင်ပါသည်။ တက္ကသိုလ်ကျောင်းမှာ
ထုတ်ပြန်ထားသော ဥပဒေများသည် စာအုပ်ထဲတွင် သိမ်းဆည်း၍ထားရန် မလိုဘဲ
တကယ်တမ်းလက်တွေ့ကျကျ ဥပဒေကို ထိရောက်စွာကျင့်သုံးဖို့လိုပါသည်။

ကျောင်းသားများဘက်ကလဲ ငါတို့ဘ၀တစ်လျှောက်လုံး သာယာစေဘို့
စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားတာဘဲလားဟု အသိတရား၊ သတိတရား
များဖြင့် မိမိစိတ်ကို အတတ်နိုင်ဆုံး ဝေဖန်ပိုင်းခြားတတ်အောင် လေ့ကျင့်ထား
ဖို့လိုပါသည်။ မောင်ကောင်းမွန်ကတော့ တမန်လွန်ဘ၀သို့ ကူးပြောင်းသွားခဲ့သော်လည်း
ကျန်ရစ်သူ မိဘ(၂)ပါးနှင့်တကွ အတူနေမောင်နှမများ၊ ဆွေမျိုးသားချင်းများကတော့
 သောကကိုရင်ဝယ်ပိုက်လျှက် နေ့စဉ်နှင့်အမျှ ငိုကြွေးနေ သည်ကို သိရှိရသော်လည်း
ကျန်ရေကြောင်းတက္ကသိုလ်တွင် ပညာသင်ကြား ဆည်းပူးနေကြသော ကျောင်းသား
 များသည်လည်း မောင်ကောင်းမွန်ကို စံနမူနာထားလျှက် အသိတရား၊ သတိတရားများ
လက်ကိုင်ထားကာ လောက ဇာတ်ခုံပေါ်၌ ငိုရတဲ့အခါ၊ ရယ်ရတဲ့အခါမှာ
ခံနိုင်ရည်စွမ်းအားများပြည့်ဝလျှက် ကမ္ဘာကို ရေကြောင်းမှ ဖြတ်သန်း ကူးခတ်
လှော်နိုင်ကြပါစေဟု ဆုတောင်းပေးပို့လိုက်ပါသည်။

မြန်မာနိုင်ငံတွင် Public Policy ချိနဲ့နေ

စီးပွားရေးအခြေခံ အပေါ်ထပ်အဆောက်အအုံ ချို့ယွင်းအားနည်းမှုများသည်
မြန်မာလူမျိုးတို့၏ မြင့်မားဟန် ရှိသော လူနေမှုဘ၀ ဂေဟစနစ်တစ်ခုလုံးကို
ရိုက်ချိုးပစ်သည်နှင့် တူနေပါသည်။ စီမံကိန်းတွေမလုပ်ခင်မှာ ကိုယ့်တိုင်းပြည်
ကိုယ်ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်ချက်များကို ပေးနိုင်စွမ်း ရှိ/မရှိ၊
ရရှိသုံးစွဲနိုင်မှု ရှိ/မရှိ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချမှတ်သင့်ပါတယ်။
တကယ်တမ်းလက်တွေ့တွင် မြန်မာနိုင်ငံမှာက Public Policy ချိနဲ့အားနည်းနေ
သည့်အတွက် ပြည်သူတွေကို ထိထိရောက်ရောက် မကာကွယ်နိုင်တာပါ။
 တစ်နည်းအားဖြင့် အဓိကကတော့ အများပြည်သူနှင့်သက်ဆိုင်ရာ မူဝါဒ
မခိုင်မာခြင်းတို့ကြောင့် ဖေါ်ပြခဲ့သော ဆိုးကျိုးတရားများနှင့် လူတို့၏ အသက်အိုး
အိမ်စည်းစိမ်းများ ခြိမ်းခြောက်လျှက် နာကျည်းဖွယ်ရာများသည် ကြီးမားလျှက်ရှိနေ
ကာ ကျွန်တော်တို့နေထိုင်ရာ မှော်ဝန်းမြေ၏ ငိုကြွေးသံများသည်

ရှစ်လေးလုံးအရေးအခင်းကာလ၏ အထိမ်းအမှတ် (၂၄)နှစ်ပြည့်တွင်
ပဲ့တင်မည်ဟီးခဲ့ပါကြောင်း …..။


                                                                                ဂျာနယ်ကြီး(သုံးခွ)


သုံးခွမြို့ ပြည်သူ့ ဆေးရုံ

သုံးခွမြို့ လယ်ကားဂိတ်မြင်ကွင်း

ဒေါ်မိန်းခလေးပြည်သူ့ စာကြည့်တို

ရိုက်စရာစက်မရှိသောဓါတ်မှန်ခန်း

အမြင်မတင့်တယ်သည့်ဒေါ်မိန်းခလေးပြည်သူ့ စာကြည့်တိုက်ရှေ့ မြင်ကွင်း

ရေထိန်းတံခါးများကြောင့်အဆင့်ဆင့်သယ်ယူပို့ ဆောင်နေရသောတောင်သူတို၏ဒုက္ခ

ကားဂိတ်လုပ်ရန်အကြောင်းပြပြီး ကန်ထရိုက်နှင့်ပေါင်းကာရောင်းစားခဲ့သည် တိုက်တန်းလျှား

No comments:

Post a Comment