Monday, August 20, 2012

တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း

စိတ်တွေမှုန်မှိုင်းလို့
ကျွန်မချစ်သူအွန်လိုင်းမလာ
ရီစရာတွေပျောက်
ကျွန်မချစ်သူအွန်လိုင်းပေါ်က ခုန်ပေါက်ထွက်ပြေး
တစ်ချက်လေးတောင်မတွေ့ရ
အော် အဖြစ်ရယ်
မနှစ်ကနဲ့မတူပါလား

သတိရစရာကိုပြန်တွေး
ကျွန်မချစ်သူနဲ့ချက်တာလေးတွေကိုပေါ့
ဟင့် ...........ခုများတော့
ကံကြမ္မာက အပိုးမကျိုး
ချစ်သူနင်ဘယ်သဝေထိုးနေလဲဟ
အွန်းလိုင်းကမျှော်ရတာ
တကယ်ဘ၀မှာ ရင်နာတယ်
ဒါကြောင့် ........
ကဗျာဖတ်သူများ
တွေ့ရင်ပြောပေး
ဆုကြေးပေးပါ့မယ်
လက်ခံသိမ်းထားသူအား
တည်ဆဲရှိတဲ့ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း......