Saturday, July 21, 2012

ကောင်မလေးရေ

ကောင်မလေးရေ..............

မင်းအကြည့်တစ်ချက်နဲ့တင်

ငါ့နှလုံးသားမြေခ ကြွေကျခဲ့ရပြီ

ချစ်တယ်လို့

ပြောခွင့်မရှိတဲ့ အခြေအနေမှာ

မင်းက အလှတရားတွေ ပိုင်ဆိုင်လွန်တော့

ပိုပြီး အားငယ်မိတယ်ကွာ

ရွှေအိမ်စံရှင် မင်းသမီးလေးကို

ချစ်ခဲ့တော့လည်း

လှပတဲ့ အကြည့်နက်နက်တွေကြားမှာ

အချစ်သစ်ပင်လေး ရှင်သန်ခဲ့ရတာပါ ချစ်သူ

အကုန်ပြောရင်

မင်းအပါးမှာ အမြဲလိုက်ပါတတ်တဲ့

ကိုယ်စောင့်နတ်ကိုတောင် မနာလိုဖြစ်မိတယ်

ဒါပေမယ့်

ဝေးကွာမှုကို အန်တုလို့

အချစ်ရေစီးကြောင်းလေးတစ်ခု

ထာဝစဉ်စီးဝင်လျှက်ဆိုတာ

ကောင်းမလေးသိပါစေလို့ ဆုတောင်းလျှက်.......................

                                                                                     Shein Nanda

No comments:

Post a Comment