ချစ်သူအိမ်မက်
ကောင်မလေးရယ်
မင်းကို ချစ်ခဲ့တဲ့စိတ်က
ဘယ်လိုမှ ထိန်းလို့မရအောင်
ရူးရူးမူးမူး ဖြစ်ခဲ့ရတယ်
စားလည်း မင်းမျက်နှာလေး
သွားလည်း မင်းမျက်နှာလေး
ညအိပ်တဲ့အခါတောင်
အိမ်မက်ထဲမှာ မင်းလေးက
ဝင်ရောက်ခဲ့တယ်
အိမ်မက်ထဲက အတိုင်း
အပြင်မှာ တကယ်ဖြစ်ခဲ့ရင်
ကိုယ်ဝမ်းသာမိမှာဘဲ
ကိုယ်ကို မြန်မြန်လေး
အဖြေပေးပါတော့ ချစ်သူ
ကိုယ်စောင့်မျှော်နေမှာပါ...............................။
Shein Nanda
No comments:
Post a Comment