မင်းလေးကိုအရမ်းချစ်လို့
ကောင်မလေး မင်းကို
ပစ်ထားခဲ့တယ်ဆိုတာ မချစ်လို့မဟုတ်ပါဘူး
မင်းလေးကို အရမ်းချစ်လို့ ပစ်ထားခဲ့ရတာပါ
မင်းကို မုန်းခဲ့တယ်ဆိုတာလည်း မချစ်လို့မဟုတ်ပါဘူး
အရမ်းချစ်လို့ မမုန်းချင်ပဲနဲ့ မုန်းခဲ့ရတာပါ
မင်းရဲ့ မိဘတွေကြောင့် ကိုယ်မလုပ်ချင်ဆုံးအရာကို
ကိုယ်လုပ်ခဲ့ရတာ
မင်းလေးကို မပစ်ချင်ဘဲနဲ့ ပစ်ခဲ့ရတယ်
မမုန်းချင်ဘဲနဲ့ မုန်းခဲ့ရတယ်
ဒီအကြောင်းတွေ မင်းလေးကို ရှင်းပြချင်ပေမယ့်
အရာအားလုံးဟာ နောက်ကျသွားခဲ့ပါပြီး
ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး
ဒါပေမယ့် မင်းလေးကို ဒီဘဝမှာတော့ အဝေးကနေပဲချစ်နေတော့မယ်
ကိုယ်တို့နှစ်ယောက် နောက်ဘဝမှပဲ ပြန်ဆုံနိုင်ပါစေလို့
ကိုယ်ဆုတောင်းနေမှာပါ................................။
Shein Nanda