နင် မသိပါဘူး...နင် မသိချင်ခဲ့
ပါဘူး...
***နင့်ကိုငါဘယ်လောက်လွမ်းနေလဲနင်မသိပါဘူး***
ဆုံနိုင်ခွင့်တွေ
ဝေးလို့
ကဗျာလေးတွေ ချရေးတဲ့ အခိုက်
သတိရစိတ်က ပိုတိုးတိုးလာ
...
အချစ်ဆိုတာ အလွမ်းရဲ့အစလား...
ဒဏ်ရာတွေနဲ့ ညနေ အိပ်မပျော်နဲ့
ည
မိုးရွာမလား ကောင်းကင်ကို ငေးကြည့်ပြန်တော့လဲ
တိမ်တွေ
ကင်းစင်နေတယ်....
ဒီအချိန်မှာ မင်းကို လွမ်းလို့
တသသ ညည်းနေရတဲ့
သံစဉ်တွေကလဲ
မျှော်လင့်ခြင်း အတွက် အရာမထင်ခဲ့ဘူး....
တကယ်ပါ ဘယ်တော့မှ
မေ့ဖြောက်မရတော့မယ့်
်ငါ့ရဲ့ အထီးကျန် ၀ိညဉ်ထဲမှာ
မင်းအချစ်ကိုရဖို့
ကမ္ဘာခြားနေခဲ့ရတယ်........
မင်းပြောသလို ငါကမလုပ်ခဲ့ပါ ဘူး
ဒါပေမယ့်
နင့်က လုပ်တယ် ......
မင်းပြောသလို ငါကမရှုပ်ခဲ့ပါ ဘူး
ဒါပေမယ့်
နင်ကရှုပ်တယ်.......
သတိရခြင်းတွေ ပြွတ်သိပ်နေတဲ့ ဒီရင်ခွင်က
မငိုပဲ
ကျတဲ့ မျက်ရည်တွေကိုရော
ဘယ်သူသိနိုင်မှာလဲ
ကြာလာလေ ဒဏ်ရာတွေ တိုးလာလေလေ
ပါပဲ...
အိပ်မပျော်တဲ့ ၀ိုးတ၀ါး ညတွေ ကုန်ဆုံးချင်ပြီ
ရှေ့တိုးဖို့
ခက်နေသလို
နောက်ဆုတ်ဖို့လဲ မဖြစ်နိုင်သေးတဲ့ ငါ
ကိုယ်တိုင်ပျော်ပိုက်နေတဲ့
အလွမ်းနေ့တွေထဲ မင်းမှားနေတယ်လို့အပြစ်မတင်ရက်ပါဘူး
နင်ချစ်ခဲ့တာက
ငါမှမဟုတ်ပဲလေ.....
အလွမ်းတွေနဲ့ နေ့ရက်တွေမှာ စာနာပေးတဲ့
ဂစ်တာလေးနဲ့
ပင်ပန်းနေတဲ့ နေ့ရက်တွေမှာ အားပေးနေတဲ့
နင့်ရဲ့
စကားသံလေးတွေ
ရင်ခုံသံတွေ သွေးအေးသွားပေမယ့်
ငါတို့နှစ်ယောက်ရဲ့
ဆန့်ကျင်ဘက်ခြေလှမ်းမှာ
အရင်ဦးဆုံး မြေခရတာက စပယ်တော့
မဟုတ်လောက်ဘူး
အလွမ်းတွေနဲ့ ဒီကဗျာပဲ ဖြစ်လိမ့်မယ်...
ဒီနေ့
နေ့တိုင်းထက်တော့ မင်းကို လွမ်းမိသွားပြီ...........
No comments:
Post a Comment