ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
 ဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။
 မြှားတစ်စင်းဆင်ရုံလေးနဲ့တော့
 မကျီစားပါနဲ့…ချစ်သူရယ်….
 ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို
 အခါခ်ါခေါက်သိမ်းရင်း…
 မြတ်နိုးမှုသက်သက်နဲ့တင်
 ကျေနပ်မိသူတစ်ယောက်ကိုမှ
 အလွမ်းတွေ…ပန်းလိုသီဖို့
 ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။
 
ငါသာလျှင်..
မင်းရဲ့အကြည့်
မင်းရဲ့အပြုံးတို့စေစားရာ။
ငါသာလျှင်.
မင်းရဲ့အသံ
မင်းဟန်တို့ရဲ့ရည်မှန်းရာ။
ငါသာလျှင်..
မင်းနှလုံးသား
မင်းအတွေးတို့ပိုင်စိုးရာ။
မမြဲ……..ဖြစ်နေချင်ခဲ့။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက် တောင့်တရင်းနဲ့…
ချစ်သူ
ငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……
မင်းအနားမှာ…
ငါမှတပါး….
အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။
 
No comments:
Post a Comment