မင်းအတွက်နဲ့
ငါ့ဘဝတစ်ခုလုံးကိုပေးအပ်ခဲ့တယ်
မင်းအတွက်ဆို 
ငါဘာတွေပဲ ဖြစ်နေဖြစ်နေ ဖြည့်ဆည်းပေးခဲ့တယ်
 
မင်းဖြစ်ချင်ခဲ့တဲ့ လိုအင်ဆန္ဒမှန်သမျှကို
ငါမရရအောင် လိုက်လျောပေးခဲ့တယ်
မင်းအတွက် ငါအမြဲတမ်းအနစ်အနာခံခဲ့တဲ့သူကို
တစ်ချက်လောက် မင်းပြန်လှည့်ကြည့်ပေးပါ
 
ငါ့တစ်ယောက်ထဲတော့
မထားခဲ့ပါနဲ့
ငါ့ဘဝမှာ မင်းမရှိရင်မနေတတ်လို့ပါ
မင်းရဲ့ ဆန္ဒတွေကို အမြဲတမ်းဖြည့်ဆည်းပေးခဲ့တဲ့ ငါ့ကို
ဒီတစ်ခါတော့
ငါရဲ့လိုအင်ဆန္ဒတွေကို နင်တစ်ခါလောက်
ဖြည့်ဆည်းပေးပါလား................ချစ်သူ
မင်းဖြည့်ဆည်းပေးမယ့်နေကို 
ိကိုယ်စောင့်မျှော်နေမှာပါ ချစ်သူ.................။
                                                                   Shein Nanda 
   
 
No comments:
Post a Comment