Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Friday, October 19, 2012

ပိုမူးအောင် လုပ်နေလို့

အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်...... ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”

ဟာသ











ဒီအချိန်ရောက်လာရင်..

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”
......... .....
( မှတ်ချက်။ ။ အချိန်နှင့် ဒီအရည်သည် လူကို မစောင့်ပါ )

ဟာသများ

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"
လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

၃)
တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....

ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...

" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..

" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး


" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက

" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။

တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)

မြန်မာ ဟာသ လေးတွေပါ ..... ဖတ်ကြည့်ကြပါဦး

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

Thursday, October 18, 2012

* ဟာသ ပါပဲ အာဘန်းရယ် …

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့
ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

လိမ်ပြီးပြောရင် ပါးရိုက်တဲ့စက်ရုပ်



၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာ
လဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

Saturday, September 22, 2012

အပျင်းပြေလေး


တနေ့တုန်းက ဆရာက abnormal psychologyကို သင်နေရင်း အခုလို မေးလိုက်တယ်။
“တပည့်တို့ လူနာတစ်ယောက်ဟာ တောင်မြောက်လူးလားခေါက်ပြန် လျှောက်နေတယ်။ တစ်မိနစ်တစ်ခါကို အသံကုန် (ရင်ခေါင်းသံကြီးနဲ့ အဆုတ်ကွဲလောက်အောင်) အော်တယ်။ ကုလားထိုင်တစ်ခုကမှာ ငြိမ်ငြိမ်ထိုင်နေလို့ မရပဲ နောက်တစ်ခုံကို မကြာခဏပြောင်းတယ်။ အဲဒါ ဘာရောဂါလက္ခဏာလဲ”

တပည့်တစ်ယောက်က ချက်ချင်းထဖြေတယ်။“ အဲဒါ ဘောလုံးနည်းပြပါဆရာ”
မျက်မမြင်ယောက်ျား
တခါက churchတစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံတွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့ (လူရှင်းချိန်)ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ ဆေးဆက်သုတ်ကြတယ်။

ကော်ဖီအကြောင်း- သူတို့ပြောသော ဟာသများ-၂





Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။ သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။ တော်တော်လေး မော်ဒယ်မြင့်တဲ့ စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။ ပလပ်ပေါက်ဘယ်လိုထိုးရင် စက်ကလေးက
ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။ နောက်၅ရက်လောက် ရှိတော့ သူမက အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။


“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆင်မပြေတာတစ်ခုရှိနေတယ်။ အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ ကျွန်မအတွက် အဆင်မပြေဘူးရှင့်။


x ------------------------------------------------x


ဘုရားသခင်ရဲ့ အလိုတော်အတိုင်း



တခါတုန်းက မနက်တိုင်းကော်ဖီဖျော်တဲ့ကိစ္စ(
(brewing coffee))နဲ့ ပတ်သက်ပြီး လင်မယားနှစ်ယောက် အငြင်းပွားကြတယ်။

“ ရှင်ဖျော်သင့်တယ်၊ ဘာလို့လဲဆိုတော့ ရှင်က အိပ်ယာစောစောနိုးတတ်တယ်လေ၊ ဒီတော ကျွန်မတို့ ကော်ဖီစောစောသောက်ရတာပေါ့။ နော မောင်ရာ”

“ဟားဟား အဲလို လူလည်မကျနဲ့၊ မင်းက အိမ်ထောင်ရှင်မလေကွာ။ မင်း ကော်ဖီဖျော်နေတဲ့ အချိန် ငါက ထိုင်စောင့်နေရုံပဲ”

“အို.. ရှင်ဒီလိုမပြောနဲ့ ကျွန်မက အထောက်အထားနဲ့ ပြောတာပါ။ သမ္မာကျမ်းစာထဲမှာပါလို့ ပြောတာ”

“ဘာကွ။ လျှောက်မပြောနဲ့။ ကဲ.. သမ္မာကျမ်းစာထဲမှာ ဘယ်မှာပါလဲ ပြစမ်း”

“ ဟောမှာကြည့်..။”

( သူမက သမ္မာကျမ်းစာ New Testamentကို လှန်ပြလိုက်တယ်။ စာမျက်နှာများစွာရဲ့ ထိပ်မှာ ရေးထားတာက)

"Hebrews" (He Brews).

ဒါကြောင့်လည်း အမျိုးသမီးတွေ တော်ပါတယ်ဆို၊ အရာရာကို ချက်ကျလက်ကျ ပြောတတ်တယ်။

(
မှတ်ချက်။ ။ ရယ်စရာ အဖြစ်ပဲ ဖတ်နော်။ )

ကံမကောင်းသေးဘူးဗျာ

လူငယ်တစ်ယောက်က အရက်ဆိုင်ထဲမှာ သူသောက်တော့မယ့် အရက်ခွက်ကို ငုံကြည့်နေတယ်။ သူအရက်ခွက်ကို ငုံ့ကြည့်ရင်း ငိုင်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ ထရပ်ကားမောင်းသမားတစ်ယောက်ဟာ ဆိုင်ထဲဝင်လာပြီး လူငယ်ဘေးမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ လူငယ်လက်ထဲက အရက်ခွက်ကိုပါ ယူသောက်ပစ်လိုက်တယ်။ ဒါကို မြင်တဲ့ လူငယ်ဟာ ကလေးတစ်ယောက်လို ချုံးပွဲချငိုရှာတယ်။

ထရပ်မောင်းသမားဟာ လူငယ်ကိုကြည့်ပြီး အရမ်းကို စိတ်မကောင်းဖြစ်သွားပြီး ..
“မငိုပါနဲ့ကွာ၊ မင်းကို သက်သက်နောက်တာပါ။ မင်းအတွက် နောက်တခွက်ဝယ်တိုက်ပါ့မယ်။ ယောက်ျားလေးတွေငိုရင် သိပ်ကြည့်မကောင်းပါဘူးကွာ”

“မဟုတ်ဘူးဗျ။ အဲဒါကြောင့် မဟုတ်ပါဘူး။ ဒီနေ့ကျွန်တော်ကံမကောင်းလွန်းလို့ ငိုမိတာပါဗျာ၊ ဒီမနက်က အိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျတယ်။ သူဌေးက ဒီလိုအရေးကြီးတဲ့နေ့ကို နောက်ကျရပါ့မလားဆိုပြီး ရစရာမရှိအောင် ကြိမ်းမောင်းပြောဆိုပြီး အလုပ်ကထုတ်လိုက်တယ်။ ဒါနဲ့ အလုပ်ထဲက ထွက်လာပြီး ကားဆီပြန်လာတော့ ကျွန်တော့်ကားကို သူခိုးခိုးသွားတာတွေ့ရတယ်။ ရဲကိုတိုင်တော့ VIPလူကြီးခရီးစဉ်ကြောင့် အလုပ်ရှုပ်နေလို့ ကျွန်တော့်ကားကို ရှာမပေးနိုင်ဘူးတဲ့ဗျာ။

ဒါနဲ့ ကိုယ့်ကားမရှိတော့လို့ တက္ကစီကားဌားပြန်လာခဲ့တယ်။ အိမ်ဝရောက်မှ သတိရတယ်။ တက္ကစီကားထဲမှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာလည်း ခရက်တစ်ကဒ်တွေပါ ပါသွားတယ်။ ကားသမားကို ကျွန်တော်လှမ်းခေါ်ပေးမဲ့ သူက ကားကို မရပ်တော့ပဲ မောင်းပြေးတယ်။ ဒါနဲ့ အိမ်ထဲဝင်လာတော့ ကျွန်တော့်မိန်းမက တခြားလူတစ်ယောက်နဲ့ အိပ်နေတယ်ဗျာ။

နောက်ဆုံးတော့ ဒီအရက်ဆိုင်ကို ထွက်လာခဲ့တယ်။ ဒီလောက်ကံဆိုးတဲ့ကျွန်တော် သေတာပဲကောင်းတယ်လို့ တွေးမိတယ်။ ဒါနဲ့ အရက်ခွက်ထဲ အဆိပ်ထည့်ပြီး သောက်မလို့လုပ်နေတာကို အခုခင်ဗျားက ယူသောက်သွားတယ်။ သေချင်တာတောင် သေခွင့်မရတဲ့ကျွန်တော် ၊ ဒီလောက်ကံဆိုးတာ ကျွန်တော်မှမ၀မ်းနည်း ဘယ်သူပိုဝမ်းနည်းမလဲဗျာ။ ကျွန်တော့်ကို ငိုခွင့်ပေးကြပါဗျာ... အီး..ဟီးဟီး။။။

“တကယ်တော့ ကံဆိုတာ ကံဆိုးကံကောင်းဒွန်တွဲနေတတ်ပါတယ်။”

အင်တာနက်မှ ဟာသများ

သူမရဲ့ အသက်
မိန်းမတစ်ဦးဟာ ပြန်လည်နုပျိုစေမယ်လို့ အာမခံထားတဲ့ အလှပြင်ပစ္စည်းအချို့ကို ဈေးကြီးပေးပြီး ၀ယ်လာပါတယ်။
အလှပြင်ပြီးနောက် သူမက သူမအမျိုးသားကို လှမ်းမေးလိုက်ပါတယ်။
"ကဲ..ကျွန်မကို ကြည့်ပါဦး အခုဆို ကျွန်မအသက် ဘယ်လောက်အရွယ်အဖြစ် မြင်ရလဲဟင်”
သူက သေသေချာချာ ဂရုတစိုက်ကြည့်ပြီး ဖြေလိုက်တယ်။ “ အသားအရေကိုကြည့်ပြီး ဖြေရရင် အသက် ၂၀၊ ဆံပင်ဆိုရင် ၁၈နှစ်၊ ခန္ဓာကိုယ်အသွင်အပြင်ဆိုရင် ၂၅နှစ်”
“အိုး.. ဒါတော့ ရှင်မြှောက်နေတာ မဟုတ်လား”လို့ သူမက ရှက်ပြုံးနဲ့ ပြန်ပြောတယ်။
“ နေပါဦး၊ စကားမဆုံးသေးပါဘူး၊..”
“ကဲ..ဒါဖြင့် ဘာကျန်သေးလဲ ပြော”လို့ သူမက ကြည်နှုးစွာ ဖြေလိုက်တယ်။
“ငါ တစ်ခုချင်းဆီပဲ ပြောရသေးတာ။ အားလုံးကို ပေါင်းမပြောရသေးဘူးလေးကွာ”

မိန်းမများ ကြိုက်နှစ်သက်သော အားကစား
17နှစ် - shopping
25နှစ် - shopping
35နှစ် - shopping
48နှစ် - shopping
66 နှစ်- shopping

ရွေးချယ်မှုစံ
17နှစ် - tall, dark and handsome (ဒီလောက်ပြည့်စုံရင် တော်ပြီတဲ့)
25နှစ် - tall, dark and handsome with money (နေဦး ပိုက်ပိုက်ရှိမှ လျှောက်လည်လို့ရမှာ)
35နှစ် - tall, dark and handsome with money and a brain (နေဦး ထက်မြက်ဖို့လည်း လိုတယ်)
48နှစ် - a man with hair (ကျန်တာထက် ဆံပင်ပါမှဖြစ်မယ် အလှူ ဘာညာသွားရင် လူမြင်ကောင်းဖို့လိုတယ် :))
66နှစ် - a man (ဆံပင်မပါလည်း ရပြီ ဆေးပေးမီးယူပဲ :))

ဂျပန်နိုင်ငံက ဟာသများ

ဂျပန်နိုင်ငံက အများပြောပြောပြီး ရယ်ကြတဲ့ ရယ်စရာတွေအကြောင်း ဒီနေ့စကားစပ်မိလို့ lab ထဲမှာ ပြောရင်း ရယ်ဖြစ်ကြတယ်။ မောပန်းနေတဲ့ သူငယ်ချင်းများအတွက် အမောပြေ ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်။ တဒင်္ဂ ရယ်မောဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ.:D. ။ ဒီလိုတဲ့...

၁။ သမ္မတ ကလင်တန် နဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအကြောင်း
(တချို့လည်း သိပြီးသားဖြစ်နေမလားပဲ.မသိသေးသူများအတွက် ပြန်ပြောပြမယ်နော်။)
အခုဝန်ကြီးချူပ်ရဲ့ ရှေ့ လေး ငါးဆက်မြောက်က ၀န်ကြီးချူပ် မစ္စတာမိုရိဆိုတာ ရှိခဲ့တယ်။ (၂၀၀၀ခုနှစ် မတ်လက ဖြစ်ခဲ့တာ) အမေရိကန်သမ္မတ ကလင်တန်လာမယ်ဆိုတော့ ကြိုဆိုဖို့ ပြင်ကြတယ်။ အစဉ်အဆက်က အမေရိကန်သမ္မတများ၊ ဂျပန်သမ္မတများဟာ ဆွေးနွေးချက်အားလုံးကို စကားပြန်နဲ့ ပြောကြပေမယ့် နှုတ်ဆက်စကားတော့ အင်္ဂလိပ်လို နှုတ်ဆက်နေကြ အစဉ်အလာ ရှိတယ်။ ဒီတော့ ၀န်ကြီးချူပ် မစ္စတာမိုရိလည်း အင်္ဂလိပ်လို နှုတ်ဆက်စကားကို အသေ ကျက်ထားတယ်ပေါ့။

သူတို့ နှစ်ဦး တွေ့တော့ အပြန်အလှန်နှုတ်ဆက်ပုံလေးကို နားထောင်ကြည့်ပါ..။

Bill Clinton :  Hello!!
Mori:  Hello! Who are you! (How are you နဲ့ မှားပြီး ပြောမိတာ)
Bill Clinton :   I am husband of Hillary Clinton.

( နှုတ်သွက်တဲ့ ကလင်တန်က အခုလို ပြန်နောက်လိုက်တာဖြစ်ပါတယ်။ သို့သော်...မစ္စတာမိုရိရဲ့ တုန်ပြန်စကားက)

Mori:  me, too.
Bill Clinton :  ? ? ? ? 
တနိုင်ငံလုံး ရယ်ပွဲကျသွားခဲ့တယ်။


ဒါပြင် နောက်တကြိမ်.. မှားသေးတယ်.. အဲဒါက အကြီးအကဲ နှစ်ဦး လက်ဆောင် ဖလှယ်တုန်းကပေါ့..
Bill Clinton :  This presents for you.Mori :  No,thank you!(oh、thank you ကို မှားပြောတာ)
ကလင်တန်က လက်ဆောင်ကို ပြန်ယူသွားရ မသွားရ ဆုံးဖြတ်ရခက်သွားတယ်တဲ့..

အတွေးတချို့နဲ ဟာသတချို့

စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
(၁) Happy Birthday
တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
\(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
***
(၂) အစားထိုး ပစ္စည်း
အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
“ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D
တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

Wednesday, August 22, 2012

(12) ရာသီခွင်ဟာသ

(12) ရာသီခွင်ဟာသ ၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ) မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်" Aries "ဟုတ်ကဲ့ပါ မေမေ" ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်" မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?" Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူ မမြင်အောင်ချွတ်ထားပြီးမှ ဒါန်းစီးတာပါ" (Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်) (၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ) ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး" ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ" (Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ) မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ" Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ" (Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊

စာသင်ခန်းဟာသများ


ဘယ်မှမသွားတဲ့မျက်နှာ
ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´
-
ကတ်သီးကတ်သပ်
ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။
ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။
အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။
-
သူ့မနော
မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။
``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´
ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…
``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´
ဆရာကြီး ကျေနပ်သွားတယ်။
``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´
``ဟို… ဘယ်တစ်ယောက်လဲဟင်´´

ရယ်ချင်ပါသလား ဖြေးဖြေးရယ်ပါ

အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို မကြည့်နိုင်လောက်အောင်ဖြစ်နေရာ


မှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး ထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယော
က်ျားလု စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့ ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့် ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က ပယ်ချလိုက်ကြောင်း.....။
နယ်သတင်းများ..။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို နယ်ကာ အိမ်များတွင်မိန်းမများက အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။
အိုင်တီ.သတင်း.....။အင်တာနက်ဆို
င်များ ပေါများလာခြင်းကြောင့်...အပြိုင်အဆိုင်ဖြစ်ကာ...ဈေးချခြင်း...၊ဆက်တိုက်သုံးလျှင် ထမင်းပါကျွေးခြင်း ။ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း ။အကောင့် အလန်းလေးများ ရှာပေးခြင်း..။တခါတလေ ကြူ ပါရဂူ များခန့်ထားပီး ကူ ကြူပေး ခြင်း..(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက် စီစဉ်ပေးခြင်း....စသည့်ဝန်ဆောင်မှုများဖြင့် ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း...ကျွမ်းကျင် သူများက သုံးသပ်ကြ ကြောင်း...။အချို့သော ဆိုင်များက မသမာသော နည်းသုံးနိုင်သည်..။အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများ နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင် ကြားကသွေးထိုး ခြင်းများပင် လုပ်လာနိုင်ကြသည်ဆို ဧ်။

စသဖြင့် သတင်းအစုံ အလင်ပါ..။

Web ထဲမှ စုစည်းမှုဟာသများ

သူ.အတွေး
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...