အရက်မူးနေသူ တစ်ယောက်က ဆိုင်ရှင်ကို ပြောလိုက်သည်။
“ ကျွန်တော် ခင်ဗျား ဆိုင်မှာ သောက်တာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။ ဒါပေမယ့် မနက်ဖြန်က စပြီး မလာတော့ဘူးဗျာ ”
“ ကျွန်တော့် ဆိုင်က အရက်မကောင်းလို့လား၊ ဆက်ဆံရေး မကောင်းလို့လား ”
“ အာ....အရက်လည်း ကောင်းတယ်။ ဆက်ဆံရေးလည်း ကောင်းတယ်...ဒါပေမယ့်...... ”
“ ပြောပါဗျာ...အားမနာပါနဲ့ ”
“ စိတ်တော့ မရှိပါနဲ့ဗျာ၊ ခင်ဗျားဆိုင်မှာ ကပ်ထားတဲ့ အရက်ကြော်ငြာ မင်းသမီးတွေက ကျွန်တော့်ကို အရက်ပိုမူးအောင် လုပ်နေလို့ပါ ”
Friday, October 19, 2012
ဒီအချိန်ရောက်လာရင်..
ဆေးခန်းတစ်ခုတွင် ဆရာဝန်
ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့်
သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက
အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ
ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”
......... .....
( မှတ်ချက်။ ။ အချိန်နှင့် ဒီအရည်သည် လူကို မစောင့်ပါ )

ဟာသများ
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
၂)
တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
၃) တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)

မြန်မာ ဟာသ လေးတွေပါ ..... ဖတ်ကြည့်ကြပါဦး
(၁) သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။
ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက
ကျွန်တော်က " သုံးဆယ် " ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................
( ၂) မလွဲသောအမှား
အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "
( ၃ ) ဖြစ်ရမယ်
မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။
ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ
ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ
ဦးလေး ။ ဘာဖြစ်လို့လဲကွ
ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ
ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ
ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ
( ၄ ) ပါတော့ ပါသွားတယ်
ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက
ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

Thursday, October 18, 2012
* ဟာသ ပါပဲ အာဘန်းရယ် …
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့
ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”

အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”

ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”
☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻
လိမ်ပြီးပြောရင် ပါးရိုက်တဲ့စက်ရုပ်
၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာ
လဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။
Laptop Speed ကိုမြန်အောင် ပြန်လုပ်မယ်
(Nayzawlin မှ ပြန်လည်မျှဝေလိုက်ပါတယ်)
သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
Hard Disk ထဲက partition တစ်ပိုင်းပျောက်နေပါလား
ဒီတစ်ခါတော့
သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ error တစ်ခု ကိုပြောပြချင်ပါတယ်။ သူက
ဝင်းဒိုးတင်ပြီးတဲ့ နောက်ပိုင်းမှာ partiton ခွဲထားတာက သုံးခု နှစ်ခုပဲ
ပေါ်နေတယ်။ အဲဒါဘယ်လိုပြန်ပေါ်အောင်လုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်။
မသိသေးသောသူများ အတွက်ပါ။ အရင်ဆုံး My computer ပေါ်ကို right click
ထောက်လိုက်ပါ။ ပြီးရင် Disk Management ကလစ်ပေးပါ။ ပြီးရင် ပျောက်နေသော
partition ကိုရှာပါ။ အဲဒီပေါ်ကို right click ထောက်ပါ။ change
Drive latter and paths ကို ကလစ်ပေးပါ။ အဲဒီမှာ C ရယ် D ရယ်က လွဲလို့
တခြား တစ်ခုခုကိုရွေးပါ။ ပြီးရင် ok ပေးပါ။ ဒါဆိုရင် ပျောက်နေတဲ့ partition
ပေါ်ပါပြီ။
အဆင်ပြေပါစေ........
အားလုံးကိုလေးစားလျက်.......
USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်

ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ်ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေတက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထားမိရင်တော့ဗိုင်းရပ်စ်တွေဟာ မိမိကွန်ပျူတာထဲကို အလွယ်တကူ ၀င်ရောက်လာနိုင်ပါတယ်။
အဲ့လိုဝင်ရောက်လာတာ ကိုကာကွယ်ဖို့နည်းလမ်းများ စွာထဲက အခုနည်းလမ်းတစ်ခု ကိုရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံးဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တာကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိသွားပါတယ်။
ဒီတော့ autorun ကို ပိတ်ထားမှအဆင်ပြေပါလိမ့်မယ်...။
ဒါဆိုရင်တော့ autorun ကိုပိတ်လိုက်ရအောင်...
- Start/Run (box) မှာ gpedit.msc လို့ရိုက်ပါ။
- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စုအောက်က Administrative Templates ကို ရွေးချယ်ဖွင့်ပါ။
- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်းအတွင်း Setting များတွင် Turn of Autoplay ကို ကလစ်နှိစ်ချက်နှိပ်ပါ။
- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကိုရွေးချယ်ပါ။
အားလုံး အဆင်ပြေ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။
ဘလော့ Address ရှေ့မှာ icon ပုံလေးထည့်ချင်ရင်
အပေါ်ကပုံလေးလိုပေါ့ ..... မသိသေးတဲ့သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။အဆင်မပြေရင်လည်း
ပြောပါ .... ပြန်ပြီးတော့ရှင်းပြပေးပါမယ်။
လုပ်နည်း ....
1. ဘလော့ထဲကို Sign in ဝင်ပါ။
2. Template ----> Edit HTML ----> Proceed ထဲကိုသွားပါ။
3. <b:skin> အဲဒိစားလုံးကိုရှာပါ။ Hint : Ctrl+F ကိုနှိပ် <b:skin> ဒီကုဒ်လေးထည့်ပြီးအလွယ်တူရှာနိုင်ပါတယ်။
4. အဲဒိ <b:skin> ဆိုတဲ့ကုဒ်လေးကိုတွေ့ပြီဆိုရင်သူ့အပေါ်မှာ အောက်က ကုဒ်ကလေးထည့်ပေးလိုက်ပါ။
<link href='http://i1075.photobucket.com/albums/w428/www43/1340683830_Install1-1.png' rel='shortcut icon' type='image/x-icon'/>
5. အဲဒိအပေါ်က ကုဒ် တွေထည့်ပြီးရင် Save Template လုပ်ပါ။
6. ကျွန်တော့်အနီနဲ့ဝိုင်းထားတဲ့ URL က ကျွန်တော့်ဘလော့ icon ရဲ့ .... URL ပါ။
7. အဲဒိ အနီနဲ့ဝိုင်းထားတဲ့နေရာလေးမှာ ကိုယ်နှစ်သက်ရာ ပုံရဲ့ URL ကိုကူးပြီးထည့်ပေးလိုက်ပါ။ ( IT-Ware မှ ပြန်လည်မျှဝေလိုက်ပါတယ်)
ကွန်ပျူတာ ဗိုင်းရပ်စ် ရှိ ၊မရှိ စစ်ရန်
• Tools Menu က Folder Options ပျောက်နေ ပါသလား။
• Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
• Administrator Account ဖြစ်ရဲ့ သားနဲ့
Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
• Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
• Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
• Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
• Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )
အထက်ပါ အချက်တွေထဲက တစ်ခုခု ကွန်ပျူတာမှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။

Wednesday, October 17, 2012
စက်ပိတ်တာနဲ့ Recent Files ကို Auto Clear လုပ်နည်း။
မိမိကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto
Clear ဖြစ်သွားအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မသိတဲ့သူတွေအတွက်
ဖော်ပြပေးလိုက်ရပါတယ်။ Recent Document ဆိုတာ
ဘာလဲဆိုတာ မသိတဲ့သူတွေအတွက် နည်းနည်းပြောပြပါမယ်။ ကွန်ပျူတာကို ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ မိမိဖွင့်တဲ့ Folder တွေ၊ ဖိုင်တွေ။ ပုံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံ
လို့မရအောင် မပိတ်ခင်မှာ Run>>Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမယ်ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လည်းရပါတယ်။ ဒါပေမယ့် အမြဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ပါဘူး။ ပိုဆိုးတာက အဲဒီ Recent Documents
တွေကို မဖျက်ဘဲ ထားတာကြာလာရင် စက် handing သွားနိုင်သလို Virusတွေခိုအောင်းတဲ့နေရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပုံမှန် ရှင်းလင်းသင့်ပါတယ်။ ဒါကြောင့် မိမိလည်းရှင်းရသက်သာအောင် မိမိမေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
၁။ Start>>Run မှာ Regedit လို့ရိုက်ထည့်ပါ။ပြီးရင် အိုကေပေးလိုက်ပါ။
၂။ HKEY_Current_User>>SOFTWARE>>Microsoft>>Windows>>CurrentVersion>>Policies>>
Explorer နေရာထိရောက်အောင်အဆင့်ဆင့်သွားပါ။ ရောက်တာနဲ့ညာဘက်က နေရာလွတ်မှာ New>>
DWORD Value ကိုကလစ် နှိပ်လိုက်ပါ။ Rename ကို ClearRecentDocsOnExit လို့ရိုက်ပြီး Name ပေး
လိုက်ပါ။
၃။ မိမိတည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double Click ပဲနှိပ်နှိပ်။ Right Click ထောက်ပြီး
Modify ကိုပဲဖြစ်ဖြစ် ကလစ်လိုက်ပါ။ပြီးတာနဲ့ Value Data မှာ 1 လို့ရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး စက်
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာတာနဲ့ Auto Clear ဖြစ်မှာဖြစ်ပြီး..မည်သူမျှ ကိုယ်ကြည့်ခဲတဲ့ဖိုင်တွေ
ကိုခြေရာခံနိုင်တော့မည်မဟုတ်ပါ။
အားလုံးပဲအဆင်ပြေပါစေ
...

Blog အတွက် ပေါ့ပေါ့ပါးပါး Share Button လေးထည့်ရအောင်
ကိုယ့်ရဲ့ Blog မှာ ပေါ့ပေါ့ပါးပါး Share Button လေး ထည့်ထားမယ် ဆိုရင်
- Blog သို့ Log in ၀င်ရောက်ပြီး Dashboard သို့ ၀င်ရောက်လိုက်ပါ။
- Blog Template ကို Back Up လုပ်ထားလိုက်ပါ။
- ဘယ်ဘက်ခြမ်း Menu များထဲမှ Template သို့ ၀င်ရောက်လိုက်ပြီး ညာဘက်ခြမ်းတွင် ပေါ်လာသည့် အထဲမှ Edit HTML ကိုနှိပ်လိုက်ပါ။
- Proceed ကိုနှိပ်ပါ။
- Expand Widget Template ရှေ့က အဖြူကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ။
- Keyboard မှ (Ctrl+F) ကိုနှိပ်ပြီး Find box ကိုခေါ်လိုက်ပါ။ (Edit menu မှ Find ကိုနှိပ်ရင်လည်းရပါတယ်။)
- Find box လေးထဲမှာ အောက်က Code ကိုရိုက်ထည့်ပြီးရှာပါ။ ( ဒီစာမျက်နှာကနေ Copy ကူးပြီး Paste လုပ်ရင်လည်း ရပါတယ်။)
Sotay
ဒီသီချင်းလေးကတော့ ဆိုတေးရဲ့ အ၀းရောက်ချစ်သူ သီချင်းလေးပါ။နားထောင်ချင်လျှင် အောက်မှာ ဒေါင်းလိုက်ပါ။
Google Translate Widget with Flags For Blogger
ဒါလေးကတော့ google ရဲ့ဝန်ဆောင်မှုလေးတစ်ခုပါ... နိုင်ငံအတော်များများရဲ့ အလံတော်လေးတွေပါ..
It supports 12 different languages: English, French, German, Spanish, Italian, Dutch, Brazilian, Russian, Japanese, Korean, Arabic And Chinese.
ထည့်နည်းလေးကတော့ (ဘလော့ခရီးသည်မှ ပြန်လည်မျှဝေလိုက်ပါတယ်)
ပထမဆုံး Blogger sing in လုပ်ပါ Blogger Dashboard >> Design >> Page Elements >>"Add A Gadget" အဲထဲကနေမှ HTML/JavaScript ကိုကလစ်လိုက်တာနဲ့ box တစ်ခုကျလာမယ် အောက်ပေးထားတဲ့ ကုဒ်တွေကို ထည့်ြုပီး save လိုက်ပါဗျာ....

<script type="text/javascript">
function showHide(shID) {
if (document.getElementById(shID)) {
if (document.getElementById(shID+'-show').style.display != 'none') {
document.getElementById(shID+'-show').style.display = 'none';
document.getElementById(shID).style.display = 'block';
}
else {
document.getElementById(shID+'-show').style.display = 'inline';
document.getElementById(shID).style.display = 'none';
}
}
}
</script>
<style>
.google_translate img {
margin: 10px 20px 0px 20px;
height: 24px;
width: 24px;
}
.google_translate:hover img {
filter:alpha(opacity=0.30);
-moz-opacity: 0.30;
opacity: 0.30;
border:0;
}
.more {
display: none;
a.showLink, a.hideLink {
text-decoration: none;
color: #0880C4;
padding-left: 18px;
background: transparent('down.gif') no-repeat left; }
a.hideLink {
background: transparent url('up.gif') no-repeat left;
color: #0880C4;}
a.showLink:hover, a.hideLink:hover {
color: #0880C4;
}
</style>
<div>
<a class="google_translate" href="#" target="_blank" rel="nofollow" title="English" onclick="window.open('http://translate.google.com/translate?u='+encodeURIComponent(location.href)+'&langpair=auto%7cen&hl=en'); return false;"><img alt="English" border="0" align="absbottom" title="English" height="24" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtl5AIK66XQxSuk3_x8lC4ciTR6v7SMu41vA6zXqI_SCIjRI_6ZGz4lMZdjkJWo608QxT3ZClTc884vLuu1ax1maBWH2JtxliaK1BwgeIoVL4qA5ENC3M0cptn6XvHcVJE65aV-jTa19P/s1600/United+Kingdom(Great+Britain).png" style="cursor: pointer;margin-right:8px" width="24"/></a>
<a class="google_translate" href="#" target="_blank" rel="nofollow" title="French" onclick="window.open('http://translate.google.com/translate?u='+encodeURIComponent(location.href)+'&langpair=auto%7cfr&hl=en'); return false;"><img alt="French" border="0" align="absbottom" title="French" height="24" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrWbnv25MnWYW4fWUDj1N0YQq2cGI8RhCefuHrUajXrXO-UhR9s7yH64XsEFmqb43-8UAqAlcCNbhBMzGgPVMUui0-WdE5CMNmvZYZ8zRc4Ywdb63rXwpHPEToxnIymHYQXq38AabNdvI/s1600/France.png" style="cursor: pointer;margin-right:8px" width="24"/></a>
<a class="google_translate" href="#" target="_blank" rel="nofollow" title="German" onclick="window.open('http://translate.google.com/translate?u='+encodeURIComponent(location.href)+'&langpair=auto%7cde&hl=en'); return false;"><img alt="German" border="0" align="absbottom" title="German" height="24" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvkVp_TMFx0T_T_kHmH8nx3vYId7b8hebbu9CRXjrrDD2MDvvEjPLBBhtKL20RpbhwbyyvjJQRWyWw1cwLBK-Z2IJC0JCO8vl7S3pPt05UQL-_W8_AEo8aCy_6SX-dzptlzOnsxDN9vRi/s1600/Germany.png" style="cursor: pointer;margin-right:8px" width="24"/></a>
<a class="google_translate" href="#" target="_blank" rel="nofollow" title="Spain" onclick="window.open('http://translate.google.com/translate?u='+encodeURIComponent(location.href)+'&langpair=auto%7ces&hl=en'); return false;"><img alt="Spain" border="0" align="absbottom" title="Spain" height="24" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5qT071Gb_C14gfXJWm7HICkNAMJ03-0Qm5_ep9wgSo-JGZ2Nrpcx31o82-7Tr4Qglz49iQX5cNyYauzoX63HR3Dvr82UV8Uvv4oMH0KLVLzbiTt_074-MLyC8D1IhXIurfUZFsBj_1gZT/s1600/Spain.png" style="cursor: pointer;margin-right:8px" width="24"/></a><a href="#" id="example-show" class="showLink"
onclick="showHide('example');return false;">More</a>
<div id="example" class="more">
<a class="google_translate" href="#" target="_blank" rel="nofollow" title="Italian" onclick="window.open('http://translate.google.com/translate?u='+encodeURIComponent(location.href)+'&langpair=auto%7cit&hl=en'); return false;"><img alt="Italian" border="0" align="absbottom" title="Italian" height="24" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25MZ7HMeMzQgp2GU4HLrqvYlZXCV_BhxIG0Ek4O1Ay_BRwp6MDoNCTJkGkDixB3NoLxxcMWPM4pEVg52I_ox7I1XRO6u9nyFQACDZ7VLjYkDTViYFUeoIUPoFuetLmPK0Dk8yfLue8H3j/s1600/Italy.png" style="cursor: pointer;margin-right:8px" width="24"/></a>

Subscribe to:
Posts (Atom)