Sunday, July 14, 2013

အမုန်း

သူ့ဆီကရလိုက်တဲ့...
အမုန်းဆိုတဲ့
ရိုးရိုးရှင်းရှင်းစကားလုံးလေးက...
ခန္ဓာကိုယ်တစ်ခုလုံး
ရှုပ်ရှက်ခတ်သွားအောင်ချေမွလိုက်တာ...
နှလုံးသားမှာကြက်ခြေခတ်တွေ
ပြည့်နှက်သွားပြီထင်ခဲ့ပေမယ့်...
အမှန်တော့...အမုန်းဓားချက်ကြောင့်
သွေးစက်တွေတောင် စိမ့်ထွက်နေပါပေါ့လား။

Saturday, July 13, 2013

သတ်လိုက်ပါ

စိတ်ခံစားမှုကို.......
ဂီတနဲ့အမွှန်းတင်....
သက်သေပြချက်နဲ့ထွက်ဆို......
မင်းရဲ့ ရွှန်းမြမြနှုတ်ခမ်းဖျားလေးနဲ့....
မင်းရဲ့ ကြည်မြတဲ့ဂီတသံတွေက......
လူကိုသေအောင်.....ညှို့နေတာလား။
မသေ သေအောင်....သတ်နေတာလား။