Sunday, September 30, 2012

Facebook မှ စုစည်းမှု






Program ဆိုတာဘာလဲ

       Program ဆိုတာအမိန့်တွေကို စုဝေးတာပါ။ Set of Instruction ပေါ့။ ရုတ်တရက်နားမလည်ရင်တော့ ဆက်လေ့လာကြည့်ပါ။
                           ဥပမာ ပြောပြမယ်။ အိမ်မှာဝိုင်းကူချက်ဖို့ အိမ်ဖော်တစ်ယောက်ကို ငှားလိုက်မယ်။ မနက်လင်းတော့ သူကကိုယ်ထက် အရင်နိုးပေမယ့် ဘာမှမလုပ်ထားဘဲထိုင်နေမယ်။ ကဲ ဒီလိုမဖြစ်ရအောင် မနက်မင်းအရင်ထ မီးမွှေး၊ ရေနွေးအိုးတည်ထားလိုက်လို့ပြောထားမယ်။ ကဲ ဟုတ်ပြီ မနက်လင်းတော့ မီးမွှေး၊ ရေနွေးအိုးတည်ပြီး တော့ သူဘာမှဆက်မလုပ်တော့ဘူး။ မီးတွေအားနေမယ်။ ကိုယ်ကလည်း မနိုးသေးဘူး။ ဒီလိုဆိုလည်း မဖြစ်ပြန်ဘူး။ ကဲဒီတော့ ဒီနေ့ကတည်းက ဘာလုပ်ရမယ်။ ဘာပြီးရင်ဘာလုပ်ပါ။ ဒါကို စာရွက်ထဲမှာရေးမယ်။ ပြီးတော့ မနက်ကျရင်  သူမြင်အောင် မြင်သာတဲ့နေရာမှာ ကပ်ထားပြီးမှအိပ်မယ်။ ဒါဆို မနက်ကျရင် စာရွက်ထဲကအတိုင်း သူလုပ်သွားလိမ့်မယ်။ ကိုယ့်ကို စောင့်စရာမလိုတော့ဘူး။ ဒီစာရွက်ထဲမှာ ဘာတွေပါသလဲဆိုတော့ ပထမဦးဆုံး မီးမွှေး။ ရေနွေးအိုးတည်ပါ။ ရေနွေးတည်ထားချိန်မှာ ထမင်းအိုးတည်ဖို့ ဆန်ဆေးထားပါ။ ရေနွေးအိုးဆူရင် ဓါတ်ဘူးထဲထည့်ပါ။ ပြီးရင် ထမင်းအိုးတည်ပါ။ ထမင်းအိုးတည်နေတုန်း ကောဖီဖျော်ပါ။ ပေါင်မုန့်ကို ယိုသုတ်ထားပါ။ ပြီးရင် အ၀တ်တွေလျှော်ဖို့ ရေစိမ်ထားပါ။
                                 တွေ့လား။ ဒီစာရွက်မှာ အမိန့်တွေပါတယ်။ ဒီအမိန့်တွေကလည်း ကစဥ့်ကလျားဖြစ်နေလို့မရဘူး။ သေချာစီစဉ်တကျဖြစ်ဖို့လိုတယ်။ ဒါဟာ အမိန့်တွေကို စုစည်းထားတဲ့ A Set of Instruction ဆိုတဲ့ Program ပါပဲ။ ပြန်လည်မျှဝေလိုက်ပါတယ်။

Saturday, September 29, 2012

Email Links များအသုံးပြုခြင်း

  Page တစ်ဆီကို Link သွားချိတ်တာမဟုတ်ဘဲ ကိုယ်ရောက်ချင်တဲ့ Email Address ကို Link ချိတ်တဲ့ပုံစံလေးကို အောက်မှာရှင်းပြပေးထားပါတယ်။
                <A HREF="MAILTO:something@address.com">something@address</A>
   အဲဒီမှာ <A> Tag ရဲ့ Value ထဲမှာ mailto: လို့ရေးပြီး ကိုယ်သွားချင်တဲ့ Email Address ကို ထည့်ပေးရပါမယ်။ အဲလို Link ချိတ်ထားတဲ့အတွက် Link စာသားကို Click လုပ်လိုက်တာနဲ့ ကိုယ်ရောက်ချင်တဲ့ Email Address ကို စာလှမ်းပို့နိုင်တဲ့ Compose Mail Box ကျလာပါလိမ့်မယ်။ ရေးချင်တာရေးပြီး ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီ။

CCleaner Professional v3.21.1767 (86x64)

                     ဒီ software လေးကိုတော့လူတိုင်းသိကြမှာပါခင်ဗျာ။ မသိသေးသောသူအတွက်လည်းပြောချင်ပါတယ်။ ဒီ software လေးက ကိုယ်မလိုချင်တဲ့ software တွေကို         uninstall လုပ်လို့လည်းရပါတယ်။          ကွန်ပျူတာထဲတွင် ရှုပ်ပွနေသော                   ဖိုင်များကိုလည်း ရှင်းလင်းသွားအောင်     ပြုလုပ်လို့လည်းရတဲ့ software လေးပါ။ လိုအပ် လျှင်အောက်မှာ ဒေါင်းယူနိုင်ပါတယ်။
 

Thursday, September 27, 2012





ဟာသ





Facebook စုစည်းမှု




                                             ဟေ့ကောင် ပြေးထား နိုင်တော့မယ်

Flash Player

            ဒီ software လေးကတော့ ကိုယ့်စက်မှာ Internet website တွေ ကြည့်တဲ့အခါ website က နာရီတွေ ပြက္ခဒိန်ပုံတွေ မမြင်လို့ရှိရင် ဒီ software လေးသွင်းလိုက်ရင် ကြည့်လို့ရသွားပါလိမ့်မယ်။ အဆင်ပြေပါကြပါစေ။

ချစ်သူတို့၏ ခွန်အား

ချစ်သူ့လက်သာ ဆုပ်ကိုင်ထားရပါစေ
ဘဝရဲ့ ဒုက္ခဆိုတာ
အရမ်းချိုတဲ့ ဧဒင်ဥယျာဉ်ထွက်
သစ်သီးတစ်လုံးပါ၊
အဲဒီသစ်သီးထဲမှာ ချစ်သူ
အပြုံးတွေပါတယ်
ချစ်သူ့ရယ်သံလေးတွေပါတယ်
ချစ်သူ့အင်အားတွေပါတယ်
ချစ်သူ့ရဲ့" ချစ်တယ် " ဆိုတဲ့
စကားသံတွေပါတယ်။

သံသယကြောင့်ပါ

သံယောဇဉ်နှောင်ကြိုးတွေ
ရစ်ပတ်ဖွဲ့ချည်နှောင်လို့....
သူ့ကိုဆက်ချစ်နေဖို့...
ရူးသွပ်စွာစိတ်ကူးယဉ်နေတဲ့
မျှော်လင့်ချက်မျှင်မျှင်လေးဟာ...
ရင်ခွင်မှာပွေ့ပိုက်ထားတဲ့
သံသယအစိုင်အခဲတွေ...
ကျော်ဖြတ်ဖို့အားမသန်လို့...
ခုတော့....ပြတ်တောက်သွားရပြီ။

အချစ်စစ်မသေးဆုံးဖို့

ချစ်ခြင်းရဲ့အစမှာ
နှလုံးသားဟန်ချက်ပျက်....
ယိုင်နဲ့နဲ့ဖြစ်ခဲ့တယ်။
ကံကြမ္မာထောက်ပံ့လို့.....
မမှန်ကန်တဲ့အချစ်များ
အခါခါသေဆုံးသွားပြီး...
ခုတစ်ခါ ရှင်နဲ့တွေ့ချိန်...
အချစ်စစ်မသေဆုံးဖို့....
ဝိုင်းဝန်းကူညီပေးပါလို့်။

မယုံနိုင်ခဲ့ဘူးလေ

ဟန်ဆောင်လိမ်ညာကင်း....
အရိုးရှင်းဆုံးချစ်သူပါကွယ်။
မင်းရဲ့လမ်းခွဲစကားသံတွေ...
နားစွင့်တိုင်းကြားနေပေမယ့်...
အရိုးခံစိတ်အတွေးနဲ့မို့...
ကြည်စယ်တယ်ပဲထင်မိခဲ့။
ပန်းနုရောင် ဖိတ်စာလေးပေါ်မှာ...
မင်းနာမည်သေချာမြင်မှပဲ.....
လမ်းခွဲတာယုံနိုင်တော့တယ်။

သူငယ်ချင်းနဲ့ညားတဲ့ ငါ့ရည်းစား

ကိုယ့်အချစ်ဆုံးသူငယ်ချင်း....
ကိုယ်သိပ်ချစ်တဲ့ချစ်သူ....
ခင်မင်ကျွမ်းဝင်စေချင်တာ....
ကိုယ်ရဲ့ စေတနာအမှန်။
ခုများတော့....သီချင်းထဲကလို
" နာမည်ကြီ်း ထမင်းငတ် "
" ကျော်တော့ လှေသူကြီး၊
  ညားတော့ လှေထိုးသား "ဖြစ်ရပြီ။
သူငယ်ချင်းနဲ့ညားတဲ့...ငါ့ရည်စားရယ်။

မင်းမှမင်း

ချစ်တယ်လို့စပြောခဲ့တာ....မင်း။
မပျော်လို့လမ်းခွဲချင်တာ....မင်း။
မုန်းလိုက်ဖို့ အကြောင်းကြားလာတာ.....မင်း။
လွမ်းနေပြီလို့စာရေးလာတာ....မင်း။
ပြန်ချစ်ကြဖို့တောင်းဆိုပြန်တာ...မင်း။
ရုတ်တရက်ပျောက်ဆုံးသွားတာ....မင်း။
လက်ထပ်ဖိတ်စာပို့ပေးလာတာ....မင်း။
ကိုယ်မဟုတ်ကဲ့သတို့သားနဲ့...
ရွှေလည်တွဲပျော်နေရက်တာ....မင်း။

Wednesday, September 26, 2012

Browser မရှိဘဲ Website ကြည့်မယ်

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

မသင်မနေရ မူလတန်းပညာရေး ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ

မသင်မနေရ မူလတန်းပညာရေးအဖြစ် ဥပဒေအရ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။ ”အခုအိမ်နီးချင်း နိုင်ငံတွေမှာ ရှိတဲ့ ဥပဒေတွေကို လေ့လာနေပါပြီ” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျောင်းနေသည့် ကလေးတိုင်းမူလတန်းပညာ သင်ယူပြီးမြောက်နိုင် ရန်နှင့်ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းနေရေးအတွက် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။ လွတ်လပ်ရေးရပြီးချိန်မှ စ၍မြန်မာ့ ပညာရေး သမိုင်းစဉ်တစ်လျှောက်လုံး၌ အခြေခံပညာ မူလတန်းအဆင့် သင်ကြားရေးအား ဥပဒေတစ်ရပ်ဖြင့် ပြဋ္ဌာန်းမှုမပြုခဲ့ကြသည့်အတွက် ယခုအစိုးရလက်ထက် တွင်ပြဋ္ဌာန်းသွားနိုင်မည်ဆိုပါက သမိုင်းဝင်လုပ်ဆောင်မှု တစ်ခုဖြစ်လာမည်ဟု မြန်မာ့ပညာရေးအပေါ် စောင့်ကြည့်လေ့လာသူအချို့က သုံးသပ်သည်။ ယူနက်စကိုမှ အရာရှိတစ်ဦးက”ဒီလိုမျိုး ဥပဒေသာပေါ်လာရင်ကြိုဆိုကြရမှာပဲ။ ဂျပန်မှာဆိုရင် အလယ်တန်းအဆင့်ထိတောင် လုပ်နေပြီ။ ဒါက ဘာလဲဆိုရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရာမှာ ပညာတတ်တွေက မပါမဖြစ် ပါကြရမယ်။ ပညာရေးရဲ့ အခြေခံအုတ်မြစ်ကိုခိုင်မာအောင် ဥပဒေနဲ့ ဆောင်ရွက်သင့်တယ်”ဟု မှတ်ချက်ပြုသည်။ အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းခင်ကမူ မူလတန်းပညာရေးအပေါ် မသင်မနေရ ဥပဒေပြဋ္ဌာန်းခြင်းကို ဘက်စုံထောင့်စုံမှ စဉ်းစားဆုံးဖြတ်မှုဖြင့် ဆောင်ရွက် သွားမည်ဆိုပါက အားလုံးအဆင်ပြေလိမ့်မည်ဟု ပြောသည်။ ”ဥပဒေနဲ့ဆိုရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ မသင်မနေရဆိုတော့မဖြစ်မနေ ကျောင်းကိုပို့ရတော့မယ်။ ဒီမှာ တစ်ခုရှိတာက တချို့မိဘတွေမှာ မိမိကလေးကျောင်းထားဖို့အရေး အခက်အခဲတွေရှိနေကြရင်ရော ဘယ်လိုလုပ်ကြမှာလဲ၊ ဒါကိုနိုင်ငံတော်က အစီအစဉ်လေးတွေ နဲ့ ကျောင်းထားနိုင်ဖို့ကို မဖြစ်မနေလုပ်ပေးဖို့ လိုလာပြီ။ ဒါမှအားလုံးက ကျောင်းတက်နိုင်ကြမှာ”ဟု ၄င်းကထောက်ပြသည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့်ဥပဒေဖြင့် မသင်မနေရ မူလတန်းအဖြစ် ဆောင်ရွက်နိုင်ရန် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ငွေကျပ်၁၈၃၅ သန်းကျော် အကုန်အကျခံ၍ တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် အတွက် ကျောင်းသုံးစာအုပ်အပြည့်အစုံကိုလည်းကောင်း၊ ယခု ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် မူလတန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်း သူ ၅ဒသမ ၅သန်းကျော်အတွက်ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့် လေ့ကျင့်ခန်း စာအုပ်ခြောက်အုပ်စီ အခမဲ့ပံ့ပိုးပေးခြင်းဖြင့် ကျပ်သန်း၈ဝဝဝခန့်ကို ကျခံသုံးစွဲ ၍ ခြေလှမ်းစတင်ခဲ့သည်။
PN-051

မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် တစ်နှစ် တိုးစာသင်မည်

မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၏ စာသင်နှစ်ကို ယခု ပညာသင်နှစ် မှစကာ နောက်ထပ် ၁ နှစ် တိုးမြှင့်လိုက်သည်ဟု မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။ ယခင်က စာသင်နှစ် ၅ နှစ် သင်ကြားရပြီး တိရစ္ဆာန် ဆေးကု ဆရာဝန်ဘွဲ့ (B.V.Sc) ချီးမြှင့်သည့် မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ် မှာ ယခုပြင်ဆင် သတ်မှတ်လိုက် မှုကြောင့် ၆ နှစ် တက်ရောက် မှသာ ဘွဲ့ရရှိ တော့မည် ဖြစ်သည်။
B.V.Sc ဘွဲ့ရ ကျောင်းသား ဟောင်း အမျိုးသမီးတစ်ဦးက ”လိုအပ်ချက်အရ တိုးမြှင့် လိုက်တယ်လို့ ပဲမြင်ပါတယ်။ အားလုံးအတွက် ကောင်းစေချင်လို့ အဆင့်မြှင့် တင် တာမျိုး ပဲဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
တက္ကသိုလ် အသီးသီးတို့အား ပညာသင်နှစ် တိုးမြှင့်ရန် လျာထား ဆောင်ရွက်နေမှုများကို အစိုးရသစ် လက်ထက်တွင် လုပ်ဆောင်နေမှုများ ရှိနေရာ ယခု ပညာသင်နှစ် ၌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ကွန်ပျူတာ တက္ကသိုလ် ပြီးလျှင် ယခု မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ဒုတိယမြောက် ဖြစ်ကြောင်း သတင်း အချက်အလက် များအရ သိရသည်။
တက္ကသိုလ် ဝင်ခွင့် စိစစ်ရေး အဖွဲ့သို့ တိုက်ရိုက် မလျှောက်ထားရဘဲ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) သို့သာ လျှောက်ထားရ သည့်ထိုတက္ကသိုလ် မှာ နှစ်စဉ် ဇီဝဗေဒဘာသာ ကွဲဖြင့် အောင်မြင်သူ အမျိုးသား ဦးရေ ၁၂၁ ဦးနှင့် အမျိုးသမီး ဦးရေ ၈ဝ တို့ကို လက်ခံသင် ကြားပေးနေပြီး ဝင်ခွင့် အတွက် ဇီဝဗေဒနှင့် အင်္ဂလိပ်စာ နှစ်ဘာသာ တို့ရေးဖြေ ဖြေဆိုရကာ အောင်မြင်သူ အနေဖြင့် လူတွေ့နှုတ်ဖြေ ဆက်လက် ဖြေဆိုရကြောင်း တရားဝင် ထုတ်ပြန်သည့် သတင်းအချက် အလက် များအရ သိရသည်။
မင်းသုအောင်

အခြေခံအဆင့် ပညာရေး ယူနက်စကို အပြည့်ကူညီမည်

အခြေခံအဆင့် ပညာရေးအတွက် ယူနက်စကိုအဖွဲ့မှ အပြည့်အဝ ကူညီဆောင်ရွက် ပေးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး နှင့် ယူနက်စကိုမှ တာဝန်ရှိသူတို့ တွေ့ဆုံခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မူလတန်းအဆင့် မသင်မနေရ အကောင်အထည် ဖော်နေမှုအပေါ်၊ ပိုမိုအကျိုးဖြစ်ထွန်းသွားမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်လိမ့်မည်ဟု ပညာရေး ကျွမ်းကျင်သူအချို့က သုံးသပ်သည်။
ပါမောက္ခ ဒေါက်တာထွန်းခင်က ”ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ရဲ့ အခြေခံက ဒီအတန်းငယ်တွေပဲ၊ ဒါကြောင့် ကျောင်းတွေမှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်နိုင်အောင် လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ပေးသင့် တယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လည်း လုပ်ပေးသင့်တယ်”ဟု ပြော သည်။
တချို့သောကျောင်းများမှာ ဥပဓိရုပ် မကောင်းခြင်းများရှိနေရာ နိုင်ငံတော်မှ ဘတ်ဂျက်တိုးပေးရန် ရှိနေမှု၊ နိုင်ငံတကာမှ ပို၍ပံ့ပိုးကူညီမည့် အလားအလာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အာရုံစိုက်မှုရှိနေ ခြင်းတို့ကြောင့် ပြန်လည်ကောင်းမွန် လာဖွယ် ရှိလာနိုင်သည်ဟုလည်း ပညာရေးလေ့လာနေသူ တစ်ဦးက သုံးသပ်သည်။
အငြိမ်းစား ကျောင်းဆရာတစ်ဦးက ”ဆင်းရဲချို့တဲ့ပြီး ပညာဆက် မသင်နိုင်တာတွေကို အနည်းဆုံးပမာဏ ဖြစ်အောင် လုပ်စေချင်တယ်။ ပြီးတော့ မူလတန်းအဆင့် တစ်ခု တည်းကို မဟုတ်ဘဲ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကိုပါ တက်ရောက်သူ များသွားအောင် တွန်းအားပေးသင့်တယ်” ဟု ပြောသည်။
မင်းသုအောင်

ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းစနစ် ၂ဝ၁၅ တွင် တစ်နိုင်ငံလုံး၌ စတင်မည်

၂ဝ၁၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်း သင်ကြားပေးနိုင်တော့မည် ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရ သည်။
”၂ဝ၁၂ ကနေ ၁၅ အထိ တစ်မြို့နယ်မှာ ကျောင်း ၈ဝ ဖြစ် ရင်ဖြစ်မယ်။ ၉ဝ ဖြစ်ရင်ဖြစ်မယ် ပေါ့။ အဲဒီလိုတွက်ပြီးမူလတန်းပြ ဆရာမတွေကို သင်တန်းပေး သွားမယ်”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကစက်တင်ဘာ ၁၆ ရက်တွင် ကလေးဗဟိုပြု ချဉ်း ကပ်သင်ယူနည်းဖြင့်သင်ကြား နိုင်မည့်အခြေအနေကိုပြောသည်။
ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှုပုံစံသည် ကျောင်းသူ၊ ကျောင်းသားများ၏ ထိုးထွင်း ကြံဆမှု၊တီထွင်ဖန်တီးမှု၊ဆက်စပ် အသုံးချနိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှု၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းရည်များကို တိုးတက်စေသော သင်ကြားနည်းဖြစ်ပြီး သင်ကြားမည့် ဆရာ၊ ဆရာမများကို ကုလသမဂ္ဂဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှု မြှင့်တင်ရေးအဖွဲ့နှင့် သင်ရိုးအဖွဲ့တို့မှ ပညာရှင်များက လေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
”လက်ရှိမှာတော့ မူလတန်းအဆင့်ကို အရင်လုပ်ရမယ်။ ဥပမာ-ကလေးတစ်ယောက်ကို ပတ်ဝန်းကျင်မှာတွေ့ရတဲ့ အပင်ငါးမျိုးရေးပါဆိုရင် ဆရာမပြောတဲ့ အပင်ကို ရေးတာထက် ချင်းပြည်နယ်က ကလေးက သူ့ပတ်ဝန်းကျင်မှာတွေ့တဲ့ အပင်ကိုရေးမယ်။ အဲဒီလိုပဲ ရန်ကုန်ကကလေးကလည်း သူတွေ့တာရေးမယ်ပေါ့။ အဓိကကတော့ ကလေးတွေရဲ့ တွေးခေါ်မှု စွမ်းရည်မြင့်တက်စေချင်တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးဗဟိုပြုစနစ်ဖြင့် သင်ကြားရန် ၁၉၉၈ ခုနှစ်မှစ၍ ပြောင်းလဲခဲ့သော်လည်း  များသောအားဖြင့် ဆရာဗဟိုပြု ချဉ်းကပ်သင်ယူနည်းဖြင့်သာ သင် ကြားခဲ့ကြရကြောင်း၊ NGO ပရောဂျက်ရှိသော နယ်များတွင် ကလေးဗဟိုပြုနည်းစနစ်ဖြင့် သင်ကြားနေကြောင်း သိရသည်။
၂ဝ၁၅ တွင် ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှုဖြင့် သင်ကြားပါက လက်ရှိပြဋ္ဌာန်းစာအုပ်များကို အနည်းငယ်သာ ပြောင်းလဲရန်လိုမည် ဖြစ်ကြောင်းသိရသည်။
”ဒီနည်းက အမေရိကန်မှာဆိုရင် လွန်ခဲ့တဲ့နှစ် ၁ဝဝ ကတည်းက စခဲ့တာ။ အခြားနိုင်ငံတွေလည်း လုပ်နေကြပြီ။ မြန်မာနိုင်ငံမှာတော့ NGO ပရောဂျက်ရှိတဲ့ နယ်ကျောင်း တွေမှာ အများဆုံးသုံးနေကြတာ တွေ့ ရတယ်။ မြို့ကျောင်းတွေကတော့ ဆရာဗဟိုပြု ချဉ်းကပ်နည်းနဲ့ သွားနေတုန်းပဲ”ဟု လုပ်သက်ရင့် ပညာရေးဝန်ထမ်းတစ်ဦးက ၄င်း၏ အမြင်ကိုပြောသည်။
ကလေးဗဟိုပြုချဉ်းကပ် သင်ယူမှုဖြင့် ပြောင်းလဲသင်ကြားပေးနိုင်ရန် ကုလသမဂ္ဂဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) နှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(JICA)အဖွဲ့တို့ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများရရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မေဇင်ဝင်း

အနောက်နိုင်ငံ ကျောင်းသားဗီဇာ ယခင်ထက် မြန်ဆန်စွာရနေ

အနောက်နိုင်ငံအချို့သို့ ကျောင်းတက်ရန် ဗီဇာလျှောက်ထားကြသည့် မြန်မာကျောင်းသားများအနေဖြင့် ယခုစက်တင်ဘာလအတွင်း၌ ဗီဇာရရှိမှုနှုန်းမှာ ပိုမိုမြန်ဆန်လာ သည့်အပြင် အငြင်းခံရမှုများပါ လျော့နည်းလာကြောင်း အနောက်နိုင်ငံသံရုံးများနှင့် နီးစပ်သည့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
”အခု ၁ဝဝ ရာခိုင်နှုန်းနီးနီးလောက် အစ်ကိုတို့အေဂျင်စီက အင်္ဂလန်ကျောင်းသား ဗီဇာလျှောက်တာ အကုန်ရတယ်။ သတ်မှတ်ထားတဲ့ ရက်အထိရောက်အောင် မစောင့် လိုက်ရဘူး။ နောက်တခြား အေဂျင်စီတွေလည်း ဒီအတိုင်းပဲလို့ကြားနေရတယ်”ဟု အင်္ဂလန်ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်က အနောက်နိုင်ငံများသို့ ကျောင်းတက်လိုပါက ဗီဇာလျှောက်ထားကြသည့်အခါ လွယ်ကူမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကျောင်းသားအချို့က ဘဏ်စာရင်းပြ ကြသည့်အခါ မသမာမှုများပြုခဲ့မှု အချို့ရှိခဲ့ခြင်းကြောင့် ကြန့်ကြာမှုများအပါအဝင် ပိုမိုစစ်ဆေးခဲ့သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း ဗီဇာလျှောက်ထားသူ မြန်မာကျောင်းသား အချို့ထံမှသိရသည်။
”ဒါက အရင်ကျောင်းသားတွေက လုပ်ပြသွားလို့ နောက်လူတွေ ခံကြရတဲ့သဘောပါပဲ။ မှန်မှန်ကန်ကန်လုပ်မယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိုအပ်ချက်တွေအတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ ဗီဇာရရှိဖို့က မခက်ခဲပါဘူး” ဟု မကြာမီရက်ပိုင်းအတွင်းက ကျောင်းသား ဗီဇာရရှိခဲ့သည့် မြန်မာကျောင်းသားတစ်ဦးက ပြောသည်။
သို့သော် အမေရိကန်နှင့်နယူးဇီလန်နိုင်ငံများကမူ မြန်မာကျောင်းသားများအတွက် ချပေးသည့်ကျောင်းသားဗီဇာမှာ နည်းပါးသည့်အပြင် ကြန့်ကြာမှု၊ ငြင်းပယ်မှုများမှာ ရှိနေသေးကြောင်း မြန်မာကျောင်းသား အသိုင်းအဝိုင်းထံမှ သိရသည်။
”ဒါပေမဲ့ အခုသံရုံးအချို့က ပိုမြန်လာတယ်။ ပိုသွက်လာတယ်လို့ ပြောရင်ရနိုင်တဲ့အချိန်လို့ ဆိုရမယ်။ တစ်ခုရှိတာက အဆင့်မြင့်ဘာသာ ရပ်ကိုသင်ကြားမယ့်သူတွေရဲ့ ဗီဇာကပဲမြန်နေကြသေးတာ။ HND လို၊ ဒီပလိုမာလို ဘာသာရပ်တွေ သွားသင်မယ့်သူတွေရဲ့ လျှောက်ထားဗီဇာတွေကတော့ ကြန့်ကြာမှုတွေက ရှိနေဆဲပဲ။ ဒါလည်း ဖြေ လျော့ပေးရင် မြန်မာကျောင်းသားတွေအတွက် ပိုကောင်းလာမယ်။ နိုင်ငံတကာ ကျောင်းသားတွေထဲမှာ မြန်မာကျောင်းသားတွေက အနောက်နိုင်ငံအတွက် ပြဿနာ လုပ်တဲ့အထဲမှာ မပါတာကြောင့်ပဲ” ဟု ပညာရေး အတိုင်ပင်ခံတစ်ဦးက ဆိုသည်။
မင်းသုအောင်

အမျိုးသားအဆင့် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေး သင်တန်း ပထမဆုံးအကြိမ် ဖွင့်မည်

အမျိုးသားအဆင့် မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို ပထမဆုံးအကြိမ် ရန်ကုန်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းလူငယ် များ ရှေ့ဆောင်အဖွဲ့မန်နေဂျာ ဒေါ်ယုယသူက ပြောသည်။
အဆိုပါ သင်တန်းအား မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ လူငယ်များကို ခေါ်ယူမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
”ခရီးစရိတ်၊ စားသောက် နေထိုင်စရိတ်နဲ့ ကျန်တဲ့စာရွက်စာတမ်း အထောက်အကူ ပစ္စည်းတွေအတွက် သင်တန်းက တာဝန်ယူမှာပါ”ဟု ၄င်းက ပြောသည်။
သင်တန်းဆင်း မသန်စွမ်း လူငယ်များအနေဖြင့် သင်တန်းအတွေ့ အကြုံများကိုပါ အသုံးချလျက် မိမိတို့ရပ်ရွာ ဒေသအတွင်းရှိ ဘဝတူ မသန်စွမ်းသူများ၏ လူနေမှု ဘဝမြင့်မားရေး၊ အခွင့်အရေး တန်းတူရရှိရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အများနည်းတူ ဝင်ဆံ့လာနိုင်ရေးအတွက် ၄င်းတို့ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့အစည်း များ ဆောင်ရွက်လာနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
သင်တန်း တက်ရောက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မသန်စွမ်းလူငယ်များ အနေဖြင့် မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ စာတိုက် မှဖြစ်စေ၊ ဖက်စ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကာ info. myanmarili@gmail.com သို့လည်း ဆက်သွယ်နိုင်သည်ဟု သိရပြီး လာမည့်နှစ်၌ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များမှလည်း ခေါ်ယူသွားမည်ဟု သိရသည်။
ယင်းအဖွဲ့အနေဖြင့် ယခုလ နောက်ဆုံးပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ ပြင်ပဗဟုသုတရရှိရန် အယောက် ၃ဝ ရွေးချယ်၍ ဈေးဝယ်ထွက် လည်ပတ်ခွင့်ပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။
အိမ်စည်စိုးစံ၊ ဖြိုးဖြိုး

နည်းပညာကျောင်းများ၏ အကြိုစာမေးပွဲမေးခွန်း ဗဟိုမှထုတ်မည်

နည်းပညာကျောင်းသားများ၏ အကြိုစာမေးပွဲမေးခွန်းများကို ဗဟိုမှ ထုတ်၍စစ်ဆေးသွားမည်ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အာဆီယံဒေသတွင်း စီးပွားရေး အသိုက်အမြုံအတွင်းသို့ ၂ဝ၁၅ ခုနှစ်တွင် မြန်မာဝင်ရောက်ရမည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင် မှုအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
တက္ကသိုလ် စာသင်နှစ် တစ်နှစ်အတွင်း လေးကြိမ်ဖြေဆိုရသည့် အကြိုစာမေးပွဲဟု ခေါ်သော (Pre- Text) စာမေးပွဲမေးခွန်းကို ယခင်က နည်းပညာတက္ကသိုလ် များမှ မေးခွန်းပုံစံများကို တောင်းယူ၍ ဗဟိုမှ ဆုံး ဖြတ်သတ်မှတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ထိုကဲ့သို့မတောင်းတော့ဘဲ ဗဟိုကသာ တိုက်ရိုက်ထုတ် ခြင်း ဖြစ်သည်ဟု ၄င်းထံမှ သိရသည်။
ပြည်တွင်းရှိ လုပ်ငန်းခွင်များအတွင်း နည်းပညာလုပ်သားများ အရည်အသွေးမပြည့်မီဟု ဝေဖန်သုံးသပ်နေမှုများ ရှိနေရာ စာသင်နှစ်များအတွင်း စာတွေ့၊ လက်တွေ့ သင်ပေးခြင်းဖြင့် ထိုအခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရန် အစီအစဉ်တစ်ခုဖြစ်ကြောင်း ၄င်းက ပြောသည်။
စာမေးပွဲအအောင်၊ အရှုံးဆုံး ဖြတ်ပေးမှုအပေါ် အကျိုးသက်ရောက်မှုပေးနိုင်သည့် ထို Pre-Text မေးခွန်းအား နိုင်ငံတွင်းရှိ နည်းပညာတက္ကသိုလ်နှင့် ကောလိပ် ၄၂ ခုတို့အတွက် ဗဟိုအဆင့်က ထုတ်ပေးမည်ဟု သိရသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ နည်းပညာ တက္ကသိုလ်ကျောင်းသား ၈ဝဝဝဝ နီးပါးခန့်ရှိသည်ဟု စာရင်းများအရ သိရသည်။
မင်းသုအောင်

ကြယ်ငါးပွင့်အဆင့် အင်္ဂလန်တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေး ပေးမည်

ကြယ်ငါးပွင့်အဆင့်ရှိ အင်္ဂလန်တက္ကသိုလ် University of Chester မှ မြန်မာကျောင်းသားများအတွက် ပညာသင်ထောက် ပံ့ကြေးပမာဏမြင့်မားစွာပေးအပ်မှုကို ပထမဦးဆုံးအကြိမ် ပြုလုပ်သွားမည်ဟု သိရသည်။
စီမံခန့်ခွဲမှုဆိုင်ရာ MBA ဘွဲ့အပါအဝင် ဘွဲ့ကြိုနှင့် နိုင်ငံတကာ ဖောင်ဒေးရှင်း အစီအစဉ်များအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှု IELTS 6.0  ရှိထားရမည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားသူများက တက္ကသိုလ်နှင့်သဘောတူထားသော ပညာရေးအတိုင်ပင်ခံများမှ တစ်ဆင့်ဖြင့်သာ ဆောင်ရွက်မှုကို လက်ခံပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အသိ အမှတ် ပြုထားသူ ပညာရေးအတိုင်ပင်ခံများ ရှိကြောင်း ၄င်းတက္ကသိုလ်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ပညာသင်ထောက်ပံ့ကြေး ဆိုင်ရာ အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ စိတ်ဝင်စားသူများအနေနှင့် အမှတ်(၂၇ဝ)၊ ဒဂုန်စင်တာ၂နှင့်ဓနလှိုင် တာဝါကြား၊ အခန်း(9A-1)ရှိ Crown Education  ၊ဖုန်း ဝ၉၇၃၂၇၃၂၇၇သို့ဆက်သွယ် လျှောက်ထားနိုင်သည်။

မန္တလေးဗဟိုပြု ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေး

မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု အခြေခံမူကြမ်း ဆွေးနွေးခြင်း အခမ်းအနား အစီအစဉ်ကို ဇူလိုင် ၂ဝ ရက် နေ့လယ်ပိုင်း က မန္တလေးမြို့၊ ၆၄ လမ်း x၂၇- လမ်းထောင့် ရှိ Oriental House ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို လူငယ် ပြုစုပျိုးထောင်ရေး အဖွဲ့မှ ကြီးမှူး ကျင်းပခြင်း jဖစ်ပြီး မြန်မာပြည် ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုကို စိတ်ဝင်စားသည့် ပညာရှင်များ၊ ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ လုပ်ဆောင် နေသည့် အဖွဲ့အစည်း အချို့ မှ ပညာရှင်များ၊ မန္တလေးမြို့ နိုင်ငံရေး ပါတီ အချို့မှ တာဝန်ရှိသူများ၊ ဘာသာရပ် အလိုက် ပညာရှင်များ တက်ရောက်ခဲ့ ကြပြီး မြန်မာနိုင်ငံ မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာများ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာပြည် ပညာရေး ပြုပြင် ပြောင်းလဲမှု အခြေခံ အချက် ၅ ချက်ဖြစ်သည့် နံနက် တစ်ပိုင်း ကျောင်းတက်ခြင်း စနစ်၊ ညနေပိုင်း အချိန် အသက်မွေး ဝမ်းကျောင်း ပညာကို ကလေးများ ဗီဇ ဝါသနာပါရာ ရွေးချယ်ပြီး လွတ်လပ်စွာ သင်ယူခွင့် စနစ်၊ အလယ်တန်း ပညာ ၅ တန်းမှ စ၍ ကလေးများ ဗီဇ ဝါသနာ ပါရာ အသက်မွေး ဝမ်းကျောင်းပညာ ရွေးချယ် သင်ယူခြင်း စနစ်၊ အမှတ် အနည်းအများနှင့် ကလေးများကို အဆင့် သတ်မှတ်သည့် စာမေးပွဲ ပညာရေး စနစ် ပြု ပြင်ပြောင်းလဲ သင့်သည့် စနစ်၊ အခြား ကောင်းမွန်သော နည်းလမ်းများ စသည် များကို တက် ရောက်လာ သူများက အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မန္တလေး ဗဟိုပြု ပညာရေး ပြုပြင် ပြောင်းလဲမှု ဦးစီး ကော်မတီနှင့် ဘာသာရပ် အလိုက် ပညာရှင်များ အစုအဖွဲ့၊ အလုပ် အမှုဆောင် ကော်မတီ တို့ကို တက်ရောက်လာ သူများ က ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
ထိုကော်မတီများမှ ဆွေးနွေးပွဲ ၏ အဖြေရလဒ် များအား မန္တလေး တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ တစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ တင်သွင်း ရန်နည်းလမ်းများ ကြိုးစား သွားမည် ဖြစ်ကြောင်း သိရသည်။

Tuesday, September 25, 2012

Right Click နှိပ်မရရင်

သူငယ်ချင်းတို့ ကြုံဖူးကြလားတော့ မသိဘူး...
တစ်ခါတလေ မှာ Right click နှိပ်မရတာမျိုးပေါ့...
အဲဒီအခါကျရင် ပထမဦးဆုံး
Start Menu ထဲက Runကိုသွား...
ပြီးရင် အဲ့မှာ regedit လိုက်ရိုက်ထည့်လိုက်...
အဲ့ကမှ တစ်ဆင့် .....
>>Hkey Current User
>> Control Pannel
>> Mouse
အဲ့မှာ Mouse ရဲ့ Right Click ရဲ့ Value က (0) ဖြစ်နေရင်လည်း Right Click ပိတ်နေတတ်တယ်...
အဲဒါကို ပြန်ပြင်ချင်ရင် Value မှာ (0) ဖြစ်နေရင် (1) လို့ ပြင်လိုက်...
ဒါဆိုရင် အဆင်ပြေသွားပါပြီ...

ဒါမှ မရသေးဘူးလား ..
ဒါဆိုရင်တော့ ဆိုင်ကိုသွားပြီး Mouse တစ်ခုအသစ်ဝယ်လိုက်ပေတော့... mouse ပျက်သွားလို့ဗျ....ဟိဟိ..

gtalk မှာကိုယ်ပြောတဲ့အသံတိုးနေရင်

Gtalk မှာစကားပြောနေရင်း ကိုယ်ပြောတဲ့အသံကတိုးနေတယ်ဆိုရင်
ကဲ ဒီအတိုင်းလေးလုပ်ကြည့်လိုက်
 Gtalk>setting>audio က
Input –microphone or headset ဆိုတဲ့နေရာမှာ front mic
ဆိုတာဝင်နေလို့ဖြစ်လိမ့်မယ်...
ကျယ်ကျယ်ကြားစေချင်တယ်ဆိုရင် default (or) HD Audio rear input
ဒါမှမဟုတ်ရင်ကိုယ်တင်ထားတဲ့ audio driver ၁ခုခုရှိပါလိမ့်မယ်..အဲဒါကို
select လုပ်လိုက်ပါ…ပြီးရင်တော့ OK ပေါ့ ဒါဆိုရင် အဆင်ပြေသွားပါပြီ...

မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း

ကဲဒီတစ်ခါတော့ ကိုယ်ဘလော့လိုက်တဲ့သူကို သူ့gtalkမှာကိုယ့်အကာင့်ကိုပါမမြင်အောင် အပြီးအပိုင်ဘလော့လို့ရတဲ့လုပ်နည်းလေးတစ်ခုပြောပြမယ်...ဒါက Gtalk ကနေ ကိုယ်နဲ့ အဆင်မပြေသူကို ကိုယ့်ဘက်က Block (သို)့ Remove လုပ်လိုက်ရင် ကိုယ့်ဘက်ကသာ သူ့ကို မမြင်ရတော့ပေမယ့် ကိုယ့် Block မှာ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ ကိုယ့်နာမည်ရှိနေသေးတဲ့ အတွက် သူ့ဘက် Chat လို့ရပါသေးတယ်.. ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.... အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင်အပြီးအပိုင်သံယောဇဉ်ဖြတ်မယ် ဘလော့မယ်ဆိုရင်တော့ဒီနည်းလေး အတိုင်းပြုလုပ်လို့ရပါတယ်....သူငယ်ချင်းတို့
ပထမဦးဆုံး Gmail ကို ဖွင့်... ပြီးရင် gmailဘယ်ဘက်အပေါ်နားက Contacts ကို ရှာပြီး Click နှိပ်လိုက်... အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ပြီး အောက်မှာ more actionဆိုတာပါတယ် အဲဒါကိုရွေးပြီ Delete contact ကို click နှိပ်လိုက်ရင် တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကိုနှိပ်လိုက်ပါ...ဒါဆိုကိုယ်မဆက်သွယ်လိုသူကိုအပြီးအပိုင်သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီဗျာ သူ့ရဲ့ Gtalk မှာလည်း ကိုယ့်နာမည် မရှိတော့သလို ကိုယ့် Gtalk မှာ လည်း သူ့နာမည် မကျန်တော့ဘူးလုပ်နည်းလေးကလွယ်ပါတယ်အဆင်မပြောတာရှိရင်..comment လေးရေးပြီးထားခဲ့နိုင်ပါတယ်....
အားလုံးအဆင်ပြေနိုင်ကြပါစေ.........

notepadလေးရေးပြီးcomputerကိုစကားပြောခိုင်းကြည့်ရအောင်

သူငယ်ချင်းတို့ ကျွန်တော် ဒီရက်ပိုင်း notepad လေးနဲ့ ပတ်သတ်တဲ့ ဟာလေးတွေရေးဖို့
စဉ်းစားထားတယ် notepad အသုံးဝင်ပုံလေးတွေပေါ့
ကျွန်တော် ဟိုနေ့က ဆိုဒ်တစ်ခုမှာ တွေ့လိုက်ရတယ်
သူတို့လည်း ဒီနည်းလေးတွေကို တင်ထားကြပါတယ်
ဒါပေ့မယ့် တင်ထားတဲ့ရေးနည်းက မှားနေတော့ ဘယ်လိုမှ အလုပ်လုပ်မှာမဟုတ်ဘူး
ဒါကြောင့် ကျွန်တော့ သိသလောက်လေးကို ပြန်ပြင်ရေးပြီး တင်ပေးလိုက်ပါတယ်..
ဒါလေးက ကိုယ် ဘာဘဲ ရိုက်ရိုက် ကိုယ့်ကို စကားလို ပြန်ပြောလိမ့်မယ် English လိုဘဲရမယ်နော် .....
အရင်ဆုံး Notpad တစ်ခုကို ဖွင့်...
ပြီးရင် အောက်မှာရေးပေးထားတဲ့ ကုဒ်လေးတွေအကုန် notepad ထဲ ကူးထည့်လိုက်..

Dim msg, sapi
msg=InputBox("What do you want me to say?","LUCKYMYOTAW")
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg

ပြီးရင်  save file မှာ lucky.vbs နဲ့ Save လုပ်လိုက်ပါ...
ပြီးရင် Run ကြည့်လိုက်ပေါ့ဗျာ...ပြီးရင်တော့ သူငယ်ချင်းတို့ ရေးချင်သလိုသာရေးပြီး
အပြင်းပြေလေး ကွန်ပျူတာနဲ့ စာရိုက်လိုက် ပြန်ပြောခိုင်းလိုက်လုပ်ပေါ့ဗျာ ပျော်စရာလေးဗျ
စမ်းကြည့်လိုက်နော်...

ပျော်စရာကောင်းတဲ့ Web Page တစ်ခုဖန်တီးကြည့်မယ်

     ပျော်စရာကောင်းတဲ့ ဟာသဆန်ဆန်စာမျက်နှာလေးတစ်ခုဖန်တီးပုံကို တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ပထမဆုံး Notepad ကိုဖွင့်ပါ။ ဒါမှမဟုတ် win+Rကိုဖိနှိပ်ပြီး Run Box ပေါ်လာတဲ့အခါမှာ notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
         ပြီးရင်တော့ notepad မှာ အောက်ကကုဒ်လေးရိုက်ထည့်လိုက်ပါ။
<SCRIPT language="JavaScript">
<!-- hide from old browsers

alert("ဒီနေရာမှာမိမိပေါ်စေချင်တဲ့စာသားတွေရေးပါ");

//-->
</SCRIPT>

ကိုယ့်ဆိုဒ်ရဲ့ စာမျက်နှာမှာနှင်းလေးတွေ တဖွဲဖွဲကျနေစေချင်ရင်

ကိုယ့်ဆိုဒ်စာမျက်နှာပေါ်မှာ နှင်းလေးတွေတဖွဲဖွဲကျနေတဲ့ Effect လေးထည့်ချင်တယ်ဆိုရင်တော့ အောက်ကကုဒ်လေးကို စာမျက်နှာရဲ့တစ်နေရာမှာ HTMl Mode နဲ့ရိုက်ထည့်ပေးလိုက်ပါ။
                    ဒါဆိုရင်တော့ သင့်ဆိုဒ်ရဲ့စာမျက်နှာမှာ နှင်းစက်လေးတွေတဖွဲဖွဲကျနေမှာပဲဖြစ်ပါတယ် . .။
                     ထည့်ရမယ့် HTML လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ဗျာ . . .။
<!--
 This Script is from www.htmlfreecodes.com, Coded by: Krishna
Eydat-->
<body>

<LAYER NAME="a0" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"
CLIP="0,0,3,3"></LAYER>
<LAYER NAME="a1" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"
CLIP="0,0,3,3"></LAYER>
<LAYER NAME="a2" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"
CLIP="0,0,3,3"></LAYER>
<LAYER NAME="a3" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"
CLIP="0,0,3,3"></LAYER>
<LAYER NAME="a4" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"
CLIP="0,0,3,3"></LAYER>
<LAYER NAME="a5" LEFT=10 TOP=10 VISIBILITY=SHOW BGCOLOR="#FFFF00"

Sunday, September 23, 2012

DVD Creator

DVD Creator လုပ်တဲ့ software လေးပါ။ တစ်ခါမှတော့မသုံးဘူးသေးဘူး။ စမ်းသုံးကြည့်လိုက်ပါ။      (9.92 MB) ရှိပါတယ်။

Download


Firefox Setup 14.0.1


ဒီsoftware လေးကို လူတိုင်းသိကြမှာပါ။ အသုံးလိုတဲ့အခါကြရင်သုံးဖို့တင်ပေးလိုက်တာပါ။ လိုအပ်လျှင်အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ (16 MB) ရှိပါတယ်။


Saturday, September 22, 2012

“ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း

Written by မင်းသူ

ဆရာ ကျော်ဝင်းနဲ့ ကျွန်တော် ဒုတိယအကြိမ်မြောက် (the street view journal အနေဖြင့်) အင်တာဗျူးခွင့် ရခဲ့ပါတယ် ပထမအကြိမ် အင်တာဗျူးခဲ့တုန်းက ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ပြီးခေါ်စပဲ ရှိပါသေးတယ် အဲ့ဒီအင်တာဗျူးကို face book ပေါ်တင်ခဲ့တုန်းက ဆရာရဲ့သုံးသပ်ချက်တွေ တော်တော်များများကို လက်ခံ ပြီး ဖတ်ရူကြတာတွေ့ရပါတယ် ကျွန်တော် ထင်တာ ပြောရရင်လည်း အဲ့ဒီအင်တာဗျူးမှာ ဆရာ သုံးသပ်ထားတာတွေ တော်တော်များများ မှန်နေခဲ့တာကို တွေ့ရပါတယ်။ အခု (၁ ၊ ၉ ။၂၀၁ ) မှာ ထွက်ရှိမယ့် street view ဂျာနယ်မှာ ဖေါ်ပြထားတဲ့ အင်တာဗျူးကို အခု ဖေါ်ပြပေးလိုက်ပါတယ်။

ပိုလှတဲ့နေ့ရက်များသို့

Written by မိုးကြာညို

“ဒီနှစ်အတွက် မင်းရဲ့ရောင်းအားကို ၃၀% ထပ်မြှင့်နိုင်မလား? မြှင့်နိုင်အောင်လုပ်ပါ။ အဲဒီအတွက် ဘောနပ်စ် သီးသန့်လာမယ်လေ။” နှစ်ဆန်းပိုင်း ကာလအတွင်း ကျွန်မရဲ့သူဋ္ဌေးမ က အဲဒီစကားပြောလာလို့ တော်တော်လေးစိတ်ညစ်သွား မိပါသည်။ အဲဒါကျွန်မရဲ့အိပ်မက်မဟုတ်ဘူးလေ။ သူ့အိပ်မက်ပဲ။ ကျွန်မကိုဘာလို့အဲဒီလိုလာပြောရတာလဲ။ ကျွန်မရဲ့ အကျင့် ကိုသူသိပါသည်။ ကျွန်မက အကျိုးသင့်အကြောင်း သင့် မပြောသမျှ သူများခိုင်းတာလုပ်တတ်သူ မဟုတ်ဘူးဆိုတာ သူသေချာသိနေပါသည်။သူမဤကဲ့သို့ပြောသည့်အတွက် ကျွန်မ ခေါင်းထဲမှာ အရင်နှစ်ရဲ့ ရောင်းအားအခြေအနေ၊ လက်ရှိဈေးကွက်အခြေအနေတို့ကို  မလွှဲမရှောင်သာ တွက်ဆရမည်ဖြစ်သောကြောင့် စဉ်းစား စိတ်ကူးမှုများသည် ဦးနှောက် နောက်ပိုင်းရဲ့ လှုပ်ရှားမှုသာရှိတော့မည် ဖြစ်သည်။

တပ်မတော်က ဘာကိုကာကွယ်ဖို့ တာဝန်ရှိသလဲ

“တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီကို ကာကွယ်ဖို့မဟုတ်၊ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံသော မပြောင်းမလဲတည်မြဲနိုင်သော စနစ်မဟုတ်ပါ။” လို့ပြောဆိုကြတာတွေ ရှိပါတယ်။
တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုံ့ပြန် ဖြေဆို လာနိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်” ဆိုတဲ့အဖြေဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်မှုမရှိပါ။ အကြောင်းက  အင်မတန်ယေဘူယျဆန်ပြီး အဓိပ္ပါယ်ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပါ့မယ် ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမဲကြီး တိုက်ခိုက်နေရပါတယ်။

PDFCreator 1.3.2 Free Download


 PDF Creator Software လေးပါ။ မိမိ ရိုက်ထားသောစာများကို PDF အဖြစ်သိမ်းထားလို့ ရပါတယ်။ ဒါတင်မက PNG, JPG, TIFF, BMP, PCX, PS, EPS Format များကိုလည်း PDF ဖိုင်သို့
ပြောင်းလဲ သိမ်းစည်းလို့ရပါတယ်။

Download

မမ

သိပ်လဲမလှ
ရုပ်အဆင်းရုပ
သိပ်မချော
သဘောကောင်း၏
ခင်မင်တတ်တဲ့ မမ ပျော်ရွှင်ပါစေသား
နောက်ပြောင်ကျီစယ်
သူစိတ်မဆိုးပေ
အမြဲတမ်း ပျော်လို့နေ
တစ်ခါတစ်လေ ပြန် စ သဗျ
ရင်တောင် ခုန်သွား သူ့ စကားများ
စွဲငြိမိတာ ဒီ ရင်ခွင်မှာ မမ တစ်ယောက် သာ….
အရမ်း……. တယ် မမ ရာ…………

အပျင်းပြေလေး


တနေ့တုန်းက ဆရာက abnormal psychologyကို သင်နေရင်း အခုလို မေးလိုက်တယ်။
“တပည့်တို့ လူနာတစ်ယောက်ဟာ တောင်မြောက်လူးလားခေါက်ပြန် လျှောက်နေတယ်။ တစ်မိနစ်တစ်ခါကို အသံကုန် (ရင်ခေါင်းသံကြီးနဲ့ အဆုတ်ကွဲလောက်အောင်) အော်တယ်။ ကုလားထိုင်တစ်ခုကမှာ ငြိမ်ငြိမ်ထိုင်နေလို့ မရပဲ နောက်တစ်ခုံကို မကြာခဏပြောင်းတယ်။ အဲဒါ ဘာရောဂါလက္ခဏာလဲ”

တပည့်တစ်ယောက်က ချက်ချင်းထဖြေတယ်။“ အဲဒါ ဘောလုံးနည်းပြပါဆရာ”
မျက်မမြင်ယောက်ျား
တခါက churchတစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံတွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့ (လူရှင်းချိန်)ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ ဆေးဆက်သုတ်ကြတယ်။

ကော်ဖီအကြောင်း- သူတို့ပြောသော ဟာသများ-၂





Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။ သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။ တော်တော်လေး မော်ဒယ်မြင့်တဲ့ စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။ ပလပ်ပေါက်ဘယ်လိုထိုးရင် စက်ကလေးက
ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။ နောက်၅ရက်လောက် ရှိတော့ သူမက အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။


“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆင်မပြေတာတစ်ခုရှိနေတယ်။ အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ ကျွန်မအတွက် အဆင်မပြေဘူးရှင့်။


x ------------------------------------------------x


ဘုရားသခင်ရဲ့ အလိုတော်အတိုင်း



တခါတုန်းက မနက်တိုင်းကော်ဖီဖျော်တဲ့ကိစ္စ(
(brewing coffee))နဲ့ ပတ်သက်ပြီး လင်မယားနှစ်ယောက် အငြင်းပွားကြတယ်။

“ ရှင်ဖျော်သင့်တယ်၊ ဘာလို့လဲဆိုတော့ ရှင်က အိပ်ယာစောစောနိုးတတ်တယ်လေ၊ ဒီတော ကျွန်မတို့ ကော်ဖီစောစောသောက်ရတာပေါ့။ နော မောင်ရာ”

“ဟားဟား အဲလို လူလည်မကျနဲ့၊ မင်းက အိမ်ထောင်ရှင်မလေကွာ။ မင်း ကော်ဖီဖျော်နေတဲ့ အချိန် ငါက ထိုင်စောင့်နေရုံပဲ”

“အို.. ရှင်ဒီလိုမပြောနဲ့ ကျွန်မက အထောက်အထားနဲ့ ပြောတာပါ။ သမ္မာကျမ်းစာထဲမှာပါလို့ ပြောတာ”

“ဘာကွ။ လျှောက်မပြောနဲ့။ ကဲ.. သမ္မာကျမ်းစာထဲမှာ ဘယ်မှာပါလဲ ပြစမ်း”

“ ဟောမှာကြည့်..။”

( သူမက သမ္မာကျမ်းစာ New Testamentကို လှန်ပြလိုက်တယ်။ စာမျက်နှာများစွာရဲ့ ထိပ်မှာ ရေးထားတာက)

"Hebrews" (He Brews).

ဒါကြောင့်လည်း အမျိုးသမီးတွေ တော်ပါတယ်ဆို၊ အရာရာကို ချက်ကျလက်ကျ ပြောတတ်တယ်။

(
မှတ်ချက်။ ။ ရယ်စရာ အဖြစ်ပဲ ဖတ်နော်။ )

ကံမကောင်းသေးဘူးဗျာ

လူငယ်တစ်ယောက်က အရက်ဆိုင်ထဲမှာ သူသောက်တော့မယ့် အရက်ခွက်ကို ငုံကြည့်နေတယ်။ သူအရက်ခွက်ကို ငုံ့ကြည့်ရင်း ငိုင်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ ထရပ်ကားမောင်းသမားတစ်ယောက်ဟာ ဆိုင်ထဲဝင်လာပြီး လူငယ်ဘေးမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ လူငယ်လက်ထဲက အရက်ခွက်ကိုပါ ယူသောက်ပစ်လိုက်တယ်။ ဒါကို မြင်တဲ့ လူငယ်ဟာ ကလေးတစ်ယောက်လို ချုံးပွဲချငိုရှာတယ်။

ထရပ်မောင်းသမားဟာ လူငယ်ကိုကြည့်ပြီး အရမ်းကို စိတ်မကောင်းဖြစ်သွားပြီး ..
“မငိုပါနဲ့ကွာ၊ မင်းကို သက်သက်နောက်တာပါ။ မင်းအတွက် နောက်တခွက်ဝယ်တိုက်ပါ့မယ်။ ယောက်ျားလေးတွေငိုရင် သိပ်ကြည့်မကောင်းပါဘူးကွာ”

“မဟုတ်ဘူးဗျ။ အဲဒါကြောင့် မဟုတ်ပါဘူး။ ဒီနေ့ကျွန်တော်ကံမကောင်းလွန်းလို့ ငိုမိတာပါဗျာ၊ ဒီမနက်က အိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျတယ်။ သူဌေးက ဒီလိုအရေးကြီးတဲ့နေ့ကို နောက်ကျရပါ့မလားဆိုပြီး ရစရာမရှိအောင် ကြိမ်းမောင်းပြောဆိုပြီး အလုပ်ကထုတ်လိုက်တယ်။ ဒါနဲ့ အလုပ်ထဲက ထွက်လာပြီး ကားဆီပြန်လာတော့ ကျွန်တော့်ကားကို သူခိုးခိုးသွားတာတွေ့ရတယ်။ ရဲကိုတိုင်တော့ VIPလူကြီးခရီးစဉ်ကြောင့် အလုပ်ရှုပ်နေလို့ ကျွန်တော့်ကားကို ရှာမပေးနိုင်ဘူးတဲ့ဗျာ။

ဒါနဲ့ ကိုယ့်ကားမရှိတော့လို့ တက္ကစီကားဌားပြန်လာခဲ့တယ်။ အိမ်ဝရောက်မှ သတိရတယ်။ တက္ကစီကားထဲမှာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာလည်း ခရက်တစ်ကဒ်တွေပါ ပါသွားတယ်။ ကားသမားကို ကျွန်တော်လှမ်းခေါ်ပေးမဲ့ သူက ကားကို မရပ်တော့ပဲ မောင်းပြေးတယ်။ ဒါနဲ့ အိမ်ထဲဝင်လာတော့ ကျွန်တော့်မိန်းမက တခြားလူတစ်ယောက်နဲ့ အိပ်နေတယ်ဗျာ။

နောက်ဆုံးတော့ ဒီအရက်ဆိုင်ကို ထွက်လာခဲ့တယ်။ ဒီလောက်ကံဆိုးတဲ့ကျွန်တော် သေတာပဲကောင်းတယ်လို့ တွေးမိတယ်။ ဒါနဲ့ အရက်ခွက်ထဲ အဆိပ်ထည့်ပြီး သောက်မလို့လုပ်နေတာကို အခုခင်ဗျားက ယူသောက်သွားတယ်။ သေချင်တာတောင် သေခွင့်မရတဲ့ကျွန်တော် ၊ ဒီလောက်ကံဆိုးတာ ကျွန်တော်မှမ၀မ်းနည်း ဘယ်သူပိုဝမ်းနည်းမလဲဗျာ။ ကျွန်တော့်ကို ငိုခွင့်ပေးကြပါဗျာ... အီး..ဟီးဟီး။။။

“တကယ်တော့ ကံဆိုတာ ကံဆိုးကံကောင်းဒွန်တွဲနေတတ်ပါတယ်။”

Software မပါပဲနဲ့ ကွန်ပျူတာကို Auto Shutdown လုပ်နည်း

 


Step (1)   Star > Run  ထဲတွင်  shutdown.exe -s -t xxx  ရိုက်ထည့်ရပါမည်။ ပြီးလျှင် ok ပေးပါ။  xxx နေရာတွင် Shutdown ဖြစ်မည့် အချိန်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ဥပမာ





300 လို့ ရိုက်ထည့်လိုက်ပါ။ 300 သည့် Second ဖြစ်ပါသည်. ထိုကြောင့် Second 300 တွင် ကွန်ပျူတာ Shutdown အလိုလို ဖြစ်သွားပါမည်.။ (300 Second သည် 5 မိနစ် နှင့် ညီမျှပါသည်။) 
ကြိုက်နှစ်သက်မည့် အချိန်ကိုထည့်ပြီး Auto Shutdown လုပ်ပါ။

Step (2)

Auto Shutdown ကို ပိတ်ခြင်း

Auto Shutdown မလုပ်ခြင်တော့လို့ ပိတ်မယ်ဆိုရင်လည်း လွယ်လွယ်လေးပါပဲ။ 
Start > Run  ထဲတွင်
"shutdown.exe -a"  လေးရေးပြီး Ok ပေးလိုက်ပါခင်ဗျာ

အင်တာနက်မှ ဟာသများ

သူမရဲ့ အသက်
မိန်းမတစ်ဦးဟာ ပြန်လည်နုပျိုစေမယ်လို့ အာမခံထားတဲ့ အလှပြင်ပစ္စည်းအချို့ကို ဈေးကြီးပေးပြီး ၀ယ်လာပါတယ်။
အလှပြင်ပြီးနောက် သူမက သူမအမျိုးသားကို လှမ်းမေးလိုက်ပါတယ်။
"ကဲ..ကျွန်မကို ကြည့်ပါဦး အခုဆို ကျွန်မအသက် ဘယ်လောက်အရွယ်အဖြစ် မြင်ရလဲဟင်”
သူက သေသေချာချာ ဂရုတစိုက်ကြည့်ပြီး ဖြေလိုက်တယ်။ “ အသားအရေကိုကြည့်ပြီး ဖြေရရင် အသက် ၂၀၊ ဆံပင်ဆိုရင် ၁၈နှစ်၊ ခန္ဓာကိုယ်အသွင်အပြင်ဆိုရင် ၂၅နှစ်”
“အိုး.. ဒါတော့ ရှင်မြှောက်နေတာ မဟုတ်လား”လို့ သူမက ရှက်ပြုံးနဲ့ ပြန်ပြောတယ်။
“ နေပါဦး၊ စကားမဆုံးသေးပါဘူး၊..”
“ကဲ..ဒါဖြင့် ဘာကျန်သေးလဲ ပြော”လို့ သူမက ကြည်နှုးစွာ ဖြေလိုက်တယ်။
“ငါ တစ်ခုချင်းဆီပဲ ပြောရသေးတာ။ အားလုံးကို ပေါင်းမပြောရသေးဘူးလေးကွာ”

မိန်းမများ ကြိုက်နှစ်သက်သော အားကစား
17နှစ် - shopping
25နှစ် - shopping
35နှစ် - shopping
48နှစ် - shopping
66 နှစ်- shopping

ရွေးချယ်မှုစံ
17နှစ် - tall, dark and handsome (ဒီလောက်ပြည့်စုံရင် တော်ပြီတဲ့)
25နှစ် - tall, dark and handsome with money (နေဦး ပိုက်ပိုက်ရှိမှ လျှောက်လည်လို့ရမှာ)
35နှစ် - tall, dark and handsome with money and a brain (နေဦး ထက်မြက်ဖို့လည်း လိုတယ်)
48နှစ် - a man with hair (ကျန်တာထက် ဆံပင်ပါမှဖြစ်မယ် အလှူ ဘာညာသွားရင် လူမြင်ကောင်းဖို့လိုတယ် :))
66နှစ် - a man (ဆံပင်မပါလည်း ရပြီ ဆေးပေးမီးယူပဲ :))

ဂျပန်နိုင်ငံက ဟာသများ

ဂျပန်နိုင်ငံက အများပြောပြောပြီး ရယ်ကြတဲ့ ရယ်စရာတွေအကြောင်း ဒီနေ့စကားစပ်မိလို့ lab ထဲမှာ ပြောရင်း ရယ်ဖြစ်ကြတယ်။ မောပန်းနေတဲ့ သူငယ်ချင်းများအတွက် အမောပြေ ပြန်လည် ဖောက်သည်ချလိုက်ရပါတယ်။ တဒင်္ဂ ရယ်မောဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ.:D. ။ ဒီလိုတဲ့...

၁။ သမ္မတ ကလင်တန် နဲ့ ဂျပန်ဝန်ကြီးချုပ်တစ်ဦးအကြောင်း
(တချို့လည်း သိပြီးသားဖြစ်နေမလားပဲ.မသိသေးသူများအတွက် ပြန်ပြောပြမယ်နော်။)
အခုဝန်ကြီးချူပ်ရဲ့ ရှေ့ လေး ငါးဆက်မြောက်က ၀န်ကြီးချူပ် မစ္စတာမိုရိဆိုတာ ရှိခဲ့တယ်။ (၂၀၀၀ခုနှစ် မတ်လက ဖြစ်ခဲ့တာ) အမေရိကန်သမ္မတ ကလင်တန်လာမယ်ဆိုတော့ ကြိုဆိုဖို့ ပြင်ကြတယ်။ အစဉ်အဆက်က အမေရိကန်သမ္မတများ၊ ဂျပန်သမ္မတများဟာ ဆွေးနွေးချက်အားလုံးကို စကားပြန်နဲ့ ပြောကြပေမယ့် နှုတ်ဆက်စကားတော့ အင်္ဂလိပ်လို နှုတ်ဆက်နေကြ အစဉ်အလာ ရှိတယ်။ ဒီတော့ ၀န်ကြီးချူပ် မစ္စတာမိုရိလည်း အင်္ဂလိပ်လို နှုတ်ဆက်စကားကို အသေ ကျက်ထားတယ်ပေါ့။

သူတို့ နှစ်ဦး တွေ့တော့ အပြန်အလှန်နှုတ်ဆက်ပုံလေးကို နားထောင်ကြည့်ပါ..။

Bill Clinton :  Hello!!
Mori:  Hello! Who are you! (How are you နဲ့ မှားပြီး ပြောမိတာ)
Bill Clinton :   I am husband of Hillary Clinton.

( နှုတ်သွက်တဲ့ ကလင်တန်က အခုလို ပြန်နောက်လိုက်တာဖြစ်ပါတယ်။ သို့သော်...မစ္စတာမိုရိရဲ့ တုန်ပြန်စကားက)

Mori:  me, too.
Bill Clinton :  ? ? ? ? 
တနိုင်ငံလုံး ရယ်ပွဲကျသွားခဲ့တယ်။


ဒါပြင် နောက်တကြိမ်.. မှားသေးတယ်.. အဲဒါက အကြီးအကဲ နှစ်ဦး လက်ဆောင် ဖလှယ်တုန်းကပေါ့..
Bill Clinton :  This presents for you.Mori :  No,thank you!(oh、thank you ကို မှားပြောတာ)
ကလင်တန်က လက်ဆောင်ကို ပြန်ယူသွားရ မသွားရ ဆုံးဖြတ်ရခက်သွားတယ်တဲ့..

အတွေးတချို့နဲ ဟာသတချို့

စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
(၁) Happy Birthday
တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
\(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
***
(၂) အစားထိုး ပစ္စည်း
အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
“ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))

ပျင်းကွက်ကိုရှာ

ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူသက်သာတယ်နော်။ အားလုံး အဆင်သင့်ရနေတဲ့ အဆင့်မြင့် နည်းပညာခေတ်ကြီးမှာတောင် တခါတလေ တစ်ထွာတစ်မိုက် လမ်းမလျှောက်ချင်အောင်၊ မလှုပ်ချင်အောင် ပျင်းမိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်နဲ့၊ ပျင်းတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဖူးရယ်.. သူများတွေလည်း ကိုယ့်လို ပျင်းကြတယ်။

ဟော..မယုံဘူးလား?? ကဲ.. သက်သေအထောက်အထား အဖြစ် .အောက်က ကိုယ့်လို ပျင်းဖော်ပျင်းဖက်လေးများရဲ့ အပျင်းထူပုံများကို ကြည့်သွားပါဦး.. :D
တီဗွီရမု သွားယူဖို့အထိ အန်နာဂျီ အကုန်မခံနိုင်ဘူး..ထိုင်ခုံနဲ့ ထိုင် ထုတ်ရတာ ဆိုတော့ ပိုအဆင်ပြေပုံပဲ..ကားမောင်းတဲ့ဘက်ခြမ်းက မြင်ရရင် တော်ပြီပေါ့...မားမား လည်း ညောင်းတယ် သမီးရယ်..
ဖ၀ါးထပ်ချပ် လိုက်ပါရစေ အဲလေ.. မင်းပျံသန်းရပ် ခိုလိုက်ပါရစေ..

ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဧပြီလမှစ၍ ဖြစ်ပေါ်ခဲ့သော ကလေး ၆၁ ဦး သေဆုံးခဲ့ရသည့် အမျိုးအမည်မသိ ရောဂါဆန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါစုံစမ်းစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော် ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ အပ်နှံမှု


မြန်မာ့ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ အကြောင်းအမျိုးကြောင့်တွေ့ရှိပြီး ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနကို လာရောက်အပ်နှံပါက ပစ္စည်းရဲ့ မူလ တန်ဘိုးအပေါ် လက်ရာတန်ဘိုး၊ ခေတ်ကာလတန်ဘိုးတွေ ထပ်ဆောင်းပြီး ဂုဏ်ပြုဆုကြေးငွေ ချီးမြှင့်နေကြောင်း သိရှိရပါသည်။

HIV ကူးစက်နှုန်း ကျတဲ့ ပထမဆုံး ဆေး

ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း
HIV ကူးစက်နှုန်း ကျဆင်းစေတဲ့ ပထမဆုံး ဆေးကို အမေရိကန်မှာ ခွင့်ပြု လိုက်ပါပြီ။

Truvada ဆိုတဲ့ ဆေးကို HIV ပိုးရှိသူနဲ့ ကိုယ်လက် နှီးနှောမှုလို ကူးစက် နိုင်ခြေ များတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။

ဆေးသောက်တာ အပြင် ကွန်ဒုံး သုံးတာ၊ HIV ပိုး ရှိမရှိ မှန်မှန် စစ်တာတွေလဲ လုပ်မှ ရောဂါကို ထိရောက်အောင် ကာကွယ် နိုင်တယ် အမေရိကန် ဆေးဝါး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း စေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

ဘီဘီစီ မြန်မာပိုင်း

နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရခိုင်ရှေးဟောင်း လှေကြီး တစ်စင်းအား ရှာဖွေ တွေ့ရှိ



လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကဟု ခန့်မှန်းရသော ရခိုင် ရှေးဟောင်း သစ်သား လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသတွင် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက ရှာဖွေ တွေ့ရှိခဲ့သည်။

ရှေးဟောင်း သစ်သား လှေကြီးကို  ဇွန်လ ၂၉ ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်း ဒေသ ကွာကတ (ကံဆိပ်) ဆိပ်ကမ်း သဲသောင်ပြင် ရေတိမ်ပိုင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံများသည် အဆိုပါ ရှေးဟောင်း လှေကြီးပေါ်မှ အဖိုးမဖြတ်နိုင်သော ပစ္စည်းများကို ယူဆောင်သွားကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းများတွင် ဖေါ်ပြသည်။

HIV ထိန်းချုပ်ဆေးသစ်တမျိုးအား အမေရိကန် FDA မှခွင့်ပြု

ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဟုဆိုသော AIDS ရောဂါ ဝေဒနာကို ဖြစ်ပွား စေသော HIV ရောဂါပိုးကို တိုက်ခိုက်၍ ဟန့်တား ထိန်းချုပ် နိုင်မည့် ဆေးဝါး (၄) မျိုးကို ပေါင်းစပ် ထားသည့် ဆေးဝါးသစ် တမျိုးအား အများပြည်သူ သုံးစွဲနိုင်ရန် အလို့ငှာ အမေရိကန် အစားအသောက်နှင့် ဆေးဝါး ဆိုင်ရာ အုပ်ချုပ်မှုဋ္ဌာန (FDA) မှ ၂၀၁၂ ၊ သြဂုတ်လ (၂၇) ရက်နေ့တွင် တရားဝင် ခွင့်ပြုချက်ပေး လိုက်သည်။

ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင်

HIV  ပိုးရှိသူ၏ အပေါ်ယံထွက်သော သွေးမှလည်း အခြားသူများထံသို့ ရောဂါကူးစက်ခံရမှုမရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများ မှပညာရှင်တို့က ဆိုသည်။ HIV ပိုးမှာ ပိုးရှိသူနှင့် အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလို ART ဆေးဝါးသောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။

ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ

 အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင်   ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။

ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။

အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။

“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့  ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။

Wednesday, September 19, 2012

Android မှာ Window 8 Style သုံးရအောင်

 Android ဖုန်းမှာ Window 8 အသုံးပြုနိုင်တဲ့ apk လေးပါ ခင်ဗျာ..

Download






မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်(MCF) မှ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူး၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ITPEC စာမေးပွဲများမှ Fundamental IT Engineer Examination (FE) အကြောင်းဟောပြောပွဲကို ၂၀၁၂ ခုနှစ်သြဂုတ်လ (၁၁) ရက် စနေနေ့ နေ့လည် (၁း၃၀)နာရီတွင် ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ MICT Park , Conference Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် Programmer များ၊ Program Design ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ နှင့် IT ကျွမ်းကျင်မှုကိုအသိအမှတ်ပြုနိုင်ရန်၊ အတွက် ရည်ရွယ်၍စစ်ဆေးသည့်စာမေးပွဲဖြစ်သည်။
ITPEC (FE) စာမေးပွဲနှင့် ပတ်သက်သောအကြောင်းအရာများကို ဂျပန်နိုင်ငံ Information-technology Promotion Agency (IPA), IT HRD Headquarters မှ Vice President တစ်ဦးဖြစ်သMr. Kenji Ogawa မှ လာရောက်ရှင်းလင်း ဟောပြောမည်ဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များ၊ IT Company များမှ ဝန်ထမ်းများနှင့် စိတ်ဝင်စားသူ     မည်သူမဆို တက်ရောက်နိုင်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ကွန်ပျူတာပညာရှင်အသင်းများတွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပါမည်။

၂၀၁၂ ခုနှစ်သြဂုတ်လ ( ၈ ) ပုသိမ်မြို့
၂၀၁၂ ခုနှစ်သြဂုတ်လ ( ၉ ) မန္တလေးမြို့
၂၀၁၂ ခုနှစ်သြဂုတ်လ (၁၀ ) မုံရွာမြို့

အသေးစိတ်အချက်အလက်များ သိရှိလိုပါက လှိုင်မြို့နယ် ၊MICT Park ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အဆောင်(၁)၊ဖုန်း-၆၅၂၃၀၇ နှင့်  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်သင်း၊ အဆောင်(၄)၊အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။