Saturday, August 25, 2012
ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။
ဓမ္မစေတီခေါင်းလောင်းကြီး
ခေါင်လောင်းတော်ဘွဲ့- အဝိန္ဒဆောက် ခေါင်းလောင်းတော် အလေးချိန်- ၁၈၀၀၀၀ ပိဿာ(တန်ချိန် ၂၉၀) အတိုင်းအတာ - အဝ(၈)တောင်၊ xxx(၁၂) တောင် သွန်းလုပ်သည့်နေ့- သက္ကရာဇ် (၈၃၇)ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ -သက္ကရာဇ် (၈၃၈) ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ် ကျော်ကြားမှု- ပျောက်ဆုံးနစ်မြှုပ်နေမှု
နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ
မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။
သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။
“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။
Wednesday, August 22, 2012
(12) ရာသီခွင်ဟာသ
(12) ရာသီခွင်ဟာသ ၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ) မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်" Aries "ဟုတ်ကဲ့ပါ မေမေ" ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်" မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?" Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူ မမြင်အောင်ချွတ်ထားပြီးမှ ဒါန်းစီးတာပါ" (Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်) (၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ) ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး" ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ" (Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ) မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ" Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ" (Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊
မမြင်ရတဲ့ password တွေကို ဘယ်လို မြင်အောင်ကြည့်မလဲ ...
ပါဝါမျက်မှန် အထူကြီးနဲ့ ကြည့်လို့မရတာတော့ အမှန်ပါ .. ကဲ တင်ပေးလိုက်ပြီ ဗဟုသုတရဖို့ တစ်ခုတည်းပဲ ရှေးရှုတာပါ ... တစ်ခြားတော့ ရည်ရွယ်ချက်မပါပါဘူး ... အခုကျွန်တော်တင်ပေးတဲ့ ရည်ရွယ်ချက်က တစ်ခါတစ်လေ မိမိကိုယ်တိုင် ကွန်ပျူတာမှာ ဘာ password ပေးမိလို့ပေးမိမှန်းမမှတ်မိတော့ တာမျိုးပေါ့ .. gmail ကတော့ ၀င်လို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင် ကွန်ပျူတာဖြစ်နေတော့ remember password ပေးထားလိုက်တာကိုး .. အဲ့ဒီ့လိုအခြေအနေမျိုးမှာ password ကို သိချင်တာပဲဖြစ်ဖြစ် .. သူ့မူရင်းပါ့စ်ဝါ့ကို မေ့နေလို့ ပြန်ကြည့်တာပဲဖြစ်ဖြစ်ပေါ့ .. နည်းပညာဆိုတာတော့ အကုန်လုံးသိထားရင် ပိုကောင်းမယ်ထင်လို့ တင်ပေးလိုက်တာပါ .. hacking အတွက်လဲ မတွေ့တော့ ဒီမှာပဲ တင်ပေးလိုက်တယ် ... ကဲ သူကတော့လွယ်ပါတယ် ကျွန်တော်ပေးထားတဲ့ software ကို ဒေါင်းလော့လုပ်ပြီးတာနဲ့ ပေးထားတဲ့ username and password ကို ထည့်လိုက် ... ပျောက်နေတဲ့ပါ့စ်ဝါ့ (အတုံးလေးတွေပဲမြင်နေရတာမျိုး) ဆိုရင် ဒီမှန်ဘီလူးလေးနဲ့ ကြည့်လိုက် ... အကုန်လုံးကိုမြင်ရပါလိမ့်မယ် ပုံလေးနှင့်ပြထားပါတယ် .. ကိုက ပေါ်နေတဲ့ ပါ့စ်ဝါ့ကို မှတ်ဖို့ခက်နေတယ်ဆိုရင်တော့  copy ဆိုတာလေးကို နှိပ်လိုက်ပါ အထဲက password တွေကို ကော်ပီကူးပြီးသားဖြစ်နေပါလိမ့်မ ယ် .. ဒီပို့စ်ကို ဘယ်ဖိုရမ်ဘယ် ဘလောဂ်မှာမှာ မဖော်ပြရသေးပါဘူး
ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များ အဆင်မြှင့်၍ ပြန်ဖွင့်မည်
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကို အဆင့်မြှင့်၍ အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောင်းသားများအနေဖြင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းမှ ကျောင်းသားများအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကာ တက္ကသိုလ်တစ်ခုလျှင် ကျောင်းသား ၂၅၀ စီ စိစစ်ရွေးချယ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလို PDF စာအုပ်များ ၁၀၄ အုပ်
  1. About Deepfreeze (194.8KB)  (Download mediafire)
  2. Acrobat (5.18MB)  (Download mediafire)
  3. Adobe PhotoShop - Web Designer Guide (ပဒုမ္မာ) (12.88MB)  (Download mediafire)
  4. Adobe Illustrator အဓိကသော့ချက်များ (မင်းသန့်အောင်)  (11.09MB)  (Download mediafire)
  5. Adobe Photoshop CS4 (11.22MB)  Download  (Download jumbofiles)
  6. Adobe Photoshop Design Tutorials By U Aung Naing Maw (12.64MB) (Download mediafire)
မြန်မာကျောင်းဆရာလစာ တိုးမြှင့်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ၇ ဆ ခန့် ကွာဟနေဆဲ
လူမှုစီးပွား အကျပ်အတည်းများကြောင့် မြန်မာကျောင်းဆရာဆရာမ အများစုကြီးမှာ စား၊ ၀တ်၊ နေရေး အခက်အခဲ များစွာကို ရင်ဆိုင် နေကြရဆဲ ဖြစ်သည်။ ထို့အပြင် အခြားသော အပြင်အလုပ်များ လုပ်ကိုင်၍ လည်းကောင်း၊ ကျူရှင်ဖွင့်၍လည်းကောင်း ဘ၀အကျပ်အတည်းကို ပင်ပန်းကြီးစွာ ဖြေရှင်းနေရဆဲလည်းဖြစ်၏။
သို့ဖြစ်ပါ၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး၏ ပထမဆုံးနေ့တွင် ပညာရေး ဒု-၀န်ကြီး ဦးအေးကြူက အခြေခံပညာ ၀န်ထမ်းများ၏ လစာ တိုးမြှင့်မည့်ကိစ္စရပ်ကို တင်သွင်းဆွေးခြင်းကို မြန်မာ ကျောင်းဆရာထုက ကြိုဆိုလိုက်ကြောင်း သတင်းရရှိပါသည်။
ပထမဆုံးအကြိမ် ကျောင်းဆရာများ၏ လူမှု ဘ၀အရည်အသွေးအတွက် စဉ်းစားတင်သွင်းသည့် အဆိုပါ ပြောကြားချက်တွင် ကျောင်းအုပ်များ၏ လစာနှုန်းထားများကို တိုးမြှင့်သွားမည်ဟု ဆိုပါသည်။ အလယ်တန်းကျောင်းအုပ် ၂၂၃၁ ဦးကို လက်ရှိလစာနှုန်း (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) မှ (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀) သို့ လည်းကောင်း၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးကို လက်ရှိ လစာနှုန်း  (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) မှ (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) နှုန်းသို့ လည်းကောင်း တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မူလတန်းပြဆရာ၊ ဆရာမဦးရေ ၆၀၀၀၀ ကိုလည်း အလယ်တန်းပြ ရာထူးသို့လည်းကောင်း စိစစ် တိုးမြှင့် ခန့်ထားမည်ဖြစ်ကြောင်းဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့သည်။
မိမိ Computer မှာ ( 7.45 GB ) Free သုံးချင်တယ်ဆိုရင်
ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား Partation တွေကတော့ ပုံမှန်အတိုင်း Hard Diskထဲမှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး GMail Drive v1.0.18  ကိုအောက်မှာ နှစ်နေရာ တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချလိုက်ပါ .. ဒေါင်းလော့ ချပြီးပြီ ဆိုရင်တော့ Setup ဖိုင်လေးကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးပြီဆိုရင်တော့ My Computer ထဲက Other ထဲမှာ G-mail Drive ဆိုပြီးပေါ် နေပါလိမ့်မယ် .. ပြီးရင် အဲ့ဒီကောင်လေးကို Double Clickပေးလိုက်ပါ .. ဒါဆိုရင် G-Mail Login ၀င်ခိုင်းပါလိမ့်မယ် .. အခုကျွန်တော်တို့ အသုံးပြုမဲ့ အကောင့်သည် အကောင့် အသစ်တစ်ခုဖြစ်ရင် ပိုကောင်း ပါတယ် .. Login ၀င်ပြီးပြီဆိုရင် ခဏလေးစောင့်ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် မိမိတို့Computer ထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခုကို Free သုံးလို့ ရသွားပါလိမ့်မယ် ..
ဆေးကျောင်းသူ ဝင်ခွင့်အချိုး ၁ဝ ရာခိုင်နှုန်းတိုး
ဆေးတက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားခွင့်ပြုမည့် ကျောင်းသူအချိုး ကို ယခုပညာသင်နှစ်မှစ၍ တိုးမြှင့်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောသည်။
ယခင်က ဆေးတက္ကသိုလ်မှ လက်ခံရာတွင် ကျောင်းသူ ဦးရေ အား ၄ဝ ရာခိုင်နှုန်းအထိသာ ခွင့်ပြု ပေးခဲ့သော်လည်း ယခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
''ဝင်ခွင့်ရတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးဦးရေကို တန်းတူ ပေးလိုက်တာ ပါ''ဟု ကျန်းမာရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ဆက်လက်ပြော သည်။
ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်အသီးသီးတို့၌ ဝင်ခွင့်ရကျောင်း သား ကျောင်းသူဦးရေ ၁၂ဝဝ ကိုသာ လက်ခံပေးမည်ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက လျှောက်ထားသူများ၏ အမှတ်အလိုက် စီတန်းကာ ရွေးချယ် သွား မည်ဖြစ်သည်။
မိမိ ကွန်ပျူတာ နှေးကွေးလေးလံနေပါက
ွကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။ လူတိုင်း မိမိသုံးနေသော ကွန်ပျူတာ နှေးကွေးလေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။
ကျွန်တော် အခု ဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ လိုအပ်ချက်တော့ ရှိမှာပါ။ ယခုလဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးပြုပြီး ကောင်းမွန်တဲ့အတွက် စာဖတ်သူများကို ပြန်လည် Share လုပ်ခြင်း ဖြစ်ပါသည်။ သိတဲ့ လူတွေရှိသလို မသိတဲ့ လူတွေလဲ ရှိမှာပါ။ မသိတဲ့ လူများအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။ အောက်ပါအတိုင်း ပြုလုပ်သွားပါ။
အရင်ဦးဆုံး မိမိရဲ့ စက်ကို အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁) Desktop ပေါ်က My Computer ကို Right Click လုပ်ပါ။ Properties ကို ရွေးပါ။ ၂) System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။ ၃) Performance အောက်က Settings ကို ရွေးပါ။ ၄) Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။ ၅) Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
အင်္ဂလန်အခြေစိုက် Globe Education Consultancy နှင့် CROWN Education တို့ အစီအစဉ်ဖြင့်ပေးအပ်မည့် အင်္ဂလန်ပညာသင်ထောက့်ပံ့ကြေး
အင်္ဂလန်နိုင်ငံ အခြေစိုက် Globe Education Consultancy နှင့်   CROWN Education တို့ ၏ စီစဉ်ဆောင်ရွက်မှု့ ဖြင့် အင်္ဂလန်တွင် MBA, BA, Degree Foundation ပရိုဂရမ်များကို သင်ယူမည့်ကျောင်းသူကျောင်းသားများ ကုန်ကျစရိတ်စရိတ်သက်သာစွာဖြင့် ပညာသင် ယူနိုင်ရန် ၀န်ဆောင်မူ့ ပေးမည့်ရှင်းလင်းပွဲကို August 22, 2012 (Wednesday), ညနေ (၃) နာရီမှ (၅) နာရီအထိ Summit Parkview Hotel, Meeting Room တွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး  August 23-24  ရက်များတွင် တစ်ဦးချင်းစီ ဆွေးနွေးပေးမည့်အစီအစဉ်ရှိကြောင်းသိရသည်၊၊
ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမူဝါဒများအပေါ် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်များမှ မြန်မာနိုင်ငံအား ပိုမိုစိတ်ဝင်စား လာကြပြီး ပညာသင်ထောက်ပံ့ကြေးများ ပိုမိုကမ်းလှမ်းလာကြသည်၊၊ မြန်မာနိုင်ငံမှ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအတွက် Globe Education Consultancy (UK) နှင့် ချိတ်ဆက်ထားသည့် တက္ကသိုလ်များမှ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ အတွက်ပညာသင် ထောက်ပံကြေးပမာဏမြင့်မားစွာပေးအပ်မည့် အစီအစဉ်များကိုအဆိုပါ ဆွေးနွေးပွဲတွင်ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်၊၊
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် နန်ယန်းနည်းပညာ တက္ကသိုလ် (NTU) မှာ သင်ယူမည့်သူများအတွက်ဟောပြောပွဲ
စင်ကာပူအမျိုးသားတက္ကသိုလ်  (NUS)  နှင့် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ပါရဂူဘွဲ့ ရဆရာများမှအင်ဂျင်နီယာဘာ သာရပ်နှင့် BioMedical, MSc Healthcare Management သင်ယူမည့်သူများအတွက်ဟောပြောပွဲ
အင်ဂျင်နီယာဘာသာရပ်ကိုစိတ်ဝင်စားသောကျောင်းသားကျောင်းသူများအတွက်  ကမ္ဘာပေါ်တွင် အင်ဂျင်နီ ယာဘာသာရပ်၏ အရေးကြီးပုံအခန်းကဏ္ဍများ၊ ကမ္ဘာပေါ်တွင် အသုံးဝင်ဆုံး အင်ဂျင်နီယာဘာသာရပ်များ အကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ တန်း ရောက်လာမည့် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်သည့် အခန်း ကဏ္ဍများအကြောင်းကို Nanyang Technological University မှ PhD ဘွဲ့  ရရှိထားခဲ့သော Dr. Ben Lim Kheng Khong မှ လည်းကောင်း၊ကမ္ဘာတစ်ဝှမ်းရှိ ဆေးဝါးရှာဖွေဖေါ်ထုတ်ခြင်းနှင့် သုတေသန လုပ်များနှင့် ဆက်စပ်သည့် လုပ်ငန်းများကပညာရပ်များနှင့် အလုပ် အကို်င်အခွင့်အလမ်း များအကြောင်းကို Dr. Mandar Godge (PhD National University of Singapore) မှ လည်းကောင်း ညနေ (၂)နာရီမှ (၅)နာရီအထိ၊ ဇူလိုင်လ (၂၉)  ရက်နေ့ ၊ ၂၀၁၂ (တနင်္ဂနွေ နေ့) Summit Parkview Hotel တွင် ကျင်းပပြုလုပ်မည့်  MDIS Open House တွင်ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့  တက်ရောက်နိုင်ပါသည်၊၊
စာသင်ခန်းဟာသများ
ဘယ်မှမသွားတဲ့မျက်နှာ
ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´
-
ကတ်သီးကတ်သပ်
ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။
ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။
အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။
-
သူ့မနော
မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။
``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´
ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…
``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´
ဆရာကြီး ကျေနပ်သွားတယ်။
``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´
``ဟို… ဘယ်တစ်ယောက်လဲဟင်´´
ရယ်ချင်ပါသလား ဖြေးဖြေးရယ်ပါ
အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို မကြည့်နိုင်လောက်အောင်ဖြစ်နေရာ
မှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး ထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယော
က်ျားလု စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့ ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့် ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က ပယ်ချလိုက်ကြောင်း.....။
နယ်သတင်းများ..။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို နယ်ကာ အိမ်များတွင်မိန်းမများက အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။
အိုင်တီ.သတင်း.....။အင်တာနက်ဆို
င်များ ပေါများလာခြင်းကြောင့်...အပြိုင်အဆိုင်ဖြစ်ကာ...ဈေးချခြင်း...၊ဆက်တိုက်သုံးလျှင် ထမင်းပါကျွေးခြင်း ။ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း ။အကောင့် အလန်းလေးများ ရှာပေးခြင်း..။တခါတလေ ကြူ ပါရဂူ များခန့်ထားပီး ကူ ကြူပေး ခြင်း..(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက် စီစဉ်ပေးခြင်း....စသည့်ဝန်ဆောင်မှုများဖြင့် ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း...ကျွမ်းကျင် သူများက သုံးသပ်ကြ ကြောင်း...။အချို့သော ဆိုင်များက မသမာသော နည်းသုံးနိုင်သည်..။အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများ နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင် ကြားကသွေးထိုး ခြင်းများပင် လုပ်လာနိုင်ကြသည်ဆို ဧ်။
စသဖြင့် သတင်းအစုံ အလင်ပါ..။
ဂေါက်ရောဂါသည်များ အတွက် အစားအစာများ
29 MAY 2012  | BY HEALTH DIGEST
Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။ Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။
Web ထဲမှ စုစည်းမှုဟာသများ
သူ.အတွေး
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...
ရှေ့ပြောနောက်ကြည့်(ဟာသ)
ရှေ့ပြောနောက်ကြည့်
“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
အရှင်းဆုံးအဖြေ
လူနာ - Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?
ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး
သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ ကြွက်သားတွေထွက်ပြီး ထောင် ထောင်မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။
ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။ အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။ အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်
မသန့်ရှင်းသောရေကြောင့် ကူးစက်လွယ်ဝဲရောဂါ မိုးတွင်းတွင် အဖြစ်များ
မိုးရာသီတွင် အဖြစ်များသော ၀ဲရောဂါမှာ အာဟာရချို့တဲ့ချိန်နှင့် ကျန်းမာရေးချို့တဲ့ချိန်များတွင် ကျောက်ကပ်၊ နှလုံးကိုပါ ထိခိုက်နိုင်သောကြောင့် သတိပြုသင့်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း အရေပြားရောဂါကု ဆရာဝန် ကြီးများထံက သိရှိရသည်။
“၀ဲရောဂါဆိုတာ ကုတ်လို့ရှိရင် အစကတော့ အယားပြေသလိုလိုနဲ့ နောက်ကျရင် အရေပြားယောင်ရမ်းလာမယ်။ လက်ဆိပ်တက်ပြီး   ပြည်တည်နာ ဖြစ်လာမယ်။ အဲ့ဒီကနေတဆင့် တစ်ကိုယ်လုံးပျံလာပြီး အဖျားကြီးတာတို့၊ ကျောက်ကပ်တို့ကိုပါ ထိခိုက်လာနိုင်တယ်” ဟု ပါရဂူဆေးခန်းမှ အရေပြားအထူးကု ပါမောက္ခ ဒေါက်တာ မင်းဆွေ က ပြောသည်။
“၀ဲရောဂါက မသန့်ရှင်းရင် ဖြစ်တတ်တဲ့ရောဂါမို့လို့ တစ်ကိုယ်ရေသန့်ရှင်းမှုက အရေးကြီးပါတယ်။ အ၀တ်အစား အသုံး အဆောင်တွေကို    ဆပ်ပြာရည်ထဲမှာ တစ်ညစိမ်ပြီးမှ လျှော်ဖွပ်သင့်ပါတယ်။ လိမ်းဆေးနဲ့ပါတ်သက်ပြီး အထူးဂရုပြုရမှာက အရေပြားရောင်ရမ်းတာတို့၊ ပြည်တည်နာတို့ ဖြစ်နေမယ်ဆိုရင် လိမ်းဆေးတွေကို တိုက်ရိုက် မလိမ်းသင့်ဘူး။ ရေအေးကပ်ပေး အနာခြောက်လာပြီဆိုမှ ၀ဲလိမ်းဆေးတွေကို လိမ်းပေးရတယ်။ ပြီးတော့ အနာ ဖြစ်တာကြာတယ်ဆိုရင် ဆရာဝန်တွေနဲ့   ပြသင့်တယ်”ဟု ပါမောက္ခ ဒေါက်တာ မင်းဆွေ ရောဂါဖြစ်ပွားခြင်းအား ကာကွယ်နိုင်ရန် အကြံပြုပြောဆိုခဲ့သည်။
ကလေးငယ်များတွင် ၀ဲရောဂါဖြစ်ပါက ရောဂါပိုးအဆိပ်အတောက်သည် တစ်ကိုယ်လုံးပျံ့နှံ့၍ အာသီးရောင်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ်၊နှလုံးဖောရောင်ခြင်းစသော နောက်ဆက်တွဲရောဂါများ  ဖြစ်ပေါ်လာနိုင်ကြောင်း ကိုလည်း သိရှိရသည်။      
ဝဲရောဂါဖြစ်လျှင် အသုံးပြုနိုင်သော လိမ်းဆေးများမှာ ဆာလ်ဖာဖယောင်းချက်(Sulphur Ointment) Benzyl Benzoate 25% (Burscabe) အရည်၊ Eurax Cream လိမ်းဆေး၊ Permethrin Cream, Gammaxane အရည်စသည့် လိမ်းဆေးများ လိမ်းပေးခြင်းဖြင့် လည်းကောင်း၊ လိမ်းဆေးဖြင့် မသက်သာပါက (နှစ်ရှည်လများ ဖြစ်ပွားနေပါက) နားလည်တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ပြသသင့်ကြောင်းကိုလည်း  သိရှိရသည်။
မအူပင် ကက်သလစ် ကျောင်းတစ် ခုတွင်လူငယ်များ အော့အန်၊ မူးဝေ
မအူပင် ကက်သလစ် ကျောင်းတစ် ခုတွင်လူငယ်များ အော့အန်၊ မူးဝေ ၊ ကိုယ်အပူ ရှိန်တက်၍ အရေးပေါ် ဆေးရုံတင်ရ
---ထိုသို့ဖြစ်ပွားခြင်းမှာ ရာသီတုပ်ကွေးကြောင့်ဖြစ်ကြောင်း မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးပြောကြား---
ရန်ကုန်၊ဇွန်-၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့ပေါ်ရှိ စိန့်ရီတာကက်သလစ် ခရစ်ယာန်ဘုရားကျောင်းနေ ကျောင်းသားကျောင်းသူ ၂၀ခန့်မှာ အော့အန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်မြင့်တက်လာခြင်းတို့
ဖြစ်ပွား၍ အရေးပေါ်အဖြစ် ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၄ ရက်က ယင်းဘုရားကျောင်းနေ အသက်(၁၆)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် စတင်ဖြစ်ပွားကာ ညတွင်းချင်းပင် အခြားကလေးငယ် ၁၇ယောက်သို့ ကူးစက်ကာ အရေး
ပေါ်အခြေအနေတစ်ရပ်အဖြစ် မအူပင်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ လူမှုရေးဆိုင်ရာ လုပ်ငန်းများကို လိုက်လံဆောင် ရွက်နေသူတစ်ဦးက 7Day News သို့ပြောသည်။
ရောဂါဖြစ်ပွားသည့် ကလေးငယ်များမှာ အော့အန်ခြင်း၊၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်များစွာ မြင့်တက်ခြင်း အစရှိသော တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာပုံစံမျိုးကို အများစုခံစားနေရပြီး ရောဂါဖြစ်ပွားသည့် ကလေးငယ်တစ်ဦးချင်းစီမှာ ဖြစ်ပွားသည့် ရောဂါလက္ခဏာပုံစံခြင်း မတူညီ ကြောင်း မအူပင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြော သည်။ အဆိုပါဖြစ်စဉ်၏ အခြေအနေမှန်အား သိရှိစေရန် မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးသို့ ၇ီပေ နြတျ မှ ဆက်သွယ်မေးမြန်းရာ ''ရာသီတုပ်ကွေးပါ။ ကလေးတွေက ကိုယ်ပူတယ်၊ ခေါင်းကိုက်တယ်၊ အော့အန်တယ်၊ ၀မ်းသွားကြတယ်၊ စိုးရိမ်ရတဲ့အနေအထား
ကတော့ တစ်ယောက်မှမရှိပါဘူး။ ကျောင်းကဘော်ဒါဆောင်ဆိုတော့ လူများတယ်။ ကူးဖို့ကလွယ်သွားတာပေါ့။ အခုဆေးရုံ က မနက်ဖြန်ဆို ဆင်းနိုင်မယ့် ကလေးတွေတောင်ရှိနေပါပြီ။ လက်ရှိဆေးရုံမှာ ရောဂါဖြစ်ပွားတဲ့ ကလေးအယောက် ၂၀ ရှိပါတယ်''ဟု မအူပင်မြို့နယ် ဆေး ရုံအုပ်ကြီး ဦးထွန်းမြင့်ကပြောသည်။
ခရစ်ယာန်ဘုရားကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၅ ယောက်နေထိုင်ပြီး လက်ရှိ တွင် ကလေး ၆၀ ဦးခန့်တွင် ရောဂါကူးစက်ခံနေရပြီး ၁၇ဦးအား မအူပင်ဆေးရုံတွင် ဆေးကုသ
မှုခံ ယူလျက်ရှိကြောင်း ရောဂါဖြစ်ပွားသည့် စိန့်ရီတာဘုရား ကျောင်းမှ ဖာသာဖောထူးကပြောသည်။
''ကလေးတွေက ဒီဘုရားကျောင်းမှာ ဘော်ဒါသဘောမျိုးနဲ့ လာရောက်နေထိုင်ကြတာပါ။ အများစုက နွမ်းပါးပြီး ဆင်းရဲတဲ့ကလေးတွေကို ဒီကျောင်းက စောင့်ရှောက်နေထိုင်ခွင့်ပြုထားတာပါ။ ရောဂါကို ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ချက်အရ တုပ်ကွေးသဘောမျိုးလို့ ပြောတယ်။ အရင်က ဒီကျောင်းမှာ တစ်ခါမှ မဖြစ် ဖူးဘူး။ ဆေးရုံက တချို့ကလေးတွေလဲ တော်တော်သက်သာလာပါပြီ''ဟု အဆိုပါဖာသာဖောထူးကပင်ပြောသည်။
စိန့်ရီတာကက်သလစ်ဘုရားကျောင်းအား တစ်ပတ်တိတိပိတ်ထားမည်ဖြစ်ပြီး ယင်းကျောင်းအနီးတစ်ဝိုက်ရှိလမ်းများကိုလည်း မသက်ဆိုင်သူများ မ၀င်ရောက်ရန် နှင့် ရောဂါပိုးမကူးစက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် လုံခြုံရေးစောင့်ရှောက်မှုများကိုလည်း
ဆောင်ရွက်ထားကြောင်း မအူပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး
ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဧပြီလမှစ၍ ဖြစ်ပေါ်ခဲ့သော ကလေး ၆၁ ဦး သေဆုံးခဲ့ရသည့် အမျိုးအမည်မသိ ရောဂါဆန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 အဆိုပါစုံစမ်းစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော် ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ရောဂါသည် ပြင်းထန်သော အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး အာ ရုံကြောဆိုင်ရာ ရောဂါလက္ခဏာရပ်များ ကို တွေ့ရှိရသည်ဟုဆိုသည်။ ယနေ့အထိ အဆိုပါရောဂါကြောင့် ဆေးရုံတင်ခဲ့သော ကလေး ၆၂ ဦးအနက် ၆၁ ဦးမှာ သေဆုံး သွားသည်ဟုဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ ကန်သာဘိုဖာကလေးဆေးရုံ က ကျန်းမာရေးဝန်ကြီးဌာနသို့ သတိပေး နှိုးဆော်ချက် ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆို ပါ အမျိုးအမည်မသိရောဂါသည် ကိုယ်ပူ ရှိန်မြင့်တက်ခြင်းဖြင့် စတင်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာနှင့် အာရုံကြောဆိုင် ရာ ရောဂါလက္ခဏာရပ်များဖြစ်ပေါ်ကာ အသက်ရှူစနစ်ဆိုင်ရာ လုပ်ငန်းဆောင်တာ များ အလျင်အမြန် ချို့ယွင်းသွားခဲ့သည် ဟုဆိုသည်။ အဆိုပါရောဂါသည် ကမ္ဘော ဒီးယားနိုင်ငံ တောင်ပိုင်းမှလာပြီး ဇာစ်မြစ် ကို ယခုတိုင် မသိရသေးဟုဆိုသည်။
Tuesday, August 21, 2012
ရယ်မောခြင်းအပိုင်းအစများ
    ဆရာဝန်က လူနာကိုစမ်းသပ်ကြည့်ပြီးနောက်...
    "ခင်ဗျားအသည်းက အားနည်းနေတယ်။ အသည်းအားဆေးတွေ သောက်ရမယ်။ ဒါနဲ့ ခင်ဗျား အရက်ကော သောက်တတ်သလား"
    "ဟုတ်ကဲ့"
    "မဖြတ်နိုင်ဘူးလား"
    "ရုတ်တရက်တော့ ဖြတ်ဖို့မလွယ်ဘူးဆရာ"
    "ကောင်းပြီ။ ဒါဆို လျှော့သောက်ရမယ်။ တစ်နေ့ကို ၂ယူနစ်ထက် ပိုမသောက်ပါနဲ့"
    နောက်တစ်လခန့်ကြာသောအခါ လူနာဖြစ်သူသည် ဆေးခန်းသို့ ပြန်ရောက်လာသည်။
    "မသက်သာဘူးဆရာ"
    ဆရာဝန်က စမ်းသပ်ကြည့်ပြီး...
    "ဟင်.. အသည်းက ပိုပြီးတော့တောင်ဆိုးလာသေးတယ်။ ကျွန်တော့်စကား နားမထောင်ဘူးထင်တယ်"
    "ဆရာညွှန်ကြားချက်ကို အတိအကျလိုက်နာပါတယ်။ ဆရာက တစ်နေ့ နှစ်ယူနစ်ထက် ပိုမသောက်ရဘူးဆိုလို့ ဘီယာနှစ်ဂျားပဲသောက်တာပါ"
ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…
နောင်နှစ်ပေါင်း ( ၂၀ ) မှာ ကိုယ်ရဲ့ပုံစံဘယ်လိုဆိုတာ ကြည့်လိုက်ရအောင်နော်
Posted by ထက်ထက် on August 3, 2012 at 11:30am
သူငယ်ချင်းတို့ရေ အခုရုပ်ရည်ကနေ နောင်နှစ်ပေါင်း ၂၀ ဆိုရင် ဘယ်လိုရုပ်ရည်မျိုးဖြစ်လာမလဲ မသိဘူးနော် .. သူငယ်ချင်းတို့တော့မသိဘူး ....... ထက်ထက်တော့အရမ်းသိချင်လာပြီ.. 
သူငယ်ချင်းတို့လည်း သိချင်တယ်ဆိုရင် Click >>   ဒီနေရာကို သွားကြည့်လိုက်ရအောင် 
ဒီလို လေးကျလာလိမ့်မယ်  အဲဒိကနေ ပုံမှာပြထားတဲ့ အတိုင်း ဆက်ပြီး သွားလိုက်ပါ ..
Facebook Smiley Codes
Cool Facebook Smiley Codes for Ultimate Fun :)
အဝေးသို့
အလွမ်း ကိုယ်ယောင်ဖျောက်ပြီး
အချစ်တွေ မြင်ယောင်ခဲ့တာပါ
အရာရာဟာ
အိပ်မက်လို ပြိုကွဲတတ်မှန်း
အစကတော့
တကယ့်ကို မသိခဲ့ဘူး ….
အဝေးကို
လှည့်ထွက် ချန်ရစ်ခဲ့ပြီးမှတော့
ဘာကို တမ်းတလွမ်းဆွတ်ရဦးမလဲ ….
ထားခဲ့တော့
ဆိတ်သုဉ်းသွားတဲ့
မြတ်နိုးမှု ခေတ်ပျက်ကြီးထဲ
မျှော်လင့်ချက်အသစ်တွေ
ထပ်မွေးဖွားတော့မှာ မဟုတ်တော့တာ
သေချာနေတာပဲ ….
ချစ်သူအတွက် အမှာစာ…
ဝေးနေတဲ့အချိန်တိုင်း…
အမြဲတမ်းသတိရနော်…
သတိရတိုင်းလည်း တွေ့ခွင့်မရချိန်မှာ
ရင်ခုန်သံတွေ ပြန်ကြားယောင်နော်……..
ရင်ခုန်သံတွေမကြားနိုင်ချိန်မှာ….
အိပ်မက်တွေထဲ ထည့်မက်နော်…..
အိပ်မက်တွေထဲ မပါနိုင်ချိန်မှာ..
မသိစိတ်တွေထဲက လွမ်းနေနော်…
လွမ်းနေတဲ့ အချိန်တိုင်းလဲ
တိုးတိုးပြီး ချစ်နော်…….
ငါတို့နှစ်ယောက် ဝေးနေကြချိန်မှာ…..
အရင်ထက်ပိုပြီး သစ္စာရှိပေးပါနော်…………။               ။
P.S.လွမ်းဆွတ်သတိရခြင်းများစွာဖြင့်…. အဝေးးးတနေရာစီမှ ချစ်သူသို့တမ်းတလျက်…..
နင်မှမသိတာ..
တမြေစီမမြင်နိုင်ချိန်
ရင်ခုန်သံချင်းဝေးနေချိန်
ယုယမှုတွေမပေးနိုင်ချိန်
ကြင်နာမှုတွေမပြနိုင်ချိန်
လွဲမှားမှုတစုံတရာကြား
ခံစားချက်တွေအေးခဲသွားမှာစိုးလို့…..
အရူးတစ်ယောက်လို ဆုတောင်းနေရတာ
နင်မှမသိတာ…
အချစ်ကြောင့်ဖြစ်တဲ့ ငါ့အတ္တနဲ့
ငါ့ကိုယ်ငါမီးမြှိုက်ပြီး
တစ်ဖတ်သတ်ကြီးလွမ်းခဲ့တော့
မီးလောင်ရာလေပင့်ခဲ့သလို
တမြေ့မြေ့နဲ့လောင်ကျွမ်းနေရတာ
နင်မှမသိတာ………
အလွမ်းမပါသော ကဗျာ
အလွမ်းမပါသော ကဗျာ
ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။
ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။
ချက်တင်ချစ်သူအတွက် အမျက်ဖြေ
ဟို ရှေးရှေးတုန်းကပေါ.နော်
ကိုယ်ပြုမိတဲ.အပြစ်အတွက်
အသက်ဘေးကလွတ်အောင်
အမျက်ဖြေကဗျာတွေးရေးဆက်လို.
အရှင်သခင်တွေထံ
တောင်းပန်ရပါသတဲ.။
မြင်ရကြားရတဲ.ခဏလေး
ပေါ်လာတဲ.အတွေးကို
ကျနော်ကတော.အပျော်သဘော
ခပ်သောသောလေးနဲ.
“ချက်တင်ချစ်သူ”လို.အမည်ပေး
ကဗျာလေးကိုရေးလိုက်မိပါတယ်။
ဖတ်မိတဲ.သူအများထဲမှာ
ကျနော်တွေ.လိုက်ရတဲ.
အပျော်သဘောနဲ.ခပ်ရဲရဲ
“မသိဘဲကဲသူများကတစ်ဖွဲ.”
Monday, August 20, 2012
မြေပဲ
 ကျွန်တော်တို့ အိမ်နောက်ဖေးတွင် မြေကွက်လပ်တစ်ခု ရှိပါသည်။
'ဒီမြေကွက်လပ်လေးကို အလကားပစ်ထားရတာ နှမြောပါတယ် ကွယ်။ ငါ့သားတွေကမြေပဲကြိုက်ကြတယ် မဟုတ်လား။ ဒီတော့ ဒီမြေကွက်လပ်လေးပေါ်မှာနည်းနည်းစိုက်ရရင် မကောင်းဘူးလား' ဟု အမေက ပြောပါသည်။
ကျွန်တော်တို့ကလေးတစ်သိုက်နှင့် အိမ်ဖော်မကလေးများမှာ ဝမ်းသာနေကြပါသည်။
အချို့က မျိုးစေ့များကို ယူလာခဲ့ကြပါသည်။ အချို့က မြေကို တူးဆွ၍ရေလောင်းကြပါသည်။ လအနည်းငယ်အတွင်းတွင် ကျွန်တော်တို့ အသီးအပွင့်ရခဲ့ပါသည်။
'တို့များ ဒီညနေ ကောက်သိမ်းပွဲအထိမ်းအမှတ် လုပ်ကြရအောင်၊ တို့စိုက်ထားတဲ့ မြေပဲလတ်လတ် ဆတ်ဆတ် ကလေးတွေ မြည်းကြည့်ရအောင်၊  မင်းတို့ အဖေကိုလည်း ဖိတ်ရမယ်'
 ကျွန်တော်တို့အားလုံး သဘောတူကြပါသည်။ အမေက မြေပဲပါသည့်
စားသောက်ဖွယ်မျိုးစုံကို လုပ်ပါသည်။ အထိမ်းအမှတ်ပွဲကို ခြံထဲက
သက်ငယ်တဲကလေးထဲတွင် လုပ်ဖို့လည်း ပြောပါသည်။
ထိုနေ့ညပိုင်းက ရာသီဥတုမှာ များစွာမကောင်းလှပါ။ သို့ရာတွင်
အဖေကိုယ်တိုင်ပင် ရောက်လာပါသည်။ အဖေသည် လာခဲလှပါသည်။
တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း
စိတ်တွေမှုန်မှိုင်းလို့
ကျွန်မချစ်သူအွန်လိုင်းမလာ
ရီစရာတွေပျောက်
ကျွန်မချစ်သူအွန်လိုင်းပေါ်က ခုန်ပေါက်ထွက်ပြေး
တစ်ချက်လေးတောင်မတွေ့ရ
အော် အဖြစ်ရယ်
မနှစ်ကနဲ့မတူပါလား
သတိရစရာကိုပြန်တွေး
ကျွန်မချစ်သူနဲ့ချက်တာလေးတွေကိုပေါ့
ဟင့် ...........ခုများတော့
ကံကြမ္မာက အပိုးမကျိုး
ချစ်သူနင်ဘယ်သဝေထိုးနေလဲဟ
အွန်းလိုင်းကမျှော်ရတာ
တကယ်ဘ၀မှာ ရင်နာတယ်
ဒါကြောင့် ........
ကဗျာဖတ်သူများ
တွေ့ရင်ပြောပေး
ဆုကြေးပေးပါ့မယ်
လက်ခံသိမ်းထားသူအား
တည်ဆဲရှိတဲ့ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း......
ငပျင်း
တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကို
ငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။
သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။
နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်း
သူ့ကိုလက်ဆောင်ပေးသေးတယ်။ ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး
ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေက
ပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ၀ဖီးလာတယ်။ ဒါနဲ့ ရွာသားတွေက
မကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့
သူ့နွားကလွဲရင် ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။
ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေက
သူ့ကိုသတ်ပစ်ချင်ကြတာပေါ့။ သူကြီးက သက်ညှာသောအားဖြင့်
သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့
ငပျင်းလည်း" နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ"
လို့တောင်းတယ်။ ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။
အချစ်အကြောင်း ဒုတိယံမ္မိကဗျာ . . .
အချစ်အကြောင်း သိပ်မရေးချင်ဘူးကွယ်
ကိုယ့်ကဗျာကိုယ် ပြန်ဖတ်မိတိုင်း
ကိုယ့်ကို ကိုယ် ငကြောင်တစ်ယောက်လိုမြင်လို့  . . .
ဘာလဲ ရင်ဘတ်ထဲမှာ တဆစ်ဆစ်မြည်မှ အချစ်လား
မြင်တွေ့ရုံနဲ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်အိုင်မှ အချစ်လား
ခြေမကိုင် လက်မကိုင် ကတုန်ကရီ ဖြစ်မှ အချစ်လား
မဟုတ်ပါဘူး ကလေးရယ်
အနားမှာနေရတဲ့ တခဏဟာ တစ်ဘ၀တာ
ဟောဒီလောက ဟာ မှောင်နေရက်နဲ့ မင်းအကြောင်းတွေးတာနဲ့
အလင်းဖြစ်တဲ့ နေ့တွေလည်း ရှိရဲ့ . . .
ပေါ့ ပေါ့ ပါး ပါး ပေါ့
ဟောဒီရင် ထဲမှာ ထမ်းထားရတာက လေးလေးနင့်နင့်
အတူရှိတဲ့ အချိန်တိုင်း နတ်ပြည်နဲ့ ငရဲခန်းကို ၀င် . . .
ချစ်တယ် ချစ်တယ် ချစ်တယ်
မတည်မြဲမှန်းသိရဲ့နဲ့ မင်း အပြုံးကိုချစ်တယ်
မင်း မျက်ဝန်းကိုချစ်တယ်
မင်း နုတ်ခမ်းကို ချစ်တယ်
ရိုင်းရိုင်းပြောရရင် မင်းခန္တာကို ချစ်တယ် . . .
ဘာဆက်ရေးရမှန်း မသိတော့ဘူးကွယ်
ဒီတော့ ကိုယ့် ခန္တာမှာ ကိန်းအောင်းနေတဲ့ ဂါထာတစ်ပုဒ်ကိုပဲ ရွတ်လိုက်မယ်
ချစ်တယ် ချစ်တယ် ချစ်တယ် . . .
မပြောကောင်း မဆိုကောင်း
တို့တွေ အခုလိုမဟုတ်ပဲ တကယ်ဝေးသွားရင်တောင်
ကိုယ့် နုတ်ခမ်းက ပြတ်တယ် ဆိုပေမယ့်
ဟော ဒီရင်ထဲမှာ ချစ်တယ် ချစ်တယ် ချစ်တယ် . . .
ချစ်တယ် ချစ်တယ်  ချစ်တယ် . . .
 မာဃလုလင်
ငါ ရေး တဲ့  ကဗျာ
တစ် ခါ တစ် ခါ
ကဗျာ ဆရာ တောင် မဖြစ် ချင် တော့ လောက် အောင်
ငါ…ကာ ရန် တွေ ကို မုန်း မိ တယ်၊
ရင် ခုန် သံ တွေ ဆိတ် သုဉ်း
အရှုံး တွေ ပွေ့  ပိုက်
ငါ စတေး လိုက် ရတဲ့  သံယောဇဉ် တွေ
ငါ တွေး လိုက် ရတဲ့  ပယင်းရောင်
မျက်ရည် စက် တွေ နဲ့ 
ငါ မက် ခဲ့  ဖူး တဲ့  ပန်း နု ရောင် အိပ် မက် တွေ…
ရကောင်း စေ ရယ် လို့  လည်း
မသတ် မှ တ် ခဲ့ ပါ ဘူး
ဒါပေ မယ့် 
ငါ့ လက် က ထွက် တဲ့ 
ကဗျာ တစ် ရွက်
ကမ္ဘာ တစ် ဖက် မလင်း လက် နိုင် ရင် တောင်
မှောင် နေ တဲ့  ငါ့ အခန်း လေး
အလွမ်း တေး တစ် ပုဒ် နဲ့  နွေး ချင် တယ်….။  ။
Sunday, August 19, 2012
မြန်မာ Flash သီချင်းများ နားဆင်ရန်
  1. တို့နှစ်ယောက်အကြောင်း    
  2. ရုပ်သေးရုပ်    
  3. ဒီမိုးသည်းချိန်တိုင်းမှာ  
  4. ပြန်ဆုံနိုင်ဦးမလား    
  5. မင်းနဲ့အတူရှိချင်   
  6. ကြွေနေပြီ    
  7. တိုကျိုအိပ်မက်   
  8. မနှုတ်ဆက်ချင်ဘူး  
  9. အာဒံဧ၀   
  10. တောင်းပန်ပါတယ်   
  11. I Love U Baby  
  12. BabY   
  13. Cry On My   
  14. Sailing  
  15. HONEY(အာဇာနည်)     
  16. ကိုယ့်ရဲ့သက်တန့်ငယ်     
  17. အလွမ်းဝင်္ကပါ  
  18.  မ မရှိတဲ့နေ့ရက်များ    
  19. ခါး(အငဲ)    
  20. သိမ်းထားခွင့်   
  21. WeddingDress   
  22. မင်းရှိစေချင်တယ်      
  23. ONLYLOVE    
  24. ကိုယ်ပိုင်တဲ့ကိုယ့်နေရာ    
  25. တန်ဖိုး(လေးဖြူ)     
  26. ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ  
  27. မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) 
  28. မခေါ်ရက်ဘူး    
  30. ဆေးပေးပါ(မျိုးကြီး)  
  31. အသဲကွဲဒီဇင်ဘာ    
  32. အချစ်အိမ်မက်လေး    
  33. ညီမလေးအတွက်  
  34. ရိုမီယိုဂျူးလီးယက်    
  35. Baby Gril   
  36. တော်ပြီနောက့်    
  37. အိပ်မက်ထဲကလူ   
  38. ငါ့နဲ့ မင်း 
  39. အဖြူရောင်သူငယ်ချင်း  
  40. ဖက်ထားမယ်   
  41. အဖြည့်ခံ   
  42. မိုးဘယ်မှာရွာနေလဲ   
  43. ချစ်တယ်ဟုတ်    
  44. Bad girl    
  45. ရင်ခုန်နှစ်သစ် 
  46. မဟာဆန်သူ  
  47. ပန်းချစ်သူ  
  48. မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက်   
  49. တစ်ချိန်က”မ”   
  50.  နှုတ်ဆက်သီချင်း    
  51. OldService   
  52. အဆောင်သူမမ   
  53. ပြော    
  54. သနပ်ခါး    
  55. အချစ်ဝင်္ကပါ   
  56. L.O.V.E(Kg Ma Lay)   
  57. အရင်ကဇတ်လမ်း   
  58. အလွမ်းဝင်္ကပါ   
  59. အလွမ်း   
  60. ရှင်းပြခွင့်ပေးပါ   
  61. Over You 
  62. မိုး   
  63. အနားနားဘေးမှာ  
  64. မင်းကိုသတိရရင်   
  65. ချစ်ခဲ့တာလား ရူးခဲ့တာလား   
  66. အလွမ်းဆုလဒ် 
  67. ကြိုစေချင်တယ်   
  68. ငါ့နေရာ   
  69. Justin Bieber@baby  
  70. Radio ပေးခဲ့တဲအလွမ်း  
  71. ပက်သက်ခွင့်ပြုပါ(Bunny Phyo)   
  72. ကမ္ဘာငယ်လေး  
  73. မသိချင်ယောက်ဆောင်မျက်နှာလွဲ   
  74. ခိုနားရာ 
  75. ကောင်ကလေးကကောင်မလေးကို   
  76. ထာဝရပက်သက်ခွင့်ပြုပါ  
  77. ကွာခြားမူ 
  78. အရိပ်ပမာ     
  79. Never Say Never  
  80. never say never2   
  81. စိတ္တဇညဆိုးများ  
  82. သူငယ်ချင်း   
  83. အဝေးကချစ်သူ  
  84. ကိုယ်တယောက်ထဲ 
  85. လွမ်းဆဲပါ  
  86. ကမ္ဘာငယ်လေး  
  87. အမုန်းလက်ဆောင်  
  88. KissMe  
  89. Celion  
  90. ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ  
  91. မျှော်လင့်ဆဲ(ထက်ယံ)  
  92. အပြစ်မမြင်ပါဘူး 
  93. baby(mc wai lin)
  94. ဘယ်သူ့အတွက်လဲ(ထက်ယံ)  
  95. မမ  
  96. နတ်သမီးလေး 
  97. ခိုနားရာ  
  98. ဘယ်ပန်းချီရေးလို့မမှီ  
  99. အဝေးရောက်နေသော်လည်း  
  100. ပြန်မဆုံဖြစ်ကြရင်  
  101. တကယ့်ပုံပြင်  
  102. ဟန်ထွန်း =လွမ်းသူအကြောင်း ဖက်ထားးမယ်  
  103. Angel နတ်သမီး  
  104. သူငယ်ချင်းအချစ် 
  105. ကမ္ဘာငယ်  
  106. ရင်ဘတ်ထဲကလူ  
  107. အဝေးကချစ်သူ  
  108. ငါမင်းအတွက်  
  109. FavoriteGirl  
  110. ငါဝအောင်ငိုမယ် 
  111. ငရုပ်သီး 
  112. မင်းပြန်လာမဲ့ရက်  
  113. SomebodyToLove  
  114. ဖွဲမီး 
  115. ကောင်းကင်မေမေ  
  116. NEVER BE REPLACED  
  117. အချစ်တန်ခိုး(အာဇာနည်) 
  118. I.M.fd  
  119. RIGHT HERE WAITING FOR YOU  
  120. YMBG GROUP 
  121. ချစ်တယ် 
  122. မင်းနဲ့အတူတူ 
  123. မဆုံနိုင်ခြင်း(ညီမှူးအိမ်)  
  124. တစ်ကယ့်ပုံပြင်-ရိုးရာ မိုး-ရိုးရာ မျက်နာ  
  125. လပ္ပပ်ါပဲါကဆံင်(မွန်သီချင်း)  
  126. ပူစူး=တစ်မိုးအောက် 
  127. ကြိုးကြာ=တိတ်တိတ်လေး 
  128. ဘယ်သူ့အတွက်လဲ မေ့လို့မရသေးဘူး ဒို့နှစ်ယောက်  
  129. မဝေးတဲ့ချစ်ခြင်း(Nကိုင်ရာ)  
  130. ငါဝအောင်ငိုမယ်၂ 
  131. နင်မေ့လို့ရပြီလား  
  132. ၁၆နှစ်အချစ်  
  133. မေ့လိုက်  
  134. အမြဲရှိနေပါ-ရဲလေး