Wednesday, July 25, 2012

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….




Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။
ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။

Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။
ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။

နင် မသိပါဘူး...နင် မသိချင်ခဲ့ ပါဘူး...

***နင့်ကိုငါဘယ်လောက်လွမ်းနေလဲနင်မသိပါဘူး***

ဆုံနိုင်ခွင့်တွေ ဝေးလို့
ကဗျာလေးတွေ ချရေးတဲ့ အခိုက်
သတိရစိတ်က ပိုတိုးတိုးလာ
... အချစ်ဆိုတာ အလွမ်းရဲ့အစလား...

ဒဏ်ရာတွေနဲ့ ညနေ အိပ်မပျော်နဲ့ ည
မိုးရွာမလား ကောင်းကင်ကို ငေးကြည့်ပြန်တော့လဲ
တိမ်တွေ ကင်းစင်နေတယ်....

ဖြစ်ခွင့်ပေးပါ

ကိုဟာဘောပင်လေးတစ်ချောင်း ဖြစ်ခဲ့မယ်ဆိုရင်ပေါ့...........................
ကောင်မလေးဆန္ဒရှိရာ ရေးသားနုင်ရေးအတွက်.................................
ကိုယ့်ရဲ့ နှလုံးသွေးတွေကို မှင်ရည်အဖြစ်နဲ့ အသုံးပြုနုင်ပါတယ်...............
ဒါပေမယ့်.................................................................................
မှင်ကုန်သွားတဲ့ ဘောပင်လေးဟာ တစ်ချိန်ချိန်မှာစွန်ပစ်ခြင်းကိုခံရမှာပါ.....

မိန်းမဆို ကြောက်ပါပြီး

ချစ်လွန်းလို့ အလိုက်

ရက်ဆက်တက်တဲ့ မိန်းမမျိုးကို

ချစ်ပေမယ့်လည်း စပ်စုမိတယ်........

ဘဝကို တောင်ပေးထားတဲ့ငါက

နောက်ဆုံးတော့လည်း ရူးရင် ရူးရင် ရူးပြီး

လူတွေနဲ့ အဆင်ပြေတဲ့ငါ

မင်းနဲ့ တွေ့မှ

ပတ်ဝန်းကျင်နဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့တယ်

Saturday, July 21, 2012

သူ့ကြောင့် – ဒီရေလှိုင်း

သူ့ကြောင့်

ပူရှိန်ပြင်းပြင်း

ရှင်နေမင်းဟာ

လ၀န်းစန္ဒာ

အေးရိပ်ဖြာလို့

ကမ္ဘာပေါ်ကျ

လှပသွားတယ် ။

သူ့ကြောင့်

မနက်ဖြန်လေးတစ်ခုပါပဲ

ကျန်းမာရေး ဂရုစိုက်ပါ…..
ငိုမနေပါနဲ့ သူများတွေ ကြည့်ကုန်ပြီ…။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေနော်
စိတ်မညစ်နေနဲ့ အလုပ်ကိုထိခိုက်မယ်…။

အချိန်တိုင်းသတိရနေဖို့မလိုဖူး
ခလုတ်တိုက်မိတိုင်း ကိုယ်လွမ်းနေလို့
ခလုတ်တိုက်မိတာလို့ပဲ ခံစားပေးနော်
အဲ့လောက်ဆိုရပြီ..။

လက်ဆင်

ရည်မှန်းချက်မှာ
စုန်းစုန်းမြုပ်
ပါဝါမျက်မှန်တစ်လက်က
အသက်လောက်တော့
ထူထူ ရယ် …
ဘ၀မှာ နေကြည့်ရင်းက
အဆုံးသတ်ကို တွေးကြည့်မိတော့
ငါ့ နှလုံးသားဟာ
မီးမြိုက်နေပါ ပေါ့လား…။

ချစ်သူအိမ်မက်

ကောင်မလေးရယ်

မင်းကို ချစ်ခဲ့တဲ့စိတ်က

ဘယ်လိုမှ ထိန်းလို့မရအောင်

ရူးရူးမူးမူး ဖြစ်ခဲ့ရတယ်

စားလည်း မင်းမျက်နှာလေး

သွားလည်း မင်းမျက်နှာလေး

ညအိပ်တဲ့အခါတောင်

ကောင်မလေးရေ

ကောင်မလေးရေ..............

မင်းအကြည့်တစ်ချက်နဲ့တင်

ငါ့နှလုံးသားမြေခ ကြွေကျခဲ့ရပြီ

ချစ်တယ်လို့

ပြောခွင့်မရှိတဲ့ အခြေအနေမှာ

မင်းက အလှတရားတွေ ပိုင်ဆိုင်လွန်တော့

ပိုပြီး အားငယ်မိတယ်ကွာ

ရွှေအိမ်စံရှင် မင်းသမီးလေးကို

ချစ်ခဲ့တော့လည်း

မင်းလေးကိုအရမ်းချစ်လို့

ကောင်မလေး မင်းကို

ပစ်ထားခဲ့တယ်ဆိုတာ မချစ်လို့မဟုတ်ပါဘူး

မင်းလေးကို အရမ်းချစ်လို့ ပစ်ထားခဲ့ရတာပါ

မင်းကို မုန်းခဲ့တယ်ဆိုတာလည်း မချစ်လို့မဟုတ်ပါဘူး

အရမ်းချစ်လို့ မမုန်းချင်ပဲနဲ့ မုန်းခဲ့ရတာပါ

မင်းရဲ့ မိဘတွေကြောင့် ကိုယ်မလုပ်ချင်ဆုံးအရာကို

ကိုယ်လုပ်ခဲ့ရတာ

မင်းလေးကို မပစ်ချင်ဘဲနဲ့ ပစ်ခဲ့ရတယ်

မမုန်းချင်ဘဲနဲ့ မုန်းခဲ့ရတယ်

Tuesday, July 17, 2012

ငါရဲ့ ဆန္ဒ

မင်းအတွက်နဲ့

ငါ့ဘဝတစ်ခုလုံးကိုပေးအပ်ခဲ့တယ်

မင်းအတွက်ဆို 

ငါဘာတွေပဲ ဖြစ်နေဖြစ်နေ ဖြည့်ဆည်းပေးခဲ့တယ်

မင်းဖြစ်ချင်ခဲ့တဲ့ လိုအင်ဆန္ဒမှန်သမျှကို

ငါမရရအောင် လိုက်လျောပေးခဲ့တယ်

မင်းအတွက် ငါအမြဲတမ်းအနစ်အနာခံခဲ့တဲ့သူကို

တစ်ချက်လောက် မင်းပြန်လှည့်ကြည့်ပေးပါ

Monday, July 16, 2012

တကယ်ပါချစ်သူ….

ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။
မြှားတစ်စင်းဆင်ရုံလေးနဲ့တော့
မကျီစားပါနဲ့…ချစ်သူရယ်….
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို
အခါခ်ါခေါက်သိမ်းရင်း…
မြတ်နိုးမှုသက်သက်နဲ့တင်
ကျေနပ်မိသူတစ်ယောက်ကိုမှ
အလွမ်းတွေ…ပန်းလိုသီဖို့

ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။

ဖြတ်မျဉ်း..။

ဘ၀ဆိုတာ……..
တစ်ခါတစ်လေ  နေပျော်တယ်,,,,,,,,,,
တစ်ခါတစ်လေ  ငြီးငွေ့တယ်,,,,,,,,,,
လမ်းတစ်ခုလိုပဲ  သာယာလိုက် မသာယာလိုက် ,,,,,,,,,,
ငှက်တိုင်းဟာ  ဥပေါက်စဘ၀မှာ အမွှေးမစုံဘူး…။
လူတိုင်းဟာလဲ မွေးစဘ၀မှာ  အတွေးမစုံဘူး…။
…….
ဒီလိုနဲ့,,,,,,,,,,
ငှက်တွေက  သီချင်းဆိုတတ်လာမယ်…….။
လူတွေက ခံစားမှု ပိုတတ်လာမယ်…။